Saturday, December 3, 2022

Latest Posts

မမများအဖွဲ့ကနေ အပြီးတိုင် နုတ်ထွက်လိုက်တဲ့ ဟာသသရုပ်ဆောင် ဟေမာမန်းဝင်း

Unicode Version

ပရိသတ်ကြီးရေ ဦးမန်းဝင်း ကတော့ တစ်ခေတ်တခါတုန်းက ဇာတ်သဘင်လောကမှာ လူရွှင်တော်အဖြစ် ပရိသတ်ကြီးကို ရယ်မောပျော်ရွှင်အောင် ‌အကောင်းဆုံး‌ဖျော်ဖြေ တင်ဆက်နိုင်ခဲ့သူတစ်ဦးပဲဖြစ်ပါတယ်။ ဒါအပြင် ရုပ်ရှင်ဇာတ်ကားတွေမှာလည်း အကောင်းဆုံးဇာတ်ပို့ဇာတ်ရန်အဖြစ် သရုပ်ဆောင်နိုင်ခဲ့တာကြောင့် ပရိသတ်တွေချစ်ခင်အားပေးရတဲ့ သရုပ်ဆောင်တစ်ဦးပဲဖြစ်ပါတယ်။ ဖအေတူသမီးဖြစ်တဲ့ ဟေမာမန်းဝင်း ကလည်း ဖခင်ရဲ့ခြေရာကို နင်းနိုင်ခဲ့ပြီးတော့ အနုပညာလောကမှာ ဟာသသရုပ်ဆောင်အဖြစ် နေရာတစ်နေရာရရှိခဲ့ပါတယ်။

မမများအဖွဲ့ကို သရုပ်ဆောင် ဝါဝါအောင် ဦးဆောင်ပြီးတော့ အေးအေးခိုင်၊ဂွမ်းပုံကြီး အပါအဝင်အခြားသော ဇာတ်ပို့သရုပ်ဆောင် မမများနဲ့ဖွဲ့စည်းထားတာပဲ ဖြစ်ပါတယ်။ ဟာသသရုပ်ဆောင် ဟေမာမန်းဝင်း ဟာ မမများအဖွဲ့ကနေ ထွက်လိုက်ပါပြီလို့ ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ ဒီအကြောင်းကို ” ကျမဟေမာမန်းဝင်းသည်မမများအဖွဲ့မှာထွက်လိုက်ပါပီ Edit…ထွက်လိုက်တာနော်…အထုတ်ခံရတာ…ဟုတ်ဘူး…ချစ်ချစ်တုန်းတို့ရေ….” လို့ သူမရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ဟာသသရုပ်ဆောင် ဟေမာမန်းဝင်း ကတော့မမများအဖွဲ့ကနေ ကိုယ်ပိုင်သဘောထားနဲ့ ထွက်ခွာသွားခဲ့တာဖြစ်ပြီး အထုတ်ခံရတာ မဟုတ်ပါဘူးတဲ့နော်။ အချိန်ပေးပြီး ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Verison





Latest Posts

Don't Miss