Sunday, November 27, 2022

Latest Posts

မင်းသား ဝေဠုကျော် မင်္ဂလာဆောင်တဲ့ ညမှာပဲအဖမ်းခံလိုက်ရတဲ့ မော်ဒယ်သရုပ်ဆောင် သင်းသင်း

Unicode Version

မနေ့က ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ပရဟိတမင်းသားတစ်ဦးဖြစ်တဲ့ ဝေဠုကျော် ဟာ နှစ်ဖက်သောမိဘတွေရဲ့ သဘောတူညီချက်အရ လက်ထပ်ထိမ်းမြားခဲ့ပါတယ်။ မင်းသား ဝေဠုကျော် နဲ့ လက်ထပ်ထိမ်းမြားသွားခဲ့တဲ့ သတို့သမီးလေးကတော့ ကျောက်ပန်းတောင်းသူဖြစ်ပြီး အငြိမ်းမင်းသမီး ရေကြည်ချမ်းမြ ပဲ ဖြစ်ပါတယ်။ မင်္ဂလာဆောင်ကို ပုပ္ပါးဟိုတယ်မှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ မင်းသား ဝေဠုကျော် ဟာ သူ့ရဲ့ လူမူ့ကွန်ယက်မှာ အသိပေးထားပါတယ်။

မင်းသား ဝေဠုကျော် မင်္ဂလာဆောင်တဲ့ ညမှာပဲ မော်ဒယ်သရုပ်ဆောင် သင်းသင်း ဟာ စစ်ကောင်စီတပ်ရဲ့ အင်အားသုံးပြီး ဖမ်းဆီးတာ ခံလိုက်ရပါတယ်။ သင်းသင်းရဲ့ နေအိမ်ကို ဧည့်စာရင်းစစ်ဖို့ တံခါးဖွင့်ခိုင်ပြီး ဝင်ရောက်အကြမ်းဖက်ဖမ်းဆီးသွားတယ်လို့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ တိုက်ရိုက်ထုတ်လွှင့်မှုအရသိရပါတယ်။ ဖမ်းဆီးမခံရခင် သင်းသင်းက အခြေအနေကို Live လွှင့်ပြီး ပြည်သူတွေကို အသိပေး ပြောဆိုမှုတွေ လုပ်နိုင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဖုန်းကိုလုပြီးအကြမ်းဖက် ဖမ်းဆီးခံခဲ့ရတယ်လို့ စိတ်မကောင်းစွာ သိရပါတယ်။

မော်ဒယ်သရုပ်ဆောင် သင်းသင်း ဟာ မင်းသား ဝေဠုကျော် ကို ကာမလိမ်လည်မူ့ဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး အမူရင်ဆိုင်ခဲ့ရပါသေးတယ်။

ZawGyi Version





Latest Posts

Don't Miss