Saturday, December 3, 2022

Latest Posts

မတရားခံရတဲ့သူတွေအတွက် စိတ်မကောင်းဘူးဆိုတဲ့ ထားထက်ထက်

Unicode Version

ပရိသတ်ကြီးရေ အလှမယ် ထားထက်ထက် ကတော့ ခိုင်မာတဲ့စိတ်ဓာတ်နဲ့ အာဏာရှင်ကို တွန်းလှန်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ လက်ရှိမှာဆိုရင် ခက်ခဲကြမ်းတမ်းတဲ့ တောတွင်းတစ်နေရာမှာ ပြည်သူတွေကိုကာကွယ်ဖို့ စစ်သင်တန်းတတ်ရောက်နေပြီးတော့ ပရိသတ်တွေရဲ့ ချစ်ခင်မှု့ကို အများဆုံးရရှိထားပါတယ်။ သူမကတော့ အမျိုးသမီးဖြစ်ပေမယ့် ယောက်ကျားတွေနဲ့ရင်ဘောင်တန်းပြီးတော့ ရရာလက်နက်စွဲကိုင်၍ စစ်အာဏာရှင်ကို တိုက်ထုတ်ဖို့ကြိုးစားနေသူတစ်ဦးဖြစ်တာကြောင့် အားလုံးကလေးစားရတဲ့ အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ မကြာသေးခင်နာရီပိုင်းလောက်က အလှမယ် ထားထက်ထက် ဟာရင်တွင်းခံစားချက်တစ်ခုကို ရေးသားထားပါတယ်။

သရုပ်ဆောင် ပိုင်တံခွန် နဲ့ ပရဟိတမိခင်ကြီး ဒေါ်သန်းမြင့်အောင် ကိုအမိန့်ချတဲ့ကိစ္စနဲ့ ပတ်သတ်ပြီး ထားထက်ထက် အပါအဝင် အနုပညာအသိုင်းအဝိုင်းက အနုပညာရှင်တွေအားလုံး စိတ်မကောင်းဖြစ်နေကြပါတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ” အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်တဲ့ … မတရားတဲ့သူတွေဆီက တရားမျှတမှုကို မျှော်လင့်နေဖို့မှ မဖြစ်နိုင်တာ….နောက်ထပ်လဲ လူတွေအများကြီး ကျန်သေးတယ်… သူတို့ကိုလဲ ဒီလိုပဲ မတရားထောင်ချ ဒီထက် ပိုဆိုးတဲ့ အမှုတွဲတွေတပ်ပြီး လုပ်ချင်သလို လုပ်ဦးမှာပဲ…မတရားခံရသူတွေကို စိတ်မကောင်းဘူး ၊ သနားပါတယ် ၊ အားတင်းထားပါ ပြောနေရုံနဲ့ ကျွန်မတို့တွေ အားပေးနှစ်သိမ့်ရင်း မေ့မသွားဖို့ နေ့တိုင်း သတိရနေဖို့လိုတယ်…ဒီလိုမျိုးတွေ မြင်ရလေ ကျွန်မတို့တွေ အချင်းချင်း ပိုပြီးစည်းလုံး ၊ ပိုပြီးဖေးမ ကူညီ ၊ ဆတိုးပိုလို့အာရုံစိုက် အားထည့်ပြီး လုပ်ရမယ့်အရာ လုပ်သင့်တဲ့အရာတွေကို အမြန်ဆုံးပြီးမြောက် အောင်မြင်အောင် လုပ်ရမယ်… ” လို့သူမရဲ့အကောင့်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ မတရားဖမ်းဆီးခံထားရတဲ့ ဆရာမကြီး သန်းမြင့်အောင်နဲ့ သရုပ်ဆောင် ပိုင်တံခွန် တို့ အတွက် ဆုတောင်းစကားလေးတွေကို ကောမန့်မှာရေးသားသွားပေးခဲ့ပါအုန်းနော်။ မြန်မာပြည်ကြီး အမြန်ဆုံးပြန်လည်ငြိမ်းချမ်းပါစေလို့ Cel Only မှဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version

မတရားခံရတဲ့သူေတြအတြက္ စိတ္မေကာင္းဘူးဆိုတဲ့ ထားထက္ထက္

ပရိသတ္ႀကီးေရ အလွမယ္ ထားထက္ထက္ ကေတာ့ ခိုင္မာတဲ့စိတ္ဓာတ္နဲ႔ အာဏာရွင္ကို တြန္းလွန္ေနတဲ့ အႏုပညာရွင္တစ္ေယာက္ပဲျဖစ္ပါတယ္။ သူမကေတာ့ လက္ရွိမွာဆိုရင္ ခက္ခဲၾကမ္းတမ္းတဲ့ ေတာတြင္းတစ္ေနရာမွာ ျပည္သူေတြကိုကာကြယ္ဖို႔ စစ္သင္တန္းတတ္ေရာက္ေနၿပီးေတာ့ ပရိသတ္ေတြရဲ႕ ခ်စ္ခင္မႈ႕ကို အမ်ားဆုံးရရွိထားပါတယ္။ သူမကေတာ့ အမ်ိဳးသမီးျဖစ္ေပမယ့္ ေယာက္က်ားေတြနဲ႔ရင္ေဘာင္တန္းၿပီးေတာ့ ရရာလက္နက္စြဲကိုင္၍ စစ္အာဏာရွင္ကို တိုက္ထုတ္ဖို႔ႀကိဳးစားေနသူတစ္ဦးျဖစ္တာေၾကာင့္ အားလုံးကေလးစားရတဲ့ အႏုပညာရွင္တစ္ဦးပဲျဖစ္ပါတယ္။ မၾကာေသးခင္နာရီပိုင္းေလာက္က အလွမယ္ ထားထက္ထက္ ဟာရင္တြင္းခံစားခ်က္တစ္ခုကို ေရးသားထားပါတယ္။

သ႐ုပ္ေဆာင္ ပိုင္တံခြန္ နဲ႔ ပရဟိတမိခင္ႀကီး ေဒၚသန္းျမင့္ေအာင္ ကိုအမိန္႔ခ်တဲ့ကိစၥနဲ႔ ပတ္သတ္ၿပီး ထားထက္ထက္ အပါအဝင္ အႏုပညာအသိုင္းအဝိုင္းက အႏုပညာရွင္ေတြအားလုံး စိတ္မေကာင္းျဖစ္ေနၾကပါတယ္။ ဒီအေၾကာင္းနဲ႔ပတ္သတ္ၿပီး ” အလုပ္ၾကမ္းႏွင့္ ေထာင္ဒဏ္ ၃ ႏွစ္တဲ့ … မတရားတဲ့သူေတြဆီက တရားမွ်တမႈကို ေမွ်ာ္လင့္ေနဖို႔မွ မျဖစ္ႏိုင္တာ….ေနာက္ထပ္လဲ လူေတြအမ်ားႀကီး က်န္ေသးတယ္… သူတို႔ကိုလဲ ဒီလိုပဲ မတရားေထာင္ခ် ဒီထက္ ပိုဆိုးတဲ့ အမႈတြဲေတြတပ္ၿပီး လုပ္ခ်င္သလို လုပ္ဦးမွာပဲ…မတရားခံရသူေတြကို စိတ္မေကာင္းဘူး ၊ သနားပါတယ္ ၊ အားတင္းထားပါ ေျပာေန႐ုံနဲ႔ ကြၽန္မတို႔ေတြ အားေပးႏွစ္သိမ့္ရင္း ေမ့မသြားဖို႔ ေန႔တိုင္း သတိရေနဖို႔လိုတယ္…ဒီလိုမ်ိဳးေတြ ျမင္ရေလ ကြၽန္မတို႔ေတြ အခ်င္းခ်င္း ပိုၿပီးစည္းလုံး ၊ ပိုၿပီးေဖးမ ကူညီ ၊ ဆတိုးပိုလို႔အာ႐ုံစိုက္ အားထည့္ၿပီး လုပ္ရမယ့္အရာ လုပ္သင့္တဲ့အရာေတြကို အျမန္ဆုံးၿပီးေျမာက္ ေအာင္ျမင္ေအာင္ လုပ္ရမယ္… ” လို႔သူမရဲ႕အေကာင့္မွာ ေရးသားထားတာကို ေတြ႕ရပါတယ္။

ပရိသတ္ႀကီးေရ မတရားဖမ္းဆီးခံထားရတဲ့ ဆရာမႀကီး သန္းျမင့္ေအာင္နဲ႔ သ႐ုပ္ေဆာင္ ပိုင္တံခြန္ တို႔ အတြက္ ဆုေတာင္းစကားေလးေတြကို ေကာမန႔္မွာေရးသားသြားေပးခဲ့ပါအုန္းေနာ္။ ျမန္မာျပည္ႀကီး အျမန္ဆုံးျပန္လည္ၿငိမ္းခ်မ္းပါေစလို႔ Cel Only မွဆုေတာင္းေပးလိုက္ပါတယ္။

Latest Posts

Don't Miss