Sunday, November 27, 2022

Latest Posts

မင်းသား ပြေတီဦး ကို အမြန်ဆုံးလွတ်မြောက်စေချင်ပြီဆိုတဲ့ လူရွှင်တော်ကြီး ငှက်ပျောကြော်

Unicode Version

လူရွှင်တော်တစ်ဦးဖြစ်သလို ဝါရင့်သရုပ်ဆောင်လည်းဖြစ်တဲ့ ငှက်ပျောကြော် ကတော့ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကို ရရှိထားပြီးသား ဖြစ်ပါတယ် ။ လူငယ်အရွယ်ကတည်းကနေ အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းခဲ့ပြီးတော့ အခုချိန်အထိတိုင်အောင် သူဝါသနာပါတဲ့အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေဆဲ ဖြစ်ပါတယ် ။ ငှက်ပျောကြော် ဟာ သရုပ်ဆောင်တော်သလို ဟာသဥာဏ်လည်းရွှင်ပြီး သူ့ရဲ့ပြက်လုံးတွေနဲ့ ပရိသတ်တွေကို တင်ဆက်ပေးတတ်တာ ဖြစ်ပါတယ် ။

လူရွှင်တော်ကြီး ဦးငှက်ပျောကြော် ကတော့ ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ တော်တော်များများမှာ ပါဝင်သရုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒါအပြင် အနုပညာလောကမှ မင်းသား၊မင်းသမီးတွေကလဲ ခင်မင် ချစ်ခင်ရသူတစ်ဦးဖြစ်ပါသေးတယ်။ ဦးငှက်ပျောကြော် ဟာ ဖမ်းဆီးခံထားရတဲ့ မင်းသား ပြေတီဦး ကို သတိရနေပြီး အမြန်ဆုံးလွတ်မြောက်ပါစေလို့လဲ ဆုတောင်းပေးထားပါတယ်။ ဦးငှက် ပြောလိုက်ပုံကတော့ “လွတ်​မြောက်​စေချင်ပါတယ်တီတီရယ်….” မင်းသား ပြေတီဦး ဓာတ်ပုံလေးတွေနဲ့အတူ လို့ သူ့ရဲ့ လူမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ မင်းသား ပြေတီဦး နဲ့အတူ အခြားဖမ်းဆီးခံ အနုပညာရှင်တွေ အားလုံးအမြန်ဆုံးပြန်လည် လွတ်မြောက်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss