Sunday, November 27, 2022

Latest Posts

မမသင်ဇာနဲ့ မမအေးမြတ်သူကို အလွန်စိုးရိမ်မိတယ်လို့ ထုတ်ဖော်ပြောလိုက်တဲ့ လူရွှင်တော် ပိုးလေး

Unicode Version

ပရိသတ်ကြီးရေ ဟားငါးကောင်အဖွဲ့ ဟာဆိုရင်တော့ အမှန်တရားကို ချစ်မြတ်နိုးတဲ့ သူငယ်ချင်းညီအစ်ကို ငါးယောက်ဖြစ်တဲ့ တိုင်းကျော်၊တိုးကျော်၊ဝိုင်းကျော်၊ပြည်ကျော်၊ပိုးလေး တို့နဲ့ဖွဲ့စည်းထားပါတယ်။ ဒါကြောင့် ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံရပြီးနောက် လွတ်မြောက်နယ်မြေကို ရောက်ရှိနေတာဆိုရင် လပေါင်းများစွာ ကြာမြင့်နေပြီပဲဖြစ်ပါတယ်။ ခက်ခဲကြမ်းတမ်းမေယ့် သူတို့တို့တော်လှန်ရေးစိတ်ဓာတ်တွေဟာ အခုချိန်ထိခိုင်မာနေဆဲပဲဖြစ်ပါတယ်။ ဒီနေ့မှာတော့ ဟားငါးကောင်အဖွဲ့ထဲမှ လူရွှင်တော်တစ်ဦးဖြစ်တဲ့ ပိုးလေး ဟာ မမသင်ဇာနဲ့ မမအေးမြတ်သူ နဲ့ပတ်သတ်ပြီး ‌ရေးသားလိုက်ပါတယ်။

ဟားငါးကောင်အဖွဲ့ဝင် တစ်ဦးချင်းဟာ ပရိသတ်တွေအတွက် စိတ်ခွန်အားပေးစကားလေးတွေကို အမြဲတမ်းမျှဝေနေကျဖြစ်ပါတယ်။ ဒါအပြင် ပရိသတ်တွေ ရယ်မောပျော်ရွှင်စေဖို့အတွက်လဲ ဟာသလေးတွေကို တစ်ခါတရံ ရေးတင်ပေးနေတာလဲ ဖြစ်ပါတယ်။ ဒီနေ့မှာလဲ မင်းသမီး သင်ဇာဝင့်ကျော် နဲ့ အေးမြတ်သူ တို့ရဲ့ဓာတ်ပုံလေးတွေ နဲ့ ပတ်သတ်ပြီး စနောက်ပြီး ပြောလိုက်ပါတယ်။ “” UN လို ပြောရမယ်ဆိုရင် မမသင်ဇာနဲ့ မမအေးမြတ်သူကို အလွန်စိုးရိမ်တယ် သူတို့မှာ ဝတ်စရာ တောင်မရှိတော့လို့ နောက်တရက်နှစ်ရက်ဆိုရင် ဘောင်းဘီတောင် ဝတ်နိုင်ပါ့မလား မသိဘူး ” လို့ လူရွှင်တော် ပိုးလေး ဟာ သူ့ရဲ့အကောင့်မှာ ရေးသားထားပါတယ်။

ပြည်သူချစ်အနုပညာရှင်များဖြစ်ကြတဲ့ ဟားငါးကောင်အဖွဲ့ကတော့ အမှန်တရားအတွက် လွတ်မြောက်နယ်မြေမှာ တိုက်ပွဲဝင်နေပါတယ်။ မိသားစုကိုခွဲခွာပြီးတော့ ခက်ခဲကြမ်းတမ်းတဲ့တောတွင်းတစ်နေရာမှာ ရရာတာဝန်ကိုထမ်းဆောင်နေတာဟာ ဂုဏ်ယူဝမ်းမြောက်စရာပင်ဖြစ်ပါတယ်။ ဒါကြောင့်လဲ ပရိသတ်တွေက ပိုမိုချစ်ခင်အားပေးနေတာပဲဖြစ်ပါတယ်။

ZawGyi Version

မမသင္ဇာနဲ႔ မမေအးျမတ္သူကို အလြန္စိုးရိမ္မိတယ္လို႔ ထုတ္ေဖာ္ေျပာလိုက္တဲ့ လူ႐ႊင္ေတာ္ ပိုးေလး

ပရိသတ္ႀကီးေရ ဟားငါးေကာင္အဖြဲ႕ ဟာဆိုရင္ေတာ့ အမွန္တရားကို ခ်စ္ျမတ္ႏိုးတဲ့ သူငယ္ခ်င္းညီအစ္ကို ငါးေယာက္ျဖစ္တဲ့ တိုင္းေက်ာ္၊တိုးေက်ာ္၊ဝိုင္းေက်ာ္၊ျပည္ေက်ာ္၊ပိုးေလး တို႔နဲ႔ဖြဲ႕စည္းထားပါတယ္။ ဒါေၾကာင့္ ပုဒ္မ ၅၀၅ ကနဲ႔ တရားစြဲဆိုခံရၿပီးေနာက္ လြတ္ေျမာက္နယ္ေျမကို ေရာက္ရွိေနတာဆိုရင္ လေပါင္းမ်ားစြာ ၾကာျမင့္ေနၿပီပဲျဖစ္ပါတယ္။ ခက္ခဲၾကမ္းတမ္းေမယ့္ သူတို႔တို႔ေတာ္လွန္ေရးစိတ္ဓာတ္ေတြဟာ အခုခ်ိန္ထိခိုင္မာေနဆဲပဲျဖစ္ပါတယ္။ ဒီေန႔မွာေတာ့ ဟားငါးေကာင္အဖြဲ႕ထဲမွ လူ႐ႊင္ေတာ္တစ္ဦးျဖစ္တဲ့ ပိုးေလး ဟာ မမသင္ဇာနဲ႔ မမေအးျမတ္သူ နဲ႔ပတ္သတ္ၿပီး ‌ေရးသားလိုက္ပါတယ္။

ဟားငါးေကာင္အဖြဲ႕ဝင္ တစ္ဦးခ်င္းဟာ ပရိသတ္ေတြအတြက္ စိတ္ခြန္အားေပးစကားေလးေတြကို အၿမဲတမ္းမွ်ေဝေနက်ျဖစ္ပါတယ္။ ဒါအျပင္ ပရိသတ္ေတြ ရယ္ေမာေပ်ာ္႐ႊင္ေစဖို႔အတြက္လဲ ဟာသေလးေတြကို တစ္ခါတရံ ေရးတင္ေပးေနတာလဲ ျဖစ္ပါတယ္။ ဒီေန႔မွာလဲ မင္းသမီး သင္ဇာဝင့္ေက်ာ္ နဲ႔ ေအးျမတ္သူ တို႔ရဲ႕ဓာတ္ပုံေလးေတြ နဲ႔ ပတ္သတ္ၿပီး စေနာက္ၿပီး ေျပာလိုက္ပါတယ္။ “” UN လို ေျပာရမယ္ဆိုရင္ မမသင္ဇာနဲ႔ မမေအးျမတ္သူကို အလြန္စိုးရိမ္တယ္ သူတို႔မွာ ဝတ္စရာ ေတာင္မရွိေတာ့လို႔ ေနာက္တရက္ႏွစ္ရက္ဆိုရင္ ေဘာင္းဘီေတာင္ ဝတ္ႏိုင္ပါ့မလား မသိဘူး ” လို႔ လူ႐ႊင္ေတာ္ ပိုးေလး ဟာ သူ႔ရဲ႕အေကာင့္မွာ ေရးသားထားပါတယ္။

ျပည္သူခ်စ္အႏုပညာရွင္မ်ားျဖစ္ၾကတဲ့ ဟားငါးေကာင္အဖြဲ႕ကေတာ့ အမွန္တရားအတြက္ လြတ္ေျမာက္နယ္ေျမမွာ တိုက္ပြဲဝင္ေနပါတယ္။ မိသားစုကိုခြဲခြာၿပီးေတာ့ ခက္ခဲၾကမ္းတမ္းတဲ့ေတာတြင္းတစ္ေနရာမွာ ရရာတာဝန္ကိုထမ္းေဆာင္ေနတာဟာ ဂုဏ္ယူဝမ္းေျမာက္စရာပင္ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ ပရိသတ္ေတြက ပိုမိုခ်စ္ခင္အားေပးေနတာပဲျဖစ္ပါတယ္။

Latest Posts

Don't Miss