Tuesday, November 29, 2022

Latest Posts

မိန်းမဖြစ်သူ ရဲ့ ဗိုက်ကလေးကို ကြည့်ပြီး သဘောကျနေတဲ့ မင်းသား သူထူးစံ

Unicode Version

ပရိသတ်ကြီးရေ တစ်ခေတ်တခါက အောင်မြင်ကျော်ကြား လူကြိုက်များခဲ့တဲ့ မင်းသားကြီး သူထူးစံ ကတော့ ကာရိုက်တာမျိုးစုံကို သရုပ်ဆောင်နိုင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ မြို့ပရိသတ်အပြင် နယ်ပရိသတ်ပါအခိုင်အမာရရှိထားတဲ့ သူထူးစံ ဟာ အက်ရှင်ကားတွေကို အဓိကရိုက်ကူးခဲ့ပြီး သဘာဝဆန်တဲ့ သရုပ်ဆောင်ချက်တွေကြောင့် သဘာဝမင်းသားလို့ နာမည်ကြီးပါတယ်။ မင်းသမီး ခွန်းဆင့်နေခြည် နဲ့ အတူ ရိုက်ကူးထားတဲ့ “သမန်းကျား” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးခဲ့ပါတယ်။

မင်းသား သူထူးစံ ဟာ အနုပညာလောကထဲမှာ သရုပ်ဆောင် ထိုက်ဆု နဲ့ အိမ်ထောင်ကျခဲ့ပြီး သာယာတဲ့ အိမ်ထောင်ရေးခရီးလမ်းကို လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။ သူ့ရဲ့ချစ်ဇနီးလေးဟာ ကိုယ်ဝန်လွယ်ထားရပြီးတော့ ၇လရှိပါပြီ။ သူထူးစံ ဟာ ကိုယ်ဝန်အရင့်အမာနဲ့ လှပနေတဲ့ မိန်းမဖြစ်သူရဲ့ ဗိုက်ကလေးကို ကြည့်ပြီး သဘောကျနေပါတယ်။ ဒါအပြင် မိန်းမဖြစ်သူ အားမငယ်ရအောင် သူ့ရဲ့ ဗိုက်ပါလိုက်ပူပေးလိုက်တယ်လို့ အရွှန်းဖောက်ပြီး ” မိန်းမ ဗိုက်ကလေးပူနေလို့ စိတ်အားမငယ်ရအောင်ကိုယ်ပါလိုက်ပူပေးလိုက်တယ် ကိုယ်ကဗိုက်ပိုပူတယ် ” လို့ သူထူးစံ ဟာ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားထားတာကို တွေ့ရပါတယ်။

မင်းသား သူထူးစံ တို့ ဇနီးမောင်နှံ ရဲ့ ဓာတ်ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေက သဘောကျနေကြတာလဲ ဖြစ်ပါတယ်။ ကဲ … စာဖတ်ပရိသတ်ကြီးအတွက် ဓာတ်ပုံလေးတွေကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။

ZawGyi Version

မိန္းမျဖစ္သူ ရဲ႕ ဗိုက္ကေလးကို ၾကည့္ၿပီး သေဘာက်ေနတဲ့ မင္းသား သူထူးစံ

ပရိသတ္ႀကီးေရ တစ္ေခတ္တခါက ေအာင္ျမင္ေက်ာ္ၾကား လူႀကိဳက္မ်ားခဲ့တဲ့ မင္းသားႀကီး သူထူးစံ ကေတာ့ ကာ႐ိုက္တာမ်ိဳးစုံကို သ႐ုပ္ေဆာင္ႏိုင္ခဲ့တဲ့ အႏုပညာရွင္တစ္ဦးျဖစ္ပါတယ္။ ၿမိဳ႕ပရိသတ္အျပင္ နယ္ပရိသတ္ပါအခိုင္အမာရရွိထားတဲ့ သူထူးစံ ဟာ အက္ရွင္ကားေတြကို အဓိက႐ိုက္ကူးခဲ့ၿပီး သဘာဝဆန္တဲ့ သ႐ုပ္ေဆာင္ခ်က္ေတြေၾကာင့္ သဘာဝမင္းသားလို႔ နာမည္ႀကီးပါတယ္။ မင္းသမီး ခြန္းဆင့္ေနျခည္ နဲ႔ အတူ ႐ိုက္ကူးထားတဲ့ “သမန္းက်ား” ႐ုပ္ရွင္ဇာတ္ကားႀကီးနဲ႔ အကယ္ဒမီဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးခဲ့ပါတယ္။

မင္းသား သူထူးစံ ဟာ အႏုပညာေလာကထဲမွာ သ႐ုပ္ေဆာင္ ထိုက္ဆု နဲ႔ အိမ္ေထာင္က်ခဲ့ၿပီး သာယာတဲ့ အိမ္ေထာင္ေရးခရီးလမ္းကို ေလွ်ာက္လွမ္းေနတာပဲ ျဖစ္ပါတယ္။ သူ႔ရဲ႕ခ်စ္ဇနီးေလးဟာ ကိုယ္ဝန္လြယ္ထားရၿပီးေတာ့ ၇လရွိပါၿပီ။ သူထူးစံ ဟာ ကိုယ္ဝန္အရင့္အမာနဲ႔ လွပေနတဲ့ မိန္းမျဖစ္သူရဲ႕ ဗိုက္ကေလးကို ၾကည့္ၿပီး သေဘာက်ေနပါတယ္။ ဒါအျပင္ မိန္းမျဖစ္သူ အားမငယ္ရေအာင္ သူ႔ရဲ႕ ဗိုက္ပါလိုက္ပူေပးလိုက္တယ္လို႔ အ႐ႊန္းေဖာက္ၿပီး ” မိန္းမ ဗိုက္ကေလးပူေနလို႔ စိတ္အားမငယ္ရေအာင္ကိုယ္ပါလိုက္ပူေပးလိုက္တယ္ ကိုယ္ကဗိုက္ပိုပူတယ္ ” လို႔ သူထူးစံ ဟာ ဓာတ္ပုံေလးေတြနဲ႔အတူ ေရးသားထားတာကို ေတြ႕ရပါတယ္။

မင္းသား သူထူးစံ တို႔ ဇနီးေမာင္ႏွံ ရဲ႕ ဓာတ္ပုံေလးေတြကို ၾကည့္ၿပီး ပရိသတ္ေတြက သေဘာက်ေနၾကတာလဲ ျဖစ္ပါတယ္။ ကဲ … စာဖတ္ပရိသတ္ႀကီးအတြက္ ဓာတ္ပုံေလးေတြကို ျပန္လည္မွ်ေဝတင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Latest Posts

Don't Miss