Saturday, December 3, 2022

Latest Posts

မိခင်တစ်ယောက်အနေနဲ့ သားသမီးတွေအတွက်ပဲ ဘဝကို မြှပ်နှံထားတယ်ဆိုတဲ့ မေမေ နန်းမြတ်

Unicode Version

ပရိသတ်ကြီးရေ နန်းမြတ်ဖြိုးသင်း ဟာ သရုပ်ဆောင်၊အဆိုတော်၊မော်ဒယ် စတဲ့ အနုပညာလုပ်ငန်းတွေကို အောင်မြင်စွာပြုလုပ်ခဲ့ပြီး ပရိသတ်တွေကလဲ တစ်ခဲနက် လက်ခံအားပေးခဲ့တာပဲ ဖြစ်ပါတယ်နော်။ သူမဟာ အိမ်ထောင်ကျပြီးနောက် အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်ခြင်း မရှိတော့ပါဘူး။ ကံတရားရဲ့ မျက်နှာသာမပေးမူ့ကြောင့် ကိုဗစ်တတိယလှိုင်းမှာ ခင်ပွန်းဖြစ်သူ ရုတ်တရတ် ကွယ်လွန်သွားခဲ့တာပါ။ ဒါကြောင့်လဲ ကျန်ရစ်ခဲ့တဲ့ ရင်သွေးငယ်လေး နှစ်ယောက်ကို ဖခင်တာဝန် နဲ့ မိခင်တာဝန် ကိုပါ ကျေပွန်အောင် ကြိုးစားနေရတာပဲ ဖြစ်ပါတယ်။ နန်းမြတ် ဟာ သူမဘဝကို သားသမီးတွေအပေါ်မှာပဲ မြှပ်နှံထားပါတယ်တဲ့။

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်း က မိခင်တွေရဲ့ဘဝကို တဖြည်းဖြည်း နားလည်သဘောပေါက် လာခဲ့ပါတယ်။ အမေတွေရဲ့ ဘဝ ဟာ သားသမီးတွေအတွက် မြှပ်နှံထားတယ်ဆိုတဲ့အကြောင်းကို အခုလိုပဲ ရေးသားလာခဲ့ပါတယ်။ ” အလုပ်တွေအရမ်းလုပ်ရင်းနဲ့သားလေးဒီလိုအရွယ်ရောက်သွားတာသတိမထားလိုက်မိဘူး အဲ့လိုနဲ့ပဲဒီမေမေလဲအိုမင်းရင်း သားသားဘယ်အရွယ်မှာလူကြီးဖြစ်ပီလို့သတိထားမိမလဲမသိ အမေတွေဟာသူတို့ရဲ့ဘဝတွေကိုသားသမီးတွေအတွက်မြုပ်နှံထားတာကိုပိုသဘောပေါက်လာတယ် ” လို့ နန်းမြတ် ဟာ သူမရဲ့ လူမူ့ကွန်ယက်မှာ ရေးသားထားပါတယ်။ သားအကြီးလေး ဂျက်ဂျက် ဟာ အလုပ်တွေများနေလို့ သူမသတိမထားမိတဲ့အချိန်မှာပဲ တဖြည်းဖြည်းအရွယ်ရောက်လာတာကြောင့် ပီတီတွေဖြစ်နေပါတယ်။

ပရိသတ်ကြီးရေ မိခင်တစ်ယောက်ဟာ သားသမီးတွေအပေါ်ချစ်တဲ့ အချစ်ဟာကြီးမားလွန်းပါတယ်နော်။ နန်းမြတ် ဟာ ဖခင်မရှိတော့တဲ့ ဂျက်ဂျက် နဲ့ ဂျူးဂျူးလေး အပေါ် အရင်ထက်နှစ်ဆ ပိုချစ်ပေးနေကြောင့် ကြည်နူးစရာကောင်းပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ Cele Only စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။

ZawGyi Version

မိခင္တစ္ေယာက္အေနနဲ႔ သားသမီးေတြအတြက္ပဲ ဘဝကို ျမႇပ္ႏွံထားတယ္ဆိုတဲ့ ေမေမ နန္းျမတ္

ပရိသတ္ႀကီးေရ နန္းျမတ္ၿဖိဳးသင္း ဟာ သ႐ုပ္ေဆာင္၊အဆိုေတာ္၊ေမာ္ဒယ္ စတဲ့ အႏုပညာလုပ္ငန္းေတြကို ေအာင္ျမင္စြာျပဳလုပ္ခဲ့ၿပီး ပရိသတ္ေတြကလဲ တစ္ခဲနက္ လက္ခံအားေပးခဲ့တာပဲ ျဖစ္ပါတယ္ေနာ္။ သူမဟာ အိမ္ေထာင္က်ၿပီးေနာက္ အႏုပညာအလုပ္ေတြကို ဆက္လက္လုပ္ကိုင္ျခင္း မရွိေတာ့ပါဘူး။ ကံတရားရဲ႕ မ်က္ႏွာသာမေပးမူ႔ေၾကာင့္ ကိုဗစ္တတိယလႈိင္းမွာ ခင္ပြန္းျဖစ္သူ ႐ုတ္တရတ္ ကြယ္လြန္သြားခဲ့တာပါ။ ဒါေၾကာင့္လဲ က်န္ရစ္ခဲ့တဲ့ ရင္ေသြးငယ္ေလး ႏွစ္ေယာက္ကို ဖခင္တာဝန္ နဲ႔ မိခင္တာဝန္ ကိုပါ ေက်ပြန္ေအာင္ ႀကိဳးစားေနရတာပဲ ျဖစ္ပါတယ္။ နန္းျမတ္ ဟာ သူမဘဝကို သားသမီးေတြအေပၚမွာပဲ ျမႇပ္ႏွံထားပါတယ္တဲ့။

သ႐ုပ္ေဆာင္ နန္းျမတ္ၿဖိဳးသင္း က မိခင္ေတြရဲ႕ဘဝကို တျဖည္းျဖည္း နားလည္သေဘာေပါက္ လာခဲ့ပါတယ္။ အေမေတြရဲ႕ ဘဝ ဟာ သားသမီးေတြအတြက္ ျမႇပ္ႏွံထားတယ္ဆိုတဲ့အေၾကာင္းကို အခုလိုပဲ ေရးသားလာခဲ့ပါတယ္။ ” အလုပ္ေတြအရမ္းလုပ္ရင္းနဲ႔သားေလးဒီလိုအ႐ြယ္ေရာက္သြားတာသတိမထားလိုက္မိဘူး အဲ့လိုနဲ႔ပဲဒီေမေမလဲအိုမင္းရင္း သားသားဘယ္အ႐ြယ္မွာလူႀကီးျဖစ္ပီလို႔သတိထားမိမလဲမသိ အေမေတြဟာသူတို႔ရဲ႕ဘဝေတြကိုသားသမီးေတြအတြက္ျမဳပ္ႏွံထားတာကိုပိုသေဘာေပါက္လာတယ္ ” လို႔ နန္းျမတ္ ဟာ သူမရဲ႕ လူမူ႔ကြန္ယက္မွာ ေရးသားထားပါတယ္။ သားအႀကီးေလး ဂ်က္ဂ်က္ ဟာ အလုပ္ေတြမ်ားေနလို႔ သူမသတိမထားမိတဲ့အခ်ိန္မွာပဲ တျဖည္းျဖည္းအ႐ြယ္ေရာက္လာတာေၾကာင့္ ပီတီေတြျဖစ္ေနပါတယ္။

ပရိသတ္ႀကီးေရ မိခင္တစ္ေယာက္ဟာ သားသမီးေတြအေပၚခ်စ္တဲ့ အခ်စ္ဟာႀကီးမားလြန္းပါတယ္ေနာ္။ နန္းျမတ္ ဟာ ဖခင္မရွိေတာ့တဲ့ ဂ်က္ဂ်က္ နဲ႔ ဂ်ဴးဂ်ဴးေလး အေပၚ အရင္ထက္ႏွစ္ဆ ပိုခ်စ္ေပးေနေၾကာင့္ ၾကည္ႏူးစရာေကာင္းပါတယ္။ အဆုံးထိဖတ္ရႈ႕ေပးတဲ့ Cele Only စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္ေနာ္။

Latest Posts

Don't Miss