Thursday, December 8, 2022

Latest Posts

မတရားမှု့တွေကို ကမ္ဘာ့စင်မြင့်ထက်မှာ ရဲရဲဝင့်ဝင့်ဆန္ဒထုတ်ဖော်ခဲ့တဲ့ အလှမယ် သူဇာဝင့်လွင် ခေါ် Candy

UNICODE VERSION

နိုင်ငံဂုဏ်ဆောင်အမျိူးသမီးဆိုတာကတော့ လွယ်လွယ်နဲ့တော့ ရရှိခဲ့တာမဟုတ်ပါဘူး။ ကြိုးစားအားထုတ်မှုတွေ အခက်အခဲတွေကြားကနေ ရရှိခဲ့တာပဲဖြစ်ပါတယ်။ Candy ဆိုတာဘယ်သူလဲ မသိသေးတဲ့ ပရိတ်သတ်ကြီးအတွက် သူမအကြောင်းလေးကို ဖော်ပြလိုက်ပါတယ်။

Candy ဆိုတဲ့သူမကတော့ မယ်စကြဝဠာဆုရှင် Miss အမျိူးသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ ၂၀၂၀ခုနှစ်၊ ဒီဇင်ဘာလ ၃၀ရက်နေ့မှာတော့ Miss Universe Myanmar 2020 ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ဟားခါးကိုယ်စားပြုအနေနဲ့ ယှဥ်ပြိုင်ခဲ့ပါတယ်။ ၂၀၁၉ခုနှစ် မြန်မာမယ်စကြာဝဠာ မဆွေဇင်ထက်ဆီမှ သရဖူလွှဲပြောင်းပေးအပ်ခံခဲ့ရပြီးနောက် ၂၀၂၁ခုနှစ်မှာတော့ တစ်ကမ္ဘာလုံးကမယ်စကြာတွေနဲ့ မြန်မာနိုင်ငံကိုယ်စားပြု ယှဥ်ပြိုင်ဖို့ Hollywood Florida ကို အခက်အခဲတွေကြားထဲက ထွက်ခွာခဲ့ပါတယ်။ ကံကောင်းမှုတွေဖြစ်လာဖို့ ကံအရင်ဆိုးရတယ်ဆိုသလိုပဲ LA Airline က Candy ရဲ့ ညနေခင်းဝတ်စုံနဲ့ final ပြိုင်ပွဲအတွက် ဝတ်ရမယ့်ဝတ်စုံတွေ သယ်ယူလာတဲ့ ခရီးဆောင်အိတ်ကို မေလ ၆ရက်နေ့မှာပဲ လေဆိပ်မှာကျန်ခဲ့ပါတယ်။ Candy အနေနဲ့ ပြိုင်ပွဲအတွက် ဝတ်ရမယ့်ဝတ်စုံတွေ အကုန်လုံးကို တစ်ချိန်ထဲမှာပဲ ဆုံးရှူံးခဲ့ရတာဖြစ်ပါတယ်။ သူမ အနေနဲ့ ဝတ်စရာပွဲတက်ဝတ်စုံတွေ မရှိတော့တာကြောင့် Miss Vietnam Organization, Flipino-American designer Kristen Regalado နဲ့ နိုင်ငံခြားရောက်မြန်မာတွေက ဝတ်စုံအထောက်အပံ့တွေပေးခဲ့ကြရပါတယ်။ မြန်မာနိုင်ငံမှာရှိတဲ့ ပရိတ်သတ်တွေကလည်း ဆုတောင်းအားပေးစကားတွေအများကြီး ပို့ခဲ့ပါတယ်။ အခြားနိုင်ငံက ပရိတ်သတ်တွေနဲ့ အတူတူပြိုင်ပွဲဝင်ခဲ့ကြတဲ့ Miss တွေကလည်း သူမကို ဆုတောင်းစကားနဲ့ လိုအပ်သမျှအကူအညီတွေပေးခဲ့ပါတယ်လို့ သူမရဲ့ Facebook စာမျက်နှာမှာရေးသားဖော်ပြခဲ့ပါတယ်။

ပြိုင်ပွဲစတင်ရာမှာတော့ “Fearless Empress ရဲသွေးကညာပျိူ” အမည်နဲ့ ချင်းအမျိူးသားဝတ်စုံကို ဝတ်ဆင်ပြီး ယှဥ်ပြိုင်ခဲ့ပါတယ်။ ချင်းအမျိူးသမီးတွေရဲ့ ရဲရင့်တဲ့သတ္တိကို ဂုဏ်ပြုပြီး မြန်မာနိုင်ငံသူတစ်ယောက်ရဲ့ ဆန္ဒတွေကို စင်မြင့်ပေါ်မှာထုတ်ဖော်ခဲ့ပါတယ်။ သူမ ဆုံးရှူံးလိုက်ရတဲ့ luggage ထဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအမျိူးသားဝတ်စုံကို ပစ်တိုင်းထောင် ဝတ်စုံအဖြစ် ရွေးချယ်ချူပ်လုပ်ခဲ့တာဖြစ်ပါတယ်။ ဝတ်ပြီး မယှဥ်ပြိုင်နိုင်ခဲ့ပေမယ့် ပစ်တိုင်းထောင်က လဲကျသွားတိုင်း ပြန်လည်ထောင်မတ်လာနိုင်မဲ့ message ကိုပေးချင်ခဲ့တာလို့ဆိုပါတယ်။”သူငယ်တော်ရဲ့ ယုံကြည်ရာပစ်တိုင်းထောင်” အမည်နဲ့ ဓါတ်ပုံတွေကိုတော့ သူမရဲ့ social media မှာ ဖော်ပြခဲ့ပါတယ်။

အခက်အခဲတွေကြားထဲကနေ အကောင်းဆုံးဖြစ်လာဖို့ Candyက Miss Universe 2020 မှာ Top 21 အထိ စကားတင်စာရင်းဝင်ခဲ့ပါတယ်။ Prelims နဲ့ closed door interview တွေက အမှတ်တွေပေါင်းပြီး ဆန်ကာတင်ရရှိခဲ့တာပဲဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးကမယ်စကြာတွေနဲ့ မှန်မှန်ကန်ကန် အကောင်းဆုံးယှဥ်ပြိုင်သွားရင်း အကောင်းဆုံးအမျိူးသားဝတ်စုံဆုကို မြန်မာနိုင်ငံရဲ့ သူဇာဝင့်လွင် ခေါ် Candy ကရရှိခဲ့တာပဲဖြစ်ပါတယ်။ သူမပြိုင်ပွဲဝင်ကာလအတွင်း အကဲဖြတ်လူကြီးမင်းတွေက သူမရဲ့မျက်နှာသွင်ပြင်က လှပချောမောပြေပြစ်လွန်းတဲ့ အမေရိကန်နာမည်ကျော်အဆိုတော် madison beer နဲ့ခပ်ဆင်ဆင်တူတယ်လို့တောင် မှတ်ချက်ပေးခဲ့ပါတယ်။ Candy က မြန်မာနိုင်ငံရဲ့ ပထမဆုံးမယ်စကြဝဠာဆီမီးဖိုင်နယ်ပွဲအထိ ပါဝင်နိုင်ခဲ့တဲ့ မယ်တစ်ဦးလည်းဖြစ်ပါတယ်။ သူမရောက်တဲ့နေရာတိုင်းမှာ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေနဲ့အခက်အခဲတွေအကြောင်းကို ကမ္ဘာသိအောင်အကူအညီတောင်းခဲ့တဲ့ ရဲရင့်တဲ့ အမျိူးသမီးတစ်ဦးလည်းဖြစ်ပါတယ်။ အိမ်လွမ်းနေတဲ့သူမကို FLORIA မှာရှိတဲ့ချင်းလူမျိူးတွေက ဂုဏ်ပြုပွဲကျင်းပပေးခဲ့ပါတယ်။ ကဲ Candy လေးက ဘယ်လိုလူမျိူးလဲဆိုတာ သိသွားပြီဆိုရင်တော့ သူမရဲ့ အကြောင်းလေးတွေကိုဆက်ပြီး နားထောင်လိုက်ရအောင်…

Candy ကို ၁၉၉၈ခုနှစ်၊ အောက်တိုဘာလ ၁၈ရက်နေ့မှာ မွေးဖွားခဲ့ပြီး လက်ရှိမှာတော့ အသက်၂၂နှစ်ရှိပြီဖြစ်ပါတယ်။ သူမက အသက်ငယ်ရွယ်သေးပေမယ့် ဖြစ်ချင်တဲ့ အိပ်မက်တွေအတွက် အမြဲတမ်း လက်မလျော့ပဲကြိုးစားသွားမှာပါတဲ့။ အခုဆိုရင်တော့သူမက အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုကို ထူထားနိုင်တဲ့သူတစ်ဦးဖြစ်နေပါပြီ။ ပညာရေးအတွက်လက်ရှိမှာတော့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ English မေဂျာကို အဓိကသင်ကြားနေပြီး မောင်နှမတွေအထဲမှာ အငယ်ဆုံးသမီးထွေးလေးပဲဖြစ်ပါတယ်။ သူမမှာ အစ်ကိုကြီးတစ်ယောက်နဲ့ အစ်မတစ်ယောက်ရှိပြီး အစ်မဖြစ်သူကတော့ ပရိတ်သတ်အချစ်တော်မင်းသမီးချောလေး မေပဲဖြစ်ပါတယ်။ Candy က အရပ်၅ပေ ၇လက်မရှိပြီး အညိုရောင် မျက်ဝန်းပိုင်ရှင်လေးဖြစ်ပါတယ်။ သူမမှာ နက်မှောင်နေတဲ့ ဆံကေသာအရှည်ကြီးတွေကို ပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ ဘိုဆန်ဆန်မျက်နှာလေးလည်းရှိပါတယ်။

အရာအားလုံးပြည့်စုံနေတာ မရှိဘူးဆိုသလို Candyက သူမအသက်၁၉နှစ်အရွယ်မှာ ရင်သား၂ဖက်အပေါ် တည်ခဲ့တဲ့အကျိတ်အကြောင်းကို ပရိတ်သတ်တွေကိုပြောပြခဲ့ပါတယ်။ ဆရာဝန်တွေက အကျိတ်နှစ်ခုလုံး ကင်ဆာရောဂါအထိဦးတည်မသွားအောင်လို့အမြန်ဆုံး ဖြတ်တောက်သင့်တယ်လို့အကြံပြုခဲ့တာကြောင့် ခွဲစိတ်မှုခံယူခဲ့ပါတယ်။ ပြီးတဲ့နောက်မှာ ခွဲဒဏ်ရာတွေက အမာရွတ်နှစ်ခုအဖြစ်နဲ့ ကျန်ခဲ့ပါတယ်။ မော်ဒယ်တစ်ယောက်အဖြစ်နဲ့ အသက်မွေးဝမ်းကြောင်းနေတဲ့သူမက ခန္ဓာကိုယ်မှာအမာရွတ်တွေရှိနေတာဟာ သူမရဲ့အနုပညာလမ်းခရီးကို မနှောင့်ယှက်နိုင်ဘူးလို့ ခံယူခဲ့ပါတယ်။ မတူညီတဲ့ ခန္ဓာကိုယ်တွေပိုင်ဆိုင်ထားလည်း ကျွန်မက ကျွန်မပါပဲလို့ ခံယူထားပါတယ်တဲ့။ လေဆာပစ်ပြီး ဖျောက်ပစ်နိုင်ခဲ့ပေမယ့် ဒီအမာရွတ်နဲ့ဒဏ်ရာတွေက သူမဖြတ်ကျော်ခဲ့ရတဲ့အခက်အခဲတွေကို အမြဲတမ်းအမှတ်ရစေတဲ့အတွက် ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိလာပြီး ပိုပိုလို့သာ သတ္တိရှိလာမိပါတယ်တဲ့။ အမျိူးသမီးတိုင်း အမျိူးသမီးတိုင်းက ဝတယ် ပိန်တယ် ဘယ်လိုခန္ဓာကိုယ်အမျိူးအစားကိုမဆို အမြဲတမ်းကိုယ့်ကိုကိုယ်ယုံကြည်မှုရှိနေသင့်ပါတယ်။ သူများတွေမြင်တဲ့အမြင်နဲ့ ကိုယ့်ကိုကိုယ်တန်ဖိုးမဖြတ်သင့်ပါဘူးလို့ဆိုပါတယ်။ ကိုယ့်ကိုကိုယ်ချစ်ပါ လို့ Candy က နိဂုံးချုပ် ဆိုပါတယ်။

Candyက pride monthဖြစ်တဲ့ Juneလ ၁ရက်နေ့မှာ LGBTQ Supporter တစ်ယောက်ဖြစ်ကြောင်းကို social media ကနေတင်ထားပါတယ်။ IOWAမှာပြုလုပ်တဲ့ USရောက် မြန်မာတိုင်းရင်းသားများ အလှူငွေကောက်ခံပွဲ, Karen community fund raising ပွဲ, Minnesota Youth for Myanmar funding ပွဲတွေကို တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံရဲ့လိုအပ်တဲ့နေရာတွေကို လှူဒါန်းသွားမယ်လို့ဆိုပါတယ်။ နိုင်ငံခြားရောက်နေခိုက်မှာ သရုပ်ဆောင်ဥက္ကာမင်းမောင်နဲ့ Mask ချုပ်ပြိုင်ပွဲမှာ ဆုရရှိခဲ့တဲ့ doctor Eric Yang တို့အိမ်ကိုလည်း Candy က အလည်သွားရောက်နှုတ်ဆက်ခဲ့ပါတယ်။ Candy လေးအကြောင်းကိုတော်တော်သိလောက်ပြီထင်လို့ ဒီလောက်နဲ့ပဲ နိဂုံးချုပ်လိုက်ပါရစေ။

ZAWGYI VERSION

Candy လို႔သိၾကတဲ့ ျမန္မာႏိုင္ငံဂုဏ္ေဆာင္ အမ်ိဴးသမီးေလး

ႏိုင္ငံဂုဏ္ေဆာင္အမ်ိဴးသမီးဆိုတာကေတာ့ လြယ္လြယ္နဲ႔ေတာ့ ရရွိခဲ့တာမဟုတ္ပါဘူး။ ႀကိဳးစားအားထုတ္မႈေတြ အခက္အခဲေတြၾကားကေန ရရွိခဲ့တာပဲျဖစ္ပါတယ္။ Candy ဆိုတာဘယ္သူလဲ မသိေသးတဲ့ ပရိတ္သတ္ႀကီးအတြက္ သူမအေၾကာင္းေလးကို ေဖာ္ျပလိုက္ပါတယ္။

Candy ဆိုတဲ့သူမကေတာ့ မယ္စၾကဝဠာဆုရွင္ Miss အမ်ိဴးသမီးတစ္ေယာက္ပဲျဖစ္ပါတယ္။ ၂၀၂၀ခုႏွစ္၊ ဒီဇင္ဘာလ ၃၀ရက္ေန႔မွာေတာ့ Miss Universe Myanmar 2020 ၿပိဳင္ပြဲကို ျမန္မာႏိုင္ငံမွာ ဟားခါးကိုယ္စားျပဳအေနနဲ႔ ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ၂၀၁၉ခုႏွစ္ ျမန္မာမယ္စၾကာဝဠာ မေဆြဇင္ထက္ဆီမွ သရဖူလႊဲေျပာင္းေပးအပ္ခံခဲ့ရၿပီးေနာက္ ၂၀၂၁ခုႏွစ္မွာေတာ့ တစ္ကမာၻလုံးကမယ္စၾကာေတြနဲ႔ ျမန္မာႏိုင္ငံကိုယ္စားျပဳ ယွဥ္ၿပိဳင္ဖို႔ Hollywood Florida ကို အခက္အခဲေတြၾကားထဲက ထြက္ခြာခဲ့ပါတယ္။ ကံေကာင္းမႈေတြျဖစ္လာဖို႔ ကံအရင္ဆိုးရတယ္ဆိုသလိုပဲ LA Airline က Candy ရဲ႕ ညေနခင္းဝတ္စုံနဲ႔ final ၿပိဳင္ပြဲအတြက္ ဝတ္ရမယ့္ဝတ္စုံေတြ သယ္ယူလာတဲ့ ခရီးေဆာင္အိတ္ကို ေမလ ၆ရက္ေန႔မွာပဲ ေလဆိပ္မွာက်န္ခဲ့ပါတယ္။ Candy အေနနဲ႔ ၿပိဳင္ပြဲအတြက္ ဝတ္ရမယ့္ဝတ္စုံေတြ အကုန္လုံးကို တစ္ခ်ိန္ထဲမွာပဲ ဆုံးရႉံးခဲ့ရတာျဖစ္ပါတယ္။ သူမ အေနနဲ႔ ဝတ္စရာပြဲတက္ဝတ္စုံေတြ မရွိေတာ့တာေၾကာင့္ Miss Vietnam Organization, Flipino-American designer Kristen Regalado နဲ႔ ႏိုင္ငံျခားေရာက္ျမန္မာေတြက ဝတ္စုံအေထာက္အပံ့ေတြေပးခဲ့ၾကရပါတယ္။ ျမန္မာႏိုင္ငံမွာရွိတဲ့ ပရိတ္သတ္ေတြကလည္း ဆုေတာင္းအားေပးစကားေတြအမ်ားႀကီး ပို႔ခဲ့ပါတယ္။ အျခားႏိုင္ငံက ပရိတ္သတ္ေတြနဲ႔ အတူတူၿပိဳင္ပြဲဝင္ခဲ့ၾကတဲ့ Miss ေတြကလည္း သူမကို ဆုေတာင္းစကားနဲ႔ လိုအပ္သမွ်အကူအညီေတြေပးခဲ့ပါတယ္လို႔ သူမရဲ႕ Facebook စာမ်က္ႏွာမွာေရးသားေဖာ္ျပခဲ့ပါတယ္။

ၿပိဳင္ပြဲစတင္ရာမွာေတာ့ “Fearless Empress ရဲေသြးကညာပ်ိဴ” အမည္နဲ႔ ခ်င္းအမ်ိဴးသားဝတ္စုံကို ဝတ္ဆင္ၿပီး ယွဥ္ၿပိဳင္ခဲ့ပါတယ္။ ခ်င္းအမ်ိဴးသမီးေတြရဲ႕ ရဲရင့္တဲ့သတၱိကို ဂုဏ္ျပဳၿပီး ျမန္မာႏိုင္ငံသူတစ္ေယာက္ရဲ႕ ဆႏၵေတြကို စင္ျမင့္ေပၚမွာထုတ္ေဖာ္ခဲ့ပါတယ္။ သူမ ဆုံးရႉံးလိုက္ရတဲ့ luggage ထဲမွာ ျမန္မာႏိုင္ငံကိုယ္စားျပဳအမ်ိဴးသားဝတ္စုံကို ပစ္တိုင္းေထာင္ ဝတ္စုံအျဖစ္ ေ႐ြးခ်ယ္ခ်ဴပ္လုပ္ခဲ့တာျဖစ္ပါတယ္။ ဝတ္ၿပီး မယွဥ္ၿပိဳင္ႏိုင္ခဲ့ေပမယ့္ ပစ္တိုင္းေထာင္က လဲက်သြားတိုင္း ျပန္လည္ေထာင္မတ္လာႏိုင္မဲ့ message ကိုေပးခ်င္ခဲ့တာလို႔ဆိုပါတယ္။
“သူငယ္ေတာ္ရဲ႕ ယုံၾကည္ရာပစ္တိုင္းေထာင္” အမည္နဲ႔ ဓါတ္ပုံေတြကိုေတာ့ သူမရဲ႕ social media မွာ ေဖာ္ျပခဲ့ပါတယ္။

အခက္အခဲေတြၾကားထဲကေန အေကာင္းဆုံးျဖစ္လာဖို႔ Candyက Miss Universe 2020 မွာ Top 21 အထိ စကားတင္စာရင္းဝင္ခဲ့ပါတယ္။ Prelims နဲ႔ closed door interview ေတြက အမွတ္ေတြေပါင္းၿပီး ဆန္ကာတင္ရရွိခဲ့တာပဲျဖစ္ပါတယ္။ တစ္ကမာၻလုံးကမယ္စၾကာေတြနဲ႔ မွန္မွန္ကန္ကန္ အေကာင္းဆုံးယွဥ္ၿပိဳင္သြားရင္း အေကာင္းဆုံးအမ်ိဴးသားဝတ္စုံဆုကို ျမန္မာႏိုင္ငံရဲ႕ သူဇာဝင့္လြင္ ေခၚ Candy ကရရွိခဲ့တာပဲျဖစ္ပါတယ္။ သူမၿပိဳင္ပြဲဝင္ကာလအတြင္း အကဲျဖတ္လူႀကီးမင္းေတြက သူမရဲ႕မ်က္ႏွာသြင္ျပင္က လွပေခ်ာေမာေျပျပစ္လြန္းတဲ့ အေမရိကန္နာမည္ေက်ာ္အဆိုေတာ္ madison beer နဲ႔ခပ္ဆင္ဆင္တူတယ္လို႔ေတာင္ မွတ္ခ်က္ေပးခဲ့ပါတယ္။ Candy က ျမန္မာႏိုင္ငံရဲ႕ ပထမဆုံးမယ္စၾကဝဠာဆီမီးဖိုင္နယ္ပြဲအထိ ပါဝင္ႏိုင္ခဲ့တဲ့ မယ္တစ္ဦးလည္းျဖစ္ပါတယ္။ သူမေရာက္တဲ့ေနရာတိုင္းမွာ ျမန္မာႏိုင္ငံရဲ႕ လက္ရွိအေျခအေနနဲ႔အခက္အခဲေတြအေၾကာင္းကို ကမာၻသိေအာင္အကူအညီေတာင္းခဲ့တဲ့ ရဲရင့္တဲ့ အမ်ိဴးသမီးတစ္ဦးလည္းျဖစ္ပါတယ္။ အိမ္လြမ္းေနတဲ့သူမကို FLORIA မွာရွိတဲ့ခ်င္းလူမ်ိဴးေတြက ဂုဏ္ျပဳပြဲက်င္းပေပးခဲ့ပါတယ္။ ကဲ Candy ေလးက ဘယ္လိုလူမ်ိဴးလဲဆိုတာ သိသြားၿပီဆိုရင္ေတာ့ သူမရဲ႕ အေၾကာင္းေလးေတြကိုဆက္ၿပီး နားေထာင္လိုက္ရေအာင္…

Candy ကို ၁၉၉၈ခုႏွစ္၊ ေအာက္တိုဘာလ ၁၈ရက္ေန႔မွာ ေမြးဖြားခဲ့ၿပီး လက္ရွိမွာေတာ့ အသက္၂၂ႏွစ္ရွိၿပီျဖစ္ပါတယ္။ သူမက အသက္ငယ္႐ြယ္ေသးေပမယ့္ ျဖစ္ခ်င္တဲ့ အိပ္မက္ေတြအတြက္ အၿမဲတမ္း လက္မေလ်ာ့ပဲႀကိဳးစားသြားမွာပါတဲ့။ အခုဆိုရင္ေတာ့သူမက အသက္ငယ္ငယ္႐ြယ္႐ြယ္နဲ႔ ေအာင္ျမင္မႈမွတ္တိုင္တစ္ခုကို ထူထားႏိုင္တဲ့သူတစ္ဦးျဖစ္ေနပါၿပီ။ ပညာေရးအတြက္လက္ရွိမွာေတာ့ ရန္ကုန္အေရွ႕ပိုင္းတကၠသိုလ္မွာ English ေမဂ်ာကို အဓိကသင္ၾကားေနၿပီး ေမာင္ႏွမေတြအထဲမွာ အငယ္ဆုံးသမီးေထြးေလးပဲျဖစ္ပါတယ္။ သူမမွာ အစ္ကိုႀကီးတစ္ေယာက္နဲ႔ အစ္မတစ္ေယာက္ရွိၿပီး အစ္မျဖစ္သူကေတာ့ ပရိတ္သတ္အခ်စ္ေတာ္မင္းသမီးေခ်ာေလး ေမပဲျဖစ္ပါတယ္။ Candy က အရပ္၅ေပ ၇လက္မရွိၿပီး အညိဳေရာင္ မ်က္ဝန္းပိုင္ရွင္ေလးျဖစ္ပါတယ္။ သူမမွာ နက္ေမွာင္ေနတဲ့ ဆံေကသာအရွည္ႀကီးေတြကို ပိုင္ဆိုင္ထားၿပီး ဆြဲေဆာင္မႈရွိလြန္းတဲ့ ဘိုဆန္ဆန္မ်က္ႏွာေလးလည္းရွိပါတယ္။

အရာအားလုံးျပည့္စုံေနတာ မရွိဘူးဆိုသလို Candyက သူမအသက္၁၉ႏွစ္အ႐ြယ္မွာ ရင္သား၂ဖက္အေပၚ တည္ခဲ့တဲ့အက်ိတ္အေၾကာင္းကို ပရိတ္သတ္ေတြကိုေျပာျပခဲ့ပါတယ္။ ဆရာဝန္ေတြက အက်ိတ္ႏွစ္ခုလုံး ကင္ဆာေရာဂါအထိဦးတည္မသြားေအာင္လို႔အျမန္ဆုံး ျဖတ္ေတာက္သင့္တယ္လို႔အႀကံျပဳခဲ့တာေၾကာင့္ ခြဲစိတ္မႈခံယူခဲ့ပါတယ္။ ၿပီးတဲ့ေနာက္မွာ ခြဲဒဏ္ရာေတြက အမာ႐ြတ္ႏွစ္ခုအျဖစ္နဲ႔ က်န္ခဲ့ပါတယ္။ ေမာ္ဒယ္တစ္ေယာက္အျဖစ္နဲ႔ အသက္ေမြးဝမ္းေၾကာင္းေနတဲ့သူမက ခႏၶာကိုယ္မွာအမာ႐ြတ္ေတြရွိေနတာဟာ သူမရဲ႕အႏုပညာလမ္းခရီးကို မေႏွာင့္ယွက္ႏိုင္ဘူးလို႔ ခံယူခဲ့ပါတယ္။ မတူညီတဲ့ ခႏၶာကိုယ္ေတြပိုင္ဆိုင္ထားလည္း ကြၽန္မက ကြၽန္မပါပဲလို႔ ခံယူထားပါတယ္တဲ့။ ေလဆာပစ္ၿပီး ေဖ်ာက္ပစ္ႏိုင္ခဲ့ေပမယ့္ ဒီအမာ႐ြတ္နဲ႔ဒဏ္ရာေတြက သူမျဖတ္ေက်ာ္ခဲ့ရတဲ့အခက္အခဲေတြကို အၿမဲတမ္းအမွတ္ရေစတဲ့အတြက္ ကိုယ့္ကိုကိုယ္ယုံၾကည္မႈရွိလာၿပီး ပိုပိုလို႔သာ သတၱိရွိလာမိပါတယ္တဲ့။ အမ်ိဴးသမီးတိုင္း အမ်ိဴးသမီးတိုင္းက ဝတယ္ ပိန္တယ္ ဘယ္လိုခႏၶာကိုယ္အမ်ိဴးအစားကိုမဆို အၿမဲတမ္းကိုယ့္ကိုကိုယ္ယုံၾကည္မႈရွိေနသင့္ပါတယ္။ သူမ်ားေတြျမင္တဲ့အျမင္နဲ႔ ကိုယ့္ကိုကိုယ္တန္ဖိုးမျဖတ္သင့္ပါဘူးလို႔ဆိုပါတယ္။ ကိုယ့္ကိုကိုယ္ခ်စ္ပါ လို႔ Candy က နိဂုံးခ်ဳပ္ ဆိုပါတယ္။

Candyက pride monthျဖစ္တဲ့ Juneလ ၁ရက္ေန႔မွာ LGBTQ Supporter တစ္ေယာက္ျဖစ္ေၾကာင္းကို social media ကေနတင္ထားပါတယ္။ IOWAမွာျပဳလုပ္တဲ့ USေရာက္ ျမန္မာတိုင္းရင္းသားမ်ား အလႉေငြေကာက္ခံပြဲ, Karen community fund raising ပြဲ, Minnesota Youth for Myanmar funding ပြဲေတြကို တက္ေရာက္ခဲ့ၿပီး ျမန္မာႏိုင္ငံရဲ႕လိုအပ္တဲ့ေနရာေတြကို လႉဒါန္းသြားမယ္လို႔ဆိုပါတယ္။ ႏိုင္ငံျခားေရာက္ေနခိုက္မွာ သ႐ုပ္ေဆာင္ဥကၠာမင္းေမာင္နဲ႔ Mask ခ်ဳပ္ၿပိဳင္ပြဲမွာ ဆုရရွိခဲ့တဲ့ doctor Eric Yang တို႔အိမ္ကိုလည္း Candy က အလည္သြားေရာက္ႏႈတ္ဆက္ခဲ့ပါတယ္။ Candy ေလးအေၾကာင္းကိုေတာ္ေတာ္သိေလာက္ၿပီထင္လို႔ ဒီေလာက္နဲ႔ပဲ နိဂုံးခ်ဳပ္လိုက္ပါရေစ။

Latest Posts

Don't Miss