Sunday, November 27, 2022
Latest Posts
မိဘနေရာကို ရောက်ကြတော့မယ့် ပရီယန်ကာချိုပရာ နဲ့ နစ်ခ်ဂျိုးနပ်စ်
Unicode Version
ပရီယန်ကာချိုပရာ နဲ့ နစ်ခ်ဂျိုးနပ်စ်တို့စုံတွဲဟာဆိုရင်တော့ မိဘနေရာ‌ရောက်ခဲ့ပြီပဲဖြစ်ပါတယ်။
ပရီယန်ကာချိုပရာ ဟာ သူမရဲ့ ဆိုရှယ်လ် မီဒီယာအကောင့်ကနေကြေငြာခဲ့တာပဲဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့သတင်း က အားလုံးကို အံသြသင့်စေခဲ့တာပဲဖြစ်ပါတယ်။
ပရီယန်ကာချိုပရာက သူရဲ့ အင်စတာဂရမ် အကောင့်မှာကြေငြာခဲ့တာကတော့
“အငှားကိုယ်၀န်ဆောင်မှတစ်ဆင့် ကလေးတစ်ဦးကိုကြိုဆိုလိုက်ရတဲ့အတွက်၀မ်းမြောက်မိပါတယ်။ ကျွန်မတို့ရဲ့ မိသားစု ကိုအာရုံစိုက်ရမယ့်အရေကြီးတဲ့အချိန်အခါဖြစ်တဲ့အတွက် ကိုယ်ပိုင်အချိန်ပေးရမှာဖြစ်ပါတယ်။ အားလုံးကိုကျေးဇူးတင်ရှိပါတယ်။”လို့ရေးသားခဲ့တာပဲဖြစ်ပါတယ်။
Vanity Fair နဲ့အင်တာဗျူးအပြီး ရက်ပိုင်းအကြာမှာပဲ ဒီသတင်းဟာအံ့အားသင့်စရာဖြစ်လာခဲ့ပါတယ်။ အဲ့ဒီ့ အင်တာဗျူးမှာ မင်းသမီး ပရီယန်ကာချိုပရာက Nick Jonas နဲ့မိဘရဲ့ ခင်းမင်ရင်နှီးမှုကိုဖွင့်ဟခဲ့ပါတယ်။ သူမနဲ့ Nick တို့ဟာ သူတို့ရဲ့ အလုပ်တွေကို တဖြည်းဖြည်းလုပ်ပြီး မိဘဖြစ်လာဖို့နဲ့ ကလေးလေးကို အတူတကွကြိုဆိုကြဖို့ အစီအစဥ်တွေချထားတယ်လို့လည်း ပြောကြားခဲ့ပါတယ်။ သူမပြောခဲ့သလိုပဲ အခုတော့ သူတို့ရဲ့ဆန္ဒလေးတွေအကောင်အထည်ပေါ်လာတာပဲဖြစ်ပါတယ်။
ပရီယန်ကာချိုပရာ နဲ့ နစ်ခ်ဂျိုးနပ်စ် တို့ဟ ဘ၀အခန်းသစ်တစ်ခုကိုတည်ဆောက်မှာဖြစ်တဲ့အတွက် သူတို့ရဲ့ privacy ကိုလေးစားဖို့အတွက်ပရိတ်သတ်များကိုတောင်းဆိုခဲ့ကြပါတယ်။ လောလောဆယ်မှာတော့ ကလေးလေး ဟာ ယောကျ်ားလေး လား မိန်းကလေး လားဆိုတာတော့မသိရှိရသေးပါဘူး။ သူတို့အတွက် ချိုမြိန်တဲ့လက်ဆောင်မွန်လေးကို မိတ်ဆက်ပေးဖို့အတွက်အချိန်ယူဦးမယ်လို့ခန့်မှန်းရပါတယ်။
မင်းသမီး ပရီယန်ကာချိုပရာ နဲ့ အဆိုတော့ နစ်ခ်ဂျိုးနပ်စ် တို့နှစ်ယောက်ဟာ မိဘနေရာကိုရောက်ကြတော့ မှာဖြစ်တဲ့အတွက် နှစ်ယောက်စလုံးအတွက်ဂုဏ်ယူမိပါတယ်။ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကိုလည်းပိုင်ဆိုင်နိုင်ပါစေလို့လည်းဆန္ဒပြုလိုက်ရပါတယ်ရှင်။
Zawgyi Version
Latest Posts
Don't Miss