Tuesday, November 29, 2022

Latest Posts

မိဘတွေ ကသရုပ်ဆောင်လုပ်ဖို့အားမပေးခဲ့ဘူးဆိုတဲ့ မင်းသမီး Dakota Johnson

UNICODE VERSION

fifty shade‌s of grey ထဲကမင်းသမီး dakota Johnson ဆိုရင်မသိတဲ့သူမရှိကြပါဘူးနော်။ The Lost Daughter ဇာတ်ကားထဲမှာ ဆိုရင်လည်း သူမရဲ့သရုပ်ဆောင်စွမ်းရည်ကိုမြင်တွေ့ ရမှာပဲဖြစ်ပါတယ်။

သူမရဲ့ မိခင်နဲ့ ဖခင်တို့ဟာ ကျော်ကြားတဲ့သရုပ်ဆောင်တွေပဲဖြစ်ပါတယ်။ သူမရဲ့ မိခင်ကတော့ သရုပ်ဆောင် Melanie Griffth နဲ့ ဖခင်ကတော့ Don Johnson တို့ပဲဖြစ်ကြပါတယ်။ မင်းသမီး dakota Johnsonကတော့ သရုပ်ဆောင်မျိုး ရိုးကနေဆင်းသက်လာသူပဲဖြစ်ပါတယ်နော်။

သူမရဲ့ အမေနဲ့ အဖေနှစ်ယောက်လုံးဟာ သရုပ်ဆောင်တွေဖြစ်ကြပေမယ့်လည်း သူမကိုတော့ အစပိုင်းမှာ သရုပ်ဆောင်ဖြစ်ဖို့ မထောက်ခံခဲ့ကြဘူးလို့ဆိုပါတယ်။ သူမရဲ့ မိဘတွေ ဟာ သူမသရုပ်ဆောင်လုပ်ဖို့အတွက် ‌နောက်ကနေထောက်ပံ့ပေးတာမျိုးမရှိပေမယ့်လည်း အခုဆိုရင်တော့ သူမရဲ့ရည်မှန်းချက်အတိုင်းဆက်လက်လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

မိဘတွေဘာကြောင့် သရုပ်ဆောင် မလုပ်စေချင်လဲဆိုတာသူမအနေနဲ့နားလည်ပါတယ်တယ်။ သူမရဲ့ မိဘတွေ သူတို့ရဲ့ခြေရာအတိုင်းမနင်းစေချင်ကြဘူး ကျွန်မကို တက်နိုင်သလောက် ကလေးဘ၀လေးကိုပိုင်ဆိုင်စေချင်ကြတယ်လို့ပြောပါတယ်။

သူမက ၁ နှစ်သားအရွယ်ကနေစတင်သရုပ်ဆောင်ချင်ခဲ့တာဖြစ်ပြီး သူမရဲ့ မိဘတွေအနားမှာ ရှိနေတာဟာ သူမကို သရုပ်ဆောင်လုပ်ချင်တဲ့စိတ်ပေါ်ပေါက်လာစေတာလို့ပြောပါတယ်။

အခုဆိုရင်တော့ ပရိတ်သတ်တွေရဲ့ အားပေးချစ်ခင်မှုကိုရရှိပြီး အောင်မြင်တဲ့သရုပ်ဆောင်တစ်ယောက်ဖြစ်လို့နေပါပြီ။

ZAWGYI VERSION

မိဘေတြ ကသ႐ုပ္ေဆာင္လုပ္ဖို႔အားမေပးခဲ့ဘူးဆိုတဲ့ မင္းသမီး Dakota Johnson

fifty shade of grey ထဲကမင္းသမီး dakota Johnson ဆိုရင္မသိတဲ့သူမရွိၾကပါဘူးေနာ္။ The Lost Daughter ဇာတ္ကားထဲမွာ ဆိုရင္လည္း သူမရဲ႕သ႐ုပ္ေဆာင္စြမ္းရည္ကိုျမင္ေတြ႕ ရမွာပဲျဖစ္ပါတယ္။

သူမရဲ႕ မိခင္နဲ႔ ဖခင္တို႔ဟာ ေက်ာ္ၾကားတဲ့သ႐ုပ္ေဆာင္ေတြပဲျဖစ္ပါတယ္။ သူမရဲ႕ မိခင္ကေတာ့ သ႐ုပ္ေဆာင္ Melanie Griffth နဲ႔ ဖခင္ကေတာ့ Don Johnson တို႔ပဲျဖစ္ၾကပါတယ္။ မင္းသမီး dakota Johnsonကေတာ့ သ႐ုပ္ေဆာင္မ်ိဳး ႐ိုးကေနဆင္းသက္လာသူပဲျဖစ္ပါတယ္ေနာ္။

သူမရဲ႕ အေမနဲ႔ အေဖႏွစ္ေယာက္လုံးဟာ သ႐ုပ္ေဆာင္ေတြျဖစ္ၾကေပမယ့္လည္း သူမကိုေတာ့ အစပိုင္းမွာ သ႐ုပ္ေဆာင္ျဖစ္ဖို႔ မေထာက္ခံခဲ့ၾကဘူးလို႔ဆိုပါတယ္။ သူမရဲ႕ မိဘေတြ ဟာ သူမသ႐ုပ္ေဆာင္လုပ္ဖို႔အတြက္ ‌ေနာက္ကေနေထာက္ပံ့ေပးတာမ်ိဳးမရွိေပမယ့္လည္း အခုဆိုရင္ေတာ့ သူမရဲ႕ရည္မွန္းခ်က္အတိုင္းဆက္လက္လုပ္ကိုင္ေနတာပဲျဖစ္ပါတယ္။

မိဘေတြဘာေၾကာင့္ သ႐ုပ္ေဆာင္ မလုပ္ေစခ်င္လဲဆိုတာသူမအေနနဲ႔နားလည္ပါတယ္တယ္။ သူမရဲ႕ မိဘေတြ သူတို႔ရဲ႕ေျခရာအတိုင္းမနင္းေစခ်င္ၾကဘူး ကြၽန္မကို တက္ႏိုင္သေလာက္ ကေလးဘ၀ေလးကိုပိုင္ဆိုင္ေစခ်င္ၾကတယ္လို႔ေျပာပါတယ္။

သူမက ၁ ႏွစ္သားအ႐ြယ္ကေနစတင္သ႐ုပ္ေဆာင္ခ်င္ခဲ့တာျဖစ္ၿပီး သူမရဲ႕ မိဘေတြအနားမွာ ရွိေနတာဟာ သူမကို သ႐ုပ္ေဆာင္လုပ္ခ်င္တဲ့စိတ္ေပၚေပါက္လာေစတာလို႔ေျပာပါတယ္။

အခုဆိုရင္ေတာ့ ပရိတ္သတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈကိုရရွိၿပီး ေအာင္ျမင္တဲ့သ႐ုပ္ေဆာင္တစ္ေယာက္ျဖစ္လို႔ေနပါၿပီ။

Latest Posts

Don't Miss