UNICODE VERSION
ငယ်ငယ်ရွယ်ရွယ်နဲ့ သေဆုံးသွားတဲ့ အနုပညာရှင်တွေရဲ့ ဒီဖြစ်ရပ်ဟာ ကိုရီးယားဖျော်ဖြေရေးနယ်ပယ်မှာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။
မင်းသမီး Park Jin Hee တင်သွင်းသော thesis စာတမ်းတွင် ကိုရီးယားသရုပ်ဆောင် 40 ရာခိုင်နှုန်းခန့်သည် အသက်ရှင်ရသည်မှာ ပင်ပန်းလွန်းသောကြောင့် သေမည်ဟုထင်ကြောင်း ဖော်ပြခဲ့တယ်လို့ စာတမ်းတစ်ခုမှာဖော်ပြခဲ့ပါတယ်။ နောက်ထပ် 30 ရာခိုင်နှုန်းက သူတို့သည် ယခင်က မိမိကိုယ်ကို သတ်သေရန် အလေးအနက် စဉ်းစားခဲ့ကြသည်ဟု ဆိုပါတယ်။
အကြောင်းပြချက်တွေကတာ့ အကာအကွယ်မရှိတဲ့ ကိုယ်ရေးကိုယ်တာ ၊ အန္တရာယ်ရှိသော မှတ်ချက်များ၊ မတည်ငြိမ်သော ၀င်ငွေများနှင့် အနာဂတ်အတွက် စိုးရိမ်ပူပန်မှုများ” တို့ကြောင့်ပဲဖြစ်ပါတယ်။
အခုဖော်ပြပေးမှာကတော့ မိမိကိုယ်ကို သေကြောင်းကြံစည်ကာ သတ်သေခဲ့ကြတဲ့ ကိုးရီးယား မင်းသမီး ၅ ယောက်ပဲဖြစ်ပါတယ်။
Choi Jin Sil (1968 – 2008) 40 year


တောင်ကိုရီးယားမင်းသမီးတစ်ဦးဖြစ်တဲ့ Choi Jin Sil ကတော့ ၂၀၀၈ ခုနှစ်တွင် ကြိုးဆွဲချသတ်သေခဲ့တာပဲဖြစ်ပါတယ်။ သူမသည် ရုပ်ရှင်နှင့် ဒရာမာ များစွာတွင် ရေပန်းစားနေသည့်အပြင် အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင် အတွက် 33 ကြိမ်မြောက် Grand Bell Award ကို ရရှိခဲ့သောကြောင့် “The Nation’s Actress” ဟုခေါ်တွင်ခဲ့ရတဲ့သူတစ်ယောက်ပါ။
၁၉၉၄ ခုနှစ်တွင် သူမရဲ့ မန်နေဂျာ ဖြစ်သူရဲ့ အသတ်ခံရမှုကို မျက်မြင်တွေ့ခဲ့ရတာပဲဖြစ်ပါတယ်။ အဲ့နောက်မှာတော့ ခင်ပွန်းဖြစ်သူနှင့် ကွာရှင်းပြတ်စဲသည့် ၂၀၀၄ ခုနှစ်အထိ မင်းသမီး Choi Jin Sil ဟာ အိမ်တွင်အကြမ်းဖက် မှုဒဏ်ကိုလည်းခံခဲ့ရပါတယ်။ သူမ ကိုယ်တိုင် သတ်သေခဲ့ရတဲ့အကြောင်းတွေကတော့ အွန်လိုင်းပေါ်တွက သူမကို ချုံချကြတဲ့ အတင်းအဖျင်းတွေနဲ့ ကွာရှင်းထားသောမိခင် တစ်ယာက်အဖြစ် စိတ်ဖီစီးမှုတွေဖြစ်ခဲ့လို့ပဲဖြစ်ပါတယ်။
Jeon Mi Seon (1970 – 2019) 49 year



Jeon Mi Seon ဟာ ကိုရီးယား ဖျော်ဖြေရေးနယ်ပယ်မှာ ဆုတံဆိပ်ပေါင်းများစွာကို ရရှိခဲ့တဲ့ တောင်ကိုရီးယား မင်းသမီးတစ်ဦးပါ။ သူမသည် Hwang Jini၊ Hide and Seek နှင့် The Return of Hwang Geum-bok တို့တွင် သူမ၏သရုပ်ဆောင်ချက်များကြောင့် လူသိများပါတယ်။
2019 ခုနှစ် ဇွန်လတွင် ကိုယ့်ကိုယ်ကိုယ်သတ်သေမှုဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ရပါတယ်။ ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးမှုများအရ Jeon သည် သူမ၏မိခင်၏ဖျားနာမှုနှင့် ဆွေမျိုးများထဲမှတစ်ဦး ဆုံးပါးသွားခြင်းကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်ခဲ့ကြောင်း သိရပါတယ်။ Jeon ရဲ့အေဂျင်စီကလည်း မင်းသမီးဟာ စိတ်ကျရောဂါခံစားနေရကြောင်း အတည်ပြုခဲ့ပါတယ်။
Choi Sulli (1994 – 2019) 25 year



f(x) အဖွဲ့ဝင်ဟောင်းနှင့် သရုပ်ဆောင်မင်းသမီး Choi Sulli သည် 2019 ခုနှစ် အောက်တိုဘာလ 14 ရက်နေ့တွင် ၎င်း၏ တိုက်ခန်းတွင် မိမိကိုယ်ကို သတ်သေမှုဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြပါတယ်။ နှစ်တွေကြာလာတာနဲ့အမျှ Sulli ဟာ ကိုရီးယားအင်တာနက်အသုံးပြုသူတွေရဲ့ ဝေဖန်မှုတွေ ကိုအဆက်မပြတ်ခံခဲ့ရပါတယ်။
Sulli ဟာ စိတ်ကျရောဂါနဲ့ ရုန်းကန်နေရတယ်လို့လည်း သတင်းတွေထွက်ပေါ်လာပါသေးတယ်။ 2018 တွင်၊ Sulli သည်အကြောက်လွန်ရောဂါနှင့် ထိတ်လန့်တုန်လှုပ်ချောက်ချားမှုများနှင့် ကြုံတွေ့နေရကြောင်း ဖွင့်ဟခဲ့ပါတယ်။
Jeong Da Bin (1980 – 2007)၊ 27 year


Jeong Da Bin သည် အသက် 26 နှစ်မှာသေဆုံးခဲ့တာပဲဖြစ်ပါတယ်။ 2007 ခုနှစ်တွင် သူမ၏ ချစ်သူအိမ်ရှိ ရေချိုးခန်းထဲတွင် မိမိကိုယ်ကို ကြိုးဆွဲချ သတ်သေခဲ့တဲ့ တောင်ကိုရီးယား မင်းသမီး တစ်ဦးဖြစ်ပါတယ်။
သူမရဲ့ အသက်မွေးဝမ်းကြောင်းအလုပ် ရဲ့ အဆင်မပြေမှုများကြောင့် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတယ်လို့ ထင်ကြေးပေးမှုတွေလည်း ရှိနေခဲ့ပါတယ်။
Daul Kim (1989 – 2009) 20 year


Kim Daul သည် အသက် 20 နှစ်တွင် မိမိကိုယ်ကို သတ်သေခဲ့သော တောင်ကိုရီးယား မော်ဒယ်နှင့် ဘလော့ဂါတစ်ဦးဖြစ်ပါတယ်။ 2009 ခုနှစ်တွင် Kim သည် မိမိကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေကြောင်း စာရွက် ချရေးထားခဲ့ပါတယ်။
သူမသည် အထီးကျန်ခြင်း၊ အိပ်မပျော်ခြင်း နှင့် စိတ်ဓာတ်ကျခြင်းတို့ကို ခံစားနေရပြီး ဖက်ရှင်လုပ်ငန်း၏ တောင်းဆိုချက်များကို အမှီလိုက်နိုင်ခြင်း မရှိ ဖြစ်နေကာ စိတ်ဖီစီး ကာ စိတ်ဓာတ်ကျခဲ့တာပဲဖြစ်ပါတယ်။ သူမရဲ့ ဘလော့ဂ် တစ်ခု တွင် “၊ စိတ်ဓာတ်ကျပါက ရူးသွပ်စွာ အလုပ်ပိုလုပ်သည်” ဟုလည်း ဖော်ပြခဲ့ဖူးပါတယ်။
ဘ၀ဆိုတာ ဖြတ်လျှောက်ရင်းနဲ့ ပင်ပန်းလာတဲ့အခါမှာ ဒူးထောက်ပြီး အရှုံးပေးမယ့်အစား စိတ်သက်သာရအောင် အနားယူဖို့အရေးကြီးပါတယ်။ ဖြည်းဖြည်းမှန်မှန်နဲ့ ကြိုးစားပြီး ရခဲလှတဲ့ ဘ၀မှာပျော်ရွှင်မှုကလည်းအရေးကြီးပါတယ်။ အခြားသူတွေရဲ့ ပြောစကားတွေကြောင့်စိတ်ညစ်ခံမနေဘဲ ကိုယ်ကိုတိုင်ပျော်ရွှင်မှုကို ရှာဖွေနိုင်ကြပါစေလို့မျှော်လင့်ပါတယ်နော်။
ZAWGYI VERSION
မိမိကိုယ္ကို သတ္ေသခဲ့ၾကတဲ့ ကိုးရီးယား မင္းသမီး (၅)ေယာက္
ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေသဆုံးသြားတဲ့ အႏုပညာရွင္ေတြရဲ႕ ဒီျဖစ္ရပ္ဟာ ကိုရီးယားေဖ်ာ္ေျဖေရးနယ္ပယ္မွာ အသစ္အဆန္းေတာ့ မဟုတ္ပါဘူး။
မင္းသမီး Park Jin Hee တင္သြင္းေသာ thesis စာတမ္းတြင္ ကိုရီးယားသ႐ုပ္ေဆာင္ 40 ရာခိုင္ႏႈန္းခန႔္သည္ အသက္ရွင္ရသည္မွာ ပင္ပန္းလြန္းေသာေၾကာင့္ ေသမည္ဟုထင္ေၾကာင္း ေဖာ္ျပခဲ့တယ္လို႔ စာတမ္းတစ္ခုမွာေဖာ္ျပခဲ့ပါတယ္။ ေနာက္ထပ္ 30 ရာခိုင္ႏႈန္းက သူတို႔သည္ ယခင္က မိမိကိုယ္ကို သတ္ေသရန္ အေလးအနက္ စဥ္းစားခဲ့ၾကသည္ဟု ဆိုပါတယ္။
အေၾကာင္းျပခ်က္ေတြကတာ့ အကာအကြယ္မရွိတဲ့ ကိုယ္ေရးကိုယ္တာ ၊ အႏၲရာယ္ရွိေသာ မွတ္ခ်က္မ်ား၊ မတည္ၿငိမ္ေသာ ၀င္ေငြမ်ားႏွင့္ အနာဂတ္အတြက္ စိုးရိမ္ပူပန္မႈမ်ား” တို႔ေၾကာင့္ပဲျဖစ္ပါတယ္။ အခုေဖာ္ျပေပးမွာကေတာ့ မိမိကိုယ္ကို ေသေၾကာင္းႀကံစည္ကာ သတ္ေသခဲ့ၾကတဲ့ ကိုးရီးယား မင္းသမီး ၅ ေယာက္ပဲျဖစ္ပါတယ္။
၁ Choi Jin Sil (1968 – 2008)၊40 year
ေတာင္ကိုရီးယားမင္းသမီးတစ္ဦးျဖစ္တဲ့ Choi Jin Sil ကေတာ့ ၂၀၀၈ ခုႏွစ္တြင္ ႀကိဳးဆြဲခ်သတ္ေသခဲ့တာပဲျဖစ္ပါတယ္။ သူမသည္ ႐ုပ္ရွင္ႏွင့္ ဒရာမာ မ်ားစြာတြင္ ေရပန္းစားေနသည့္အျပင္ အေကာင္းဆုံး အမ်ိဳးသမီးသ႐ုပ္ေဆာင္ အတြက္ 33 ႀကိမ္ေျမာက္ Grand Bell Award ကို ရရွိခဲ့ေသာေၾကာင့္ “The Nation’s Actress” ဟုေခၚတြင္ခဲ့ရတဲ့သူတစ္ေယာက္ပါ။
၁၉၉၄ ခုႏွစ္တြင္ သူမရဲ႕ မန္ေနဂ်ာ ျဖစ္သူရဲ႕ အသတ္ခံရမႈကို မ်က္ျမင္ေတြ႕ခဲ့ရတာပဲျဖစ္ပါတယ္။ အဲ့ေနာက္မွာေတာ့ ခင္ပြန္းျဖစ္သူႏွင့္ ကြာရွင္းျပတ္စဲသည့္ ၂၀၀၄ ခုႏွစ္အထိ မင္းသမီး Choi Jin Sil ဟာ အိမ္တြင္အၾကမ္းဖက္ မႈဒဏ္ကိုလည္းခံခဲ့ရပါတယ္။ သူမ ကိုယ္တိုင္ သတ္ေသခဲ့ရတဲ့အေၾကာင္းေတြကေတာ့ အြန္လိုင္းေပၚတြက သူမကို ခ်ဳံခ်ၾကတဲ့ အတင္းအဖ်င္းေတြနဲ႔ ကြာရွင္းထားေသာမိခင္ တစ္ယာက္အျဖစ္ စိတ္ဖီစီးမႈေတြျဖစ္ခဲ့လို႔ပဲျဖစ္ပါတယ္။
Jeon Mi Seon (1970 – 2019) 49 year
Jeon Mi Seon ဟာ ကိုရီးယား ေဖ်ာ္ေျဖေရးနယ္ပယ္မွာ ဆုတံဆိပ္ေပါင္းမ်ားစြာကို ရရွိခဲ့တဲ့ ေတာင္ကိုရီးယား မင္းသမီးတစ္ဦးပါ။ သူမသည္ Hwang Jini၊ Hide and Seek ႏွင့္ The Return of Hwang Geum-bok တို႔တြင္ သူမ၏သ႐ုပ္ေဆာင္ခ်က္မ်ားေၾကာင့္ လူသိမ်ားပါတယ္။
2019 ခုႏွစ္ ဇြန္လတြင္ ကိုယ့္ကိုယ္ကိုယ္သတ္ေသမႈျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ရပါတယ္။ ရဲတပ္ဖြဲ႕၏ စုံစမ္းစစ္ေဆးမႈမ်ားအရ Jeon သည္ သူမ၏မိခင္၏ဖ်ားနာမႈႏွင့္ ေဆြမ်ိဳးမ်ားထဲမွတစ္ဦး ဆုံးပါးသြားျခင္းေၾကာင့္ စိတ္ပိုင္းဆိုင္ရာထိခိုက္ခဲ့ေၾကာင္း သိရပါတယ္။ Jeon ရဲ႕ေအဂ်င္စီကလည္း မင္းသမီးဟာ စိတ္က်ေရာဂါခံစားေနရေၾကာင္း အတည္ျပဳခဲ့ပါတယ္။
Choi Sulli (1994 – 2019) 25 year
f(x) အဖြဲ႕ဝင္ေဟာင္းႏွင့္ သ႐ုပ္ေဆာင္မင္းသမီး Choi Sulli သည္ 2019 ခုႏွစ္ ေအာက္တိုဘာလ 14 ရက္ေန႔တြင္ ၎၏ တိုက္ခန္းတြင္ မိမိကိုယ္ကို သတ္ေသမႈျဖင့္ ေသဆုံးေနသည္ကို ေတြ႕ရွိခဲ့ၾကပါတယ္။ ႏွစ္ေတြၾကာလာတာနဲ႔အမွ် Sulli ဟာ ကိုရီးယားအင္တာနက္အသုံးျပဳသူေတြရဲ႕ ေဝဖန္မႈေတြ ကိုအဆက္မျပတ္ခံခဲ့ရပါတယ္။
Sulli ဟာ စိတ္က်ေရာဂါနဲ႔ ႐ုန္းကန္ေနရတယ္လို႔လည္း သတင္းေတြထြက္ေပၚလာပါေသးတယ္။ 2018 တြင္၊ Sulli သည္အေၾကာက္လြန္ေရာဂါႏွင့္ ထိတ္လန႔္တုန္လႈပ္ေခ်ာက္ခ်ားမႈမ်ားႏွင့္ ႀကဳံေတြ႕ေနရေၾကာင္း ဖြင့္ဟခဲ့ပါတယ္။
Jeong Da Bin (1980 – 2007)၊ 27 year
Jeong Da Bin သည္ အသက္ 26 ႏွစ္မွာေသဆုံးခဲ့တာပဲျဖစ္ပါတယ္။ 2007 ခုႏွစ္တြင္ သူမ၏ ခ်စ္သူအိမ္ရွိ ေရခ်ိဳးခန္းထဲတြင္ မိမိကိုယ္ကို ႀကိဳးဆြဲခ် သတ္ေသခဲ့တဲ့ ေတာင္ကိုရီးယား မင္းသမီး တစ္ဦးျဖစ္ပါတယ္။
သူမရဲ႕ အသက္ေမြးဝမ္းေၾကာင္းအလုပ္ ရဲ႕ အဆင္မေျပမႈမ်ားေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ သတ္ေသသြားတယ္လို႔ ထင္ေၾကးေပးမႈေတြလည္း ရွိေနခဲ့ပါတယ္။
Daul Kim (1989 – 2009) 20 year
Kim Daul သည္ အသက္ 20 ႏွစ္တြင္ မိမိကိုယ္ကို သတ္ေသခဲ့ေသာ ေတာင္ကိုရီးယား ေမာ္ဒယ္ႏွင့္ ဘေလာ့ဂါတစ္ဦးျဖစ္ပါတယ္။ 2009 ခုႏွစ္တြင္ Kim သည္ မိမိကိုယ္ကိုယ္ ႀကိဳးဆြဲခ် သတ္ေသေၾကာင္း စာ႐ြက္ ခ်ေရးထားခဲ့ပါတယ္။
သူမသည္ အထီးက်န္ျခင္း၊ အိပ္မေပ်ာ္ျခင္း ႏွင့္ စိတ္ဓာတ္က်ျခင္းတို႔ကို ခံစားေနရၿပီး ဖက္ရွင္လုပ္ငန္း၏ ေတာင္းဆိုခ်က္မ်ားကို အမွီလိုက္ႏိုင္ျခင္း မရွိ ျဖစ္ေနကာ စိတ္ဖီစီး ကာ စိတ္ဓာတ္က်ခဲ့တာပဲျဖစ္ပါတယ္။ သူမရဲ႕ ဘေလာ့ဂ္ တစ္ခု တြင္ “၊ စိတ္ဓာတ္က်ပါက ႐ူးသြပ္စြာ အလုပ္ပိုလုပ္သည္” ဟုလည္း ေဖာ္ျပခဲ့ဖူးပါတယ္။
ဘ၀ဆိုတာ ျဖတ္ေလွ်ာက္ရင္းနဲ႔ ပင္ပန္းလာတဲ့အခါမွာ ဒူးေထာက္ၿပီး အရႈံးေပးမယ့္အစား စိတ္သက္သာရေအာင္ အနားယူဖို႔အေရးႀကီးပါတယ္။ ျဖည္းျဖည္းမွန္မွန္နဲ႔ ႀကိဳးစားၿပီး ရခဲလွတဲ့ ဘ၀မွာေပ်ာ္႐ႊင္မႈကလည္းအေရးႀကီးပါတယ္။ အျခားသူေတြရဲ႕ ေျပာစကားေတြေၾကာင့္စိတ္ညစ္ခံမေနဘဲ ကိုယ္ကိုတိုင္ေပ်ာ္႐ႊင္မႈကို ရွာေဖြႏိုင္ၾကပါေစလို႔ေမွ်ာ္လင့္ပါတယ္ေနာ္။