Saturday, December 3, 2022

Latest Posts

မင်းသမီး အိန္ဒြာကျော်ဇင် အတွက် မှန်ကန်တဲ့တွက်ကိန်းတွေ ဟောပေးခဲ့တဲ့ ငှက်ပျောကြော် ရဲ့ ဇနီး နေခြည်(တားရော့ခ်)

ပရိသတ်ကြီးတို့ရဲ့ ငယ်စဉ်ထဲကအားပေးလာခဲ့ရတဲ့ ဟာသလူရွှင်တော်ကြီး ဦးငှက်ပျောကြော် ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ်ထင်ပါတယ်နော်။ လူရွှင်တော်ကြီး ဦးငှက်ပျောကြော် ရဲ့ ပြက်လုံးတွေဟာ ပရိသတ်တွေကို ရယ်မောပျော်ရွှင်စေပြီး ပရိသတ်ကို မပျင်းရလေအောင် ဖျော်ဖြေနိုင်တာပဲ ဖြစ်ပါတယ်။ နေခြည် တားရော့ခ် ဟာ ဦးငှက်ပျောကြော် ရဲ့ ဇနီးဖြစ်ပါတယ်။ သူမဟာ မှန်ကန်တဲ့ ဟောကိန်းတွေကို ဟောပေးနေသူတစ်ဦးပါ။

” ပျော်ရတဲ့နေ့ ….ဘဘသူရခေါ် ဦးဇာဂနာ အချုပ်ကနေ ပြန်လွတ် လာ အူဝဲ အတွက် တားရော့ကြည့်ပေးဖို့ ကျွန်မကို ပြောလာပါတယ် ။ အဲ့ဒါက ကာယကံရှင် ခွင့်ပြုမှ ကြည့်လို့ရမှာပါ ဘဘ ရေလို့ ပြောတော့ အိုကေ တဲ့ ။ အန်တီမာ ဖုန်းဆက်ပါလိမ့်မယ်တဲ့ ။ ၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်ပိုင်းလောက်မှာ အန်တီမာ ( အူဝဲ ရဲ့ မေမေ ) ကျွန်မဆိီကို ဖုန်းဆက် လာပါတယ် ။ အူဝဲ အတွက် ကတ်ကြည့်ပေးဖို့ အကူ ညီတောင်းပါတယ် ။ အူဝဲ နဲ့က အပြင်မှာလည်း ခင် မင်ပြီးသားမို့ ကြည့်ပေးပါ့မယ် အန်တီမာ ရယ် လို့ပြောပြီးတာနဲ့ ချက်ချင်းပဲ တားရော့ကြည့်ပေးလိုက် ပါတယ် ။ အန်တီမာ ကတော့ မြေးလေးတွေအတွက် စိတ်မကောင်းလွန်းလို့ အူဝဲ က်ိုလွတ်စေချင်ပါတယ် ။လွတ် ဖို့အတွက်လည်း အရမ်းမျှော်လင့်နေတယ် ။ တီတီကို လည်း လွတ်စေချင်ပေမဲ့ မလွယ်လောက်ဘူး ဆိုတာ သိတော့ အူဝဲကိုပဲ အဓိကထားရတာပါ ။ အူဝဲအတွက် ကတ်ကြည့်တော့ ဒီနှစ်မှာ ကံအရမ်း နည်းနေလို့ မလွတ်နိုင်သေးဘူး ဆိုတာ တွေ့တယ်။ စိတ်မကောင်းစွာနဲ့ပဲ အန်တီမာ ဆီဖုန်းဆက်ပြောရ ပါတယ် ။ ၂၀၂၂ လောက်မှပဲ လွတ်နိုင်မယ် အန်တီ မာရယ် ဆိုတော့ ဖုန်းထဲကနေ အန်တီမာရဲ့ ငိုသံကို ခပ်တိုးတိုးလေး ကြားရတယ် ။ ဆုတောင်းရုံအပြင် ကျွန်မလည်း ဘာမှ လုပ်ပေး လို့ မရနိုင်ဘူးလေ ။ အူဝဲ အတွက် နေ့တိုင်း မေတ္တာ ပို့ပေး ဆုတောင်းပေးခဲ့ပါတယ် ။ ဒီလိုနဲ့ ၂၀၂၂ ခုနှစ် ဖေဖေါ်ဝါရီလ ရောက်လာတယ်။ အန်တီမာ ဖုန်းဆက်လာပြန်ပါတယ် ။ အူဝဲ အတွက် နောက်ထပ် ကတ်ကြည့်ပေးဖို့ ပြောပါတယ်။ ဒီလမှာ အူဝဲ လွတ်မယ်လို့ စိတ်ထဲ ထင်နေမိလို့တဲ့။ အမေ တစ်ယောက်ရဲ့ မေတ္တာစိတ်စွမ်းအားပါ ။ သူ့လိုလို သိနေတဲ့ စိတ်မျိုးပေါ့ ။ အူဝဲ အတွက် ကတ်ချကြည့်ပေမဲ့ ဒီလမှာလည်း လွတ်ဖို့ မမြင်သေးဘူး အန်တီမာရေ စိတ်မကောင်းဘူး ဒီလမှာလည်း မရ နိုင်သေးဘူး ။ မတ်လနဲ့ ဧပရယ်လ မှာတော့ ကံတရားက ပြောင်း လဲလာတဲ့ ကံဖြစ်လို့ လွတ်နိုင်ပါတယ် အန်တီမာရယ် စိတ်မပူပါနဲ့ သေချာလေး ဆုတောင်းမေတ္တာပို့ပေး ရင် ရမှာပါလို့ ပြောခဲ့တာ အခု အဲ့ဒီ ဆုတောင်းလေး ပြည့်ပါပြီ ။ အူဝဲ နဲ့ တီတီ အိမ်ပြန်ရောက်ပါပြီ ။ အန်တီမာလည်း မြေးလေးတွေနဲ့ အတူ ဝမ်းသာနေ လိမ့်မယ်လို့ ထင်ပါတယ် ။ လောကမှာ အဆိုးကြုံ လာရင် အလောတကြီးနဲ့ ဘာမှ ပြောင်းလဲလ်ို့မရပါ ဘူး အချိန်အခါဆိုတာ ရှိပါတယ် ။ ခံရတဲ့ အချိန်မှာ သည်းခံပြီးစောင့် ကုသိုလ်တရားနဲ့ သာစောင့်ပါ ၊ သူ့အလှည့် ကိုယ့်အလှည့် ဆိုတာ ရှိလာမှာပါလေ …” လို့ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ မင်းသမီး အိန္ဒြာကျော်ဇင် အတွက် နေခြည် ရဲ့ ဟောကိန်းတွေက မှန်ကန်လွန်းပါတယ်နော်။ သူမရဲ့ပညာက လေးစားစရာကောင်းလွန်းပါတယ်။

Latest Posts

Don't Miss