Friday, January 27, 2023

Latest Posts

မကြာခင်ရွှေလက်တွဲကြတော့မယ့် နန္ဒာလှိုင်ရဲ့မောင်လေး စိန်ဖြိုးလှိုင် နဲ့ ရီရီပွင့်ဖြူ

Unicode Version

ပရိသတ်ကြီးရေ.. အောင်မြင်မှုတွေအပြင် အနုပညာလောကမှာ ပရိသတ်တွေချစ်ခင်နေကြရတဲ့ ပြည်သူ့အသည်းကျော် အနုပညာရှင်မောင်နှမတွေထဲမှာ သရုပ်ဆောင်အကယ်ဒမီမင်းသမီးချော နန္ဒာလှိုင်နဲ့ စိန်ဖြိုးလှိုင် တို့ မောင်နှမနှစ်ယောက်ကလည်း အပါအဝင်ပါပဲ..။ စိန်ဖြိုးလှိုင် နဲ့ ရီရီပွင့်ဖြူ တို့စုံတွဲလေးကိုတော့ ပရိသတ်တိုင်းသိလိမ့်ထင်ပါတယ်။ ပွင့်လင်းပြီးနားလည်မှုအပြည့်နဲ့မို့ ပရိသတ်တွေအားလုံးက ချစ်ခင်အားကျနေကြရတဲ့ ဆယ်လီစုံတွဲလေးကတော့ လိုက်ဖက်ပြီး ပွင့်လင်းလွန်းကြတဲ့ သရုပ်ဆောင် စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူ တို့ပဲ ဖြစ်ပါတယ်နော်..။ သူတို့စုံတွဲကတော့ ချစ်သူသက်တမ်း(၈)နှစ်ကြာပြီးနောက် လက်ထပ်တော့မယ်လို့ ပရိသတ်ကိုအသိပေးပြောကြားလိုက်ပါတယ်။

ချစ်သူသက်တမ်း(8)နှစ်ကြာပြီး မကြာခင်လက်ထပ်ကြတော့မယ့်အကြောင်း မင်္ဂလာသတင်းကို Sein phyo&YI pageမှပြောကြားခဲ့တာပဲဖြစ်ပါတယ်။ စိန်ဖြိုးလှိုင် နဲ့ ရီရီပွင့်ဖြူ တို့စုံတွဲကတော့ ပျော်ရွှင်ကြည်နူးစရာ ဗဟုသုတရစရာတွေကို အမြဲလိုလိုဝေမျှပေးနေတတ်ပြီး အရမ်းကို ချစ်တတ် ကြင်နာတတ်တဲ့စုံတွဲလေးပါ ။ ကိုဗစ်ရောဂါဆိုးကြီး မြန်မာလူထုကြားထဲ ကူးစက်ပျံ့နှံ့စဉ်ကလဲ သူတို့ချစ်သူနှစ်ဦးဟာ အမဖြစ်သူနဲ့အတူ တတ်တဲ့ပညာနဲ့ ပြည်သူတွေကို ကူညီစောက်ရှောက်ခဲ့သူတွေလည်းဖြစ်ပါတယ်။ ဒါအပြင် တစ်ဦးပေါ်တစ်ဦး ဖေးမကူညီရင်း ၈ နှစ်ကြာချစ်ခရီးလမ်းကို သာယာအေးချမ်းစွာ လျှောက်လှမ်းနေကြသူတွေပါ။ မြန်မာပြည်ရဲ့နိုင်ငံရေးမတည်ငြိမ်မှု့နဲ့ ကိုဗစ်ရောဂါကြောင့် မင်္ဂလာပွဲကျင်းပမယ့်နေ့ရက်ကို အတိအကျမသတ်မှတ်ရသေးဘူးလို့သိရပါတယ်။ မင်္ဂလာသတင်းကိုတော့ သူတို့ရဲ့ Sein Phyo & Yi လူမှုကွန်ယက် စာမျက်နှာပေါ်ကနေ ကြောငြာပေးသွားမှာဖြစ်ပါတယ်နော် ။

ချစ်ဖို့ကောင်းတဲ့ စုံတွဲလေး မင်္ဂလာပွဲလေးကို အမြန်ဆုံး ဆင်နွှဲနိုင်ပြီးတော့ ရွှေလက်တွဲနိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ရပါတယ် ။

ZawGyi Version

မၾကာခင္ေ႐ႊလက္တြဲၾကေတာ့မယ့္ နႏၵာလႈိင္ရဲ႕ေမာင္ေလး စိန္ၿဖိဳးလႈိင္ နဲ႔ ရီရီပြင့္ျဖဴ

ပရိသတ္ႀကီးေရ.. ေအာင္ျမင္မႈေတြအျပင္ အႏုပညာေလာကမွာ ပရိသတ္ေတြခ်စ္ခင္ေနၾကရတဲ့ ျပည္သူ႔အသည္းေက်ာ္ အႏုပညာရွင္ေမာင္ႏွမေတြထဲမွာ သ႐ုပ္ေဆာင္အကယ္ဒမီမင္းသမီးေခ်ာ နႏၵာလႈိင္နဲ႔ စိန္ၿဖိဳးလႈိင္ တို႔ ေမာင္ႏွမႏွစ္ေယာက္ကလည္း အပါအဝင္ပါပဲ..။ စိန္ၿဖိဳးလႈိင္ နဲ႔ ရီရီပြင့္ျဖဴ တို႔စုံတြဲေလးကိုေတာ့ ပရိသတ္တိုင္းသိလိမ့္ထင္ပါတယ္။ ပြင့္လင္းၿပီးနားလည္မႈအျပည့္နဲ႔မို႔ ပရိသတ္ေတြအားလုံးက ခ်စ္ခင္အားက်ေနၾကရတဲ့ ဆယ္လီစုံတြဲေလးကေတာ့ လိုက္ဖက္ၿပီး ပြင့္လင္းလြန္းၾကတဲ့ သ႐ုပ္ေဆာင္ စိန္ၿဖိဳးလႈိင္နဲ႔ ရီရီပြင့္ျဖဴ တို႔ပဲ ျဖစ္ပါတယ္ေနာ္..။ သူတို႔စုံတြဲကေတာ့ ခ်စ္သူသက္တမ္း(၈)ႏွစ္ၾကာၿပီးေနာက္ လက္ထပ္ေတာ့မယ္လို႔ ပရိသတ္ကိုအသိေပးေျပာၾကားလိုက္ပါတယ္။

ခ်စ္သူသက္တမ္း(8)ႏွစ္ၾကာၿပီး မၾကာခင္လက္ထပ္ၾကေတာ့မယ့္အေၾကာင္း မဂၤလာသတင္းကို Sein phyo&YI pageမွေျပာၾကားခဲ့တာပဲျဖစ္ပါတယ္။ စိန္ၿဖိဳးလႈိင္ နဲ႔ ရီရီပြင့္ျဖဴ တို႔စုံတြဲကေတာ့ ေပ်ာ္႐ႊင္ၾကည္ႏူးစရာ ဗဟုသုတရစရာေတြကို အၿမဲလိုလိုေဝမွ်ေပးေနတတ္ၿပီး အရမ္းကို ခ်စ္တတ္ ၾကင္နာတတ္တဲ့စုံတြဲေလးပါ ။ ကိုဗစ္ေရာဂါဆိုးႀကီး ျမန္မာလူထုၾကားထဲ ကူးစက္ပ်ံ႕ႏွံ႔စဥ္ကလဲ သူတို႔ခ်စ္သူႏွစ္ဦးဟာ အမျဖစ္သူနဲ႔အတူ တတ္တဲ့ပညာနဲ႔ ျပည္သူေတြကို ကူညီေစာက္ေရွာက္ခဲ့သူေတြလည္းျဖစ္ပါတယ္။ ဒါအျပင္ တစ္ဦးေပၚတစ္ဦး ေဖးမကူညီရင္း ၈ ႏွစ္ၾကာခ်စ္ခရီးလမ္းကို သာယာေအးခ်မ္းစြာ ေလွ်ာက္လွမ္းေနၾကသူေတြပါ။ ျမန္မာျပည္ရဲ႕ႏိုင္ငံေရးမတည္ၿငိမ္မႈ႕နဲ႔ ကိုဗစ္ေရာဂါေၾကာင့္ မဂၤလာပြဲက်င္းပမယ့္ေန႔ရက္ကို အတိအက်မသတ္မွတ္ရေသးဘူးလို႔သိရပါတယ္။ မဂၤလာသတင္းကိုေတာ့ သူတို႔ရဲ႕ Sein Phyo & Yi လူမႈကြန္ယက္ စာမ်က္ႏွာေပၚကေန ေၾကာျငာေပးသြားမွာျဖစ္ပါတယ္ေနာ္ ။

ခ်စ္ဖို႔ေကာင္းတဲ့ စုံတြဲေလး မဂၤလာပြဲေလးကို အျမန္ဆုံး ဆင္ႏႊဲႏိုင္ၿပီးေတာ့ ေ႐ႊလက္တြဲႏိုင္ပါေစလို႔ ဆုမြန္ေကာင္းေတာင္းလိုက္ရပါတယ္ ။

Latest Posts

Don't Miss