Monday, November 28, 2022

Latest Posts

မဟုတ်မမှန်တွေရေးပီးစော်ကားတဲ့သူတွေကို ၆၆ ဃ နဲ့အရေးယူမယ်ဆိုတဲ့ သင်ဇာဝင့်ကျော်

Unicode Version

ပရိသတ်ကြီးရေ မင်းသမီး သင်ဇာဝင့်ကျော် ကတော့ ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီးတော့ ပရိသတ်ပေါင်းများစွာကိုလည်း ပိုင်ဆိုင်ထားသူတစ်ယောက်လဲဖြစ်ပါတယ်။ ချစ်ရတဲ့ ပရိသတ်ကြီးအတွက် သူမရဲ့လှပပြီး ရင်ခုန်ဖွယ်ရာဓာတ်ပုံလေးတွေကိုအမြဲတမ်းတင်ပေးလေ့ရှိတာကြောင့် ယောက်ကျားလေးပရိသတ်အများဆုံး ပိုင်ဆိုင်ထားပါတယ်။ ခန္ဓာကိုယ်ကောက်ကြောင်း လှလှကိုပိုင်ဆိုင်ထားပြီးတော့ ဆက်စီကျတဲ့ဓာတ်ပုံတွေကြောင့် ပုရိသတွေရဲ့အသည်းစွဲနေရသူတစ်ယောက်လဲဖြစ်ပါတယ်။ ဒီ‌နေ့မှာတော့ သင်ဇာဝင့်ကျော် ကတော့သူ့ရဲ့ပိုစ်အောက်မှာ သူ့ကိုစော်ကားကောမန့်ထားတဲ့ သူ၂ယောက်ကို ၆၆ ဃနဲ့တရားစွဲမယ်လို့ ‌ပရိသတ်ကို အသိပေးလာပါတယ်။

သင်ဇာ ကတော့ လူတွေရဲ့ဝေဖန်မှု့တွေအပေါ် စိတ်မကောင်းဖြစ်နေတဲ့အကြောင်းကို ရေးသားထားတဲ့ ပိုစ်အောက်မှာ ဆဲဆိုထားတဲ့ ကောမန့်ပိုင်ရှင်တွေကို ” ကိုယ်ရေးတဲ့ စာတွေအတွက် ကိုယ်တာဝန်ယူကြပါလို့ပဲပြောချင်တယ် ကျမ ကတော့ ရှင်တို့ကို ဥပဒေဘောင်အတွင်းကပဲစကားပြောတော့မယ် ရှင်တို့ မှန်တယ်ထင်ရင် ရင်ဆိုင်ဖို့ပြင်ထားကြပါ ကျမကို မဟုတ်မမှန်တွေလာရေးပီးစော်ကားတဲ့အတွက် ၆၆ ဃ နဲ့အရေးယူမယ် … အရေးယူမခံချင်ရင်တော့ ရှင်တို့ရေးတဲ့စာအတွက်လာတောင်းပန်ပါ ” လို့ သူမရဲ့ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။

သင်ဇာ ကတော့ရိုင်းရိုင်းစိုင်းစိုင်းကောမန့်တွေအပေါ် ၆၆ နဲ့အရေးယူတော့မယ်လို့ သူမကအသိပေးထားတဲ့ သတင်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။ အချိန်ပေးပြီး ဖတ်ရှု့ပေးတဲ့ပရိသတ်ကြီးကိုကျေးဇူးတင်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss