Friday, January 27, 2023

Latest Posts

မိန်းကလေး ပရိသတ်တွေအတွက် ဓာတ်ပုံလေးတွေ တင်ပေးလိုက်ပြန်တဲ့ မောင်ဘုန်း မင်းသား မင်းဘုန်းမြတ်

Unicode Version

ပရိသတ်ကြီးရေ အခုလက်ရှိ MRTV-4 မှာ အပတ်စဥ် တနင်္လာနေ့ ကနေ သောကြာနေ့ထိ ည ၇ နာရီတိုင်း ပြသနေကျဖြစ်တဲ့ ” စေတလုံး မောင်ဘုန်း ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲကို ဇာတ်လမ်းတွဲတွေကို စောင့်ကြည့်အားပေးနေကျဖြစ်တဲ့ ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်။ စေတလုံး မောင်ဘုန်း ဇာတ်ကား ဟာ ပြသတဲ့နေ့မှစပြီး အခုဆိုရင် ပရိသတ်တွေ ညတိုင်းအချိန်ပေး စောင့်ကြည့်အားပေးနေရလောက်အောင် နာမည်ကြီး ကျော်ကြားလာခဲ့ပါပြီ။ ဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ သရုပ်ဆောင်တွေ အားလုံးကပရိသတ်တွေ ရင်ထဲကိုရောက်ရှိနေရာယူထားတာလဲ ဖြစ်ပါတယ်။

” စေတလုံး မောင်ဘုန်း ” ဇာတ်ကားထဲမှာ မောင်ဘုန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ အဓိကသရုပ်ဆောင်တစ်ဦးဖြစ်တဲ့ မင်းဘုန်းမြတ် ကတော့ လက်ရှိမှာ မိန်းကလေးပရိသတ်တွေကြားမှာ အရမ်းကိုရေပန်းစားနာမည်ကြီးနေပါတယ်။ မင်းဘုန်းမြတ် ရဲ့သရုပ်ဆောင်ချက်တွေဟာ သဘာဝဆန်ဆန် နဲ့ ပီပြင်လွန်းတာကြောင့် ပရိသတ်တွေရင်ထဲထိ နေရာယူထားနိုင်တဲ့ ရုပ်သံဇာတ်လမ်းတွဲ တစ်ခုဖြစ်လာခဲ့ပါတယ်။ မောင်ဘုန်း မင်းသာ မင်းဘုန်းမြတ် ဟာ အသက် ၂၅ နှစ်အရွယ်ရှိပြီး နာမည်ကြီးဇာတ်လမ်းတွဲတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ သူပါဝင်သရုပ်ဆောင်ခဲ့တဲ့ ” မနေ့ကဖြစ်သည် ” ဇာတ်လမ်းတွဲမှာ ရှိုင်း ဆိုတဲ့ ဇာတ်ကောင်နေရာကနေ သရုပ်ဆောင်ခဲ့ပါသေးတယ်။

မောင်ဘုန်းကို ချစ်ခင်တဲ့ ပရိသတ်ကြီးရေ ချစ်ရတဲ့မင်းသားချော မင်းဘုန်းမြတ် ရဲ့ ဓာတ်ပုံလေးတွေကို Cele Only ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်နော်။ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss