Sunday, November 27, 2022
Latest Posts
ဘောလီးဝုဒ် တွင် အချမ်းသာဆုံး သရုပ်ဆောင် မင်းသမီး ၁၀ယောက်
Unicode Version
Celebrity Net Worth ရဲ့စစ်တမ်းကောက်ချက်များအရာ အောက်ဖော်ပြပါ မင်းသမီး ၁၀ ဦးကတော့ ဘောလီးဝုဒ် ရဲ့ အချမ်းသားဆုံးသရုပ်ဆောင်မင်းသမီး ၁၀ ယောက်ပဲဖြစ်ပါတယ်။
(၁) Aishwarya Rai Bachchan
ဘောလီးဝုဒ် တွင် အချမ်းသာဆုံး သရုပ်ဆောင် မင်းသမီး ၁၀ ယောက်
ဘောလီး၀ုဒ် ရဲ့ အကျော်ကြားဆုံးနဲ့ လစာအများဆုံးမင်းသမီး ထဲမှာ Aishwarya Rai Bachchan လည်းပါ၀င်ပါတယ်။သူမဟာဆိုရင် L’Oréal Paris Womenswear Spring/Summer 2022 show ရှိုးက အလှမယ် ဖြစ်ခဲ့သူပါ။ အသက် ၄၀ ရှိပြီဖြစ်တဲ့သူမဟာ သရုပ်ဆောင် အလုပ် အပြင် အမေရိကန်ဒေါ်လာ သန်း၁၀၀ ဖြင့် L’Oréalကမ္ဘာလုံးဆိုင်ရာ သံတမန်အဖြစ် ဆယ်စုနှစ်တစ်ခု အကြာလုပ်ကိုင်ခဲ့တဲ့သူတစ်ယောက်ပါ။ဒီစာချုပ်ကနေ သူမ အတွက်အကျိုးအမြတ်အများကြီး ရနေတယ်ဆိုတာတော့ မငြင်းနိုင်ပါဘူး။ မင်းသမီး Rai ဟာ အခြား Lux,Coca-Cola,Longines,Pepsi နဲ့ Fuji စတဲ့ brand တွေစတဲ့ကြော်ငြာတွေကိုလည်းလက်ခံထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ အလုပ်တွေအများကြီးလုပ်ရတော့ ၀င်ငွေများတဲ့ Rai တစ်ယောက်ဟာ အချမ်းသားဆုံး သရုပ်ဆောင်မင်းသမီးဖြစ်ခဲ့ပါပြီ။
(၂) Priyanka Chopra-Joans
ဘောလီးဝုဒ် တွင် အချမ်းသာဆုံး သရုပ်ဆောင် မင်းသမီး ၁၀ ယောက်
Priyanka မင်းသမီး ကတော့‌ဘောလီးဝုဒ် တင်မကဘဲ ဟောလီးဝုဒ် အထိပါအောင်မြင်ကျော်ကြားသူတစ်ယောက်ပဲဖြစ်ပါတယ်။ Celebrity Net Worth ရဲ့ စစ်တမ်း အရ အသက် ၃၉ နှစ်အရွယ် Priyanka ကတော့ တစ်နှစ်တွင် ၀င်ငွေ ဒေါ်လာ ၁၀ ရှိပြီးတော့ ဒေါ်လာ သန်း ၇၀ လောက်ပိုင်ဆိုင်ထားသူပဲဖြစ်ပါတယ်။
အန္ဒိယ ကြယ်ပွင့် မင်းသမီး Priyanka Chopra ကတော့ ကုန်အမှတ်တံဆိပ်တွေ ကြော်ငြာခြင်း နှင့် Bulgari အတွက် ကမ္ဘာလုံးဆိုင်ရာသံတမန်အဖြစ်လည်းခန့်အပ်ခြင်ခံရတာပဲဖြစ်ပါတယ်။ သူမနှင့် ခင်ပွန်း Nick Jonas တို့ဟာ Bumble စတဲ့ နည်းပညာကုမ္ပဏီ များတွင်လည်းရင်းနှီးမြုပ်နှံထားကြပါတယ်။ Priyanka ဟာ ဆံပင်ထိန်းသိမ်းနိုင်တဲ့ Anomaly လို့ခေါ်တဲ့ အမှတ်တံဆိပ်ကို ထုတ်လုပ်ထားပြီး နယူးယောခ့် တွင် Sona လို့ခေါ်တဲ့ အန္ဒိယ စားသောက်ဆိုင်ကိုလည်းဖွင့်လှစ်ထားနိုင်ပါသေးတယ်။သူမရဲ့ ပိုင်ဆိုင်မှုတွေကလည်း အများကြီးပါဘဲနော်။
(၃) Kareena Kapoor
ဘောလီးဝုဒ် တွင် အချမ်းသာဆုံး သရုပ်ဆောင် မင်းသမီး ၁၀ ယောက်
ဘောလီးဝုဒ် မင်းသမီး Kareena Kapoor ရဲ့ ဝင်ငွေဟာဆိုရင်ဒေါ်လာ သန်း ၆၀ နီးပါးရှိတယ် လို့ ခန့်မှန်းသိရှိရပါတယ်။ အသက် ၄၁ အရွယ်မင်းသမီး ကတော့ ဆယ်စုနှစ် နှစ်ခုကျော်အုပ်စိုးလာ နိုင်ခဲ့တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။ IBTimes india ကအသားတင် ဒေါ်လာ သန်း ၆၀ ရှိတယ်လို့ဖော်ပြခဲ့ပါတယ်။နာမည်ကြီး အမှတ်တံဆိပ် ၁၅ ခုကိုလည်းလက်ခံထားသူးတစ်ယောက်ဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်‌နေပါတယ်။
3 idiot ကြယ်ပွင့် များဟာ မွမ်ဘိုင်းမြို့ Bandra တစ်ဝှမ်းရှိ အိမ်ခြံမြေ မှာ စျေးအဆမတန်မြတ်နေကြတယ်လို့လည်းသတင်းတွေထွက်ပေါ်ခဲ့ပါသေးတယ်။ “Handal Mehta’s” ဆိုတဲ့သည်းထိတ်ရင်ဖိုဇာတ်ကားအတွက်လည်းထုတ်လုပ်သူအဖြစ်လုပ်ကိုင်ဦးမှာပါ။သူမရဲ့ကြွယ်ဝမှု တွေကလည်း ပရိတ်သတ်တွေရဲ့ မျက်မြင်ပါဘဲ ။
(၄) Anushka Sharma
ဘောလီးဝုဒ် တွင် အချမ်းသာဆုံး သရုပ်ဆောင် မင်းသမီး ၁၀ ယောက်
DNA india ရဲ့ အဆိုပြုချက်အရ မင်းသမီးနှင့် ရုပ်ရှင်ထုပ်လပ်သူ Anushka Sharma ဟာ ခန့်မှန်းခြေ အမေရိကန် ဒေါ်လာ ၄၆ သန်းပိုင်ဆိုင်နိုင်တယ်လို့ သိရပါတယ်။ Anushka Sharma PK ဇာတ်ကားတွင်လည်း ပါ၀င်သရုပ်ဆောင်ထားပြီး ဇာတ်ကား တစ်ကားလျှင် အမေရိကန် ဒေါ်လာ နှစ်သန်းတောင်းဆိုကြောင်း ကြားသိရပါတယ်။ အသက် ၃၃ နှစ်အရွယ်မင်းသမီး ဟာ Nivea,vivo.. စတဲ့ အမှတ်တံဆိပ် တွေကို ကြော်ငြာပေးရင်း ၀င်ငွေကတော့ နှစ်ဆမြင့်တက်လာစေခဲ့တာပဲဖြစ်ပါတယ်။ ၂၀၁၃ မှာတော့ သူမ၏ အစ်ကိုဖြစ်သူနဲ့ Clean Slate Filmz ကိုပူးတွဲတည်ထောင်ခဲ့ပြီး နာမည်ကြီး ရုပ်ရှင် အချို့ နှင့် ဆုရတီဗီရှိုး တွေကိုလည်းရိုက်ကူးနိုင်ခဲ့တာဖြစ်ပါတယ်။ အသက် ၃၃ နှစ်နဲ့ ၀င်ငွေတွေများအောင်ရှာနိုင်တဲ့မင်းသမီးတစ်ယောက်ပါ။
(၅) Deepika Padukone
ဘောလီးဝုဒ် တွင် အချမ်းသာဆုံး သရုပ်ဆောင် မင်းသမီး ၁၀ ယောက်
ယခုနှစ် အစောပိုင်းတွင် Padukone ဟာ အနုပညာကြေး ညှိနှိုင်းမှုများ အဆင်မပြေသောကြောင့် Baiju Bawra ရုပ်ရှင် ကနေနုတ်ထွက်လိုက်ရပါတယ်။ Film Fare ရဲ့အဆိုအရ အသက် ၃၅ နှစ်အရွယ် မင်းသမီး ဟာ Baahubali မင်းသား နဲ့ Amitabh Bachchan တို့နဲ့အတူရိုက်ကူးဖို့အတွက် ဒေါ်လာ ၂.၇ သန်းတောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ Padmaavat ဇာတ်ကား နဲ့ နာမည်ကြီးလာတဲ့ မင်းသမီး ဟာဆိုရင်လည်း Brand တော်တော်များများ ကနေ ကြော်ငြာ ၀င်ငွေရရှိပါသေးတယ်။ Celebrity Net Worth ရဲ့ အဆိုအရ Deepika Padukoneမင်းသမီးရဲ့ ဝင်ငွေဟာ ခန့်မှန်ခြေ ‌ဒေါ်လာ သန်း ၄၀ လောက်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။
(၆) Madhuri Dixit Nene
ဘောလီးဝုဒ် တွင် အချမ်းသာဆုံး သရုပ်ဆောင် မင်းသမီး ၁၀ ယောက်
အသက် ၅၄ နှစ်အရွယ် Madhuri Dixit Nene မင်းသမီး ဟာ ၉၀ ခုနှစ်အတွင်း ၀င်ငွေအကောင်းဆုံး မင်းသမီး အနေဖြင့် ကြီးမားတဲ့ပရောဂျက်တွေနဲ့ တီဗီရှိုးတွေကို ရိုက်ကူရာကနေ ခန့်မှန်းခြေ ဒေါ်လာ ၃၅ သန်းရှိနိုင်တယ်လို့ Celebrity Net Wortမှာဖော်ပြထားပါတယ်။ ရုပ်ရှင်ဒါဇင်ပေါင်း များစွာပါ၀င်ရိုက်ကူးခဲ့တဲ့ သူမဟာ Total Dhammal(2019) နဲ့ အောင်မြင်မှု များစွားရရှိခဲ့တာပဲဖြစ်ပါတယ်။ သူမဟာ အကဘက်မှာလည်း ထူးချွန်တာကြောင့် အန္ဒိယ ရှိအကပြိုင်ပွဲများ တွင် အကဲဖြတ်ဒိုင် အနေနဲ့လည်းဆောင်ရွက်ပါသေးတယ်။ ဒါ့အပြင် product ကြော်ငြာများကနေလည်း ၀င်ငွေရရှိကာ အသက်ကြီးပေမယ့်လည်း၀င်ငွေကောင်းတဲ့မင်းသမီးတစ်လက်လည်းဖြစ်ပါသေးတယ်။
(၇) Katrina Kaif
ဘောလီးဝုဒ် တွင် အချမ်းသာဆုံး သရုပ်ဆောင် မင်းသမီး ၁၀ ယောက်
ဘောလီး၀ုဒ် ရဲ့ ဆွဲဆောင်မှုရှိရှိနဲ့ လှပနေတဲ့ မင်းသမီး Katrina Kaif ရဲ့ ၀င်ငွေကတော့ ဒေါ်လာသန်း ၃၀ လောက်ရှိမယ်လို့ Celebrity Net Wort ကနေ သိရှိရပါတယ်။ အသက် ၃၅ နှစ်အရွယ်မင်းသမီး ဟာ Box Office ဇာတ်ကားများစွာကို လည်းပါ၀င်ရိုက်ကူးခဲ့သူပါ။
Katrina Kaif မင်းသမီး လည်း Brands ပေါင်းများစွာကိုကြော်ငြာ ရာကနေ တစ်နှစ်ကိုဒေါ်လာ သုံးသန်းခန့် ကတော့ ရရှိတာပဲဖြစ်ပါတယ်။
သူမရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ် Kay Beauty လို့ခေါ်တဲ့ မိတ်ကပ် product ကိုလည်းထုတ်လုပ်နေပြီပဲဖြစ်ပါတယ်။ အနုပညာ လှုပ်ရှားမှုအပြင် စီးပွားရေးပါတွဲလုပ်နေတော့ ၀င်ငွေကတော့ တိုးပြီးရင်တိုးပါဘဲနော်။
(၈) Shilpa Shetty
ဘောလီးဝုဒ် တွင် အချမ်းသာဆုံး သရုပ်ဆောင် မင်းသမီး ၁၀ ယောက်
Shilpa Shetty မင်းသမီး ဟာဆိုရင်တော့ CA knowledge ကထုတ်ပြန်ထားတဲ့ စီးပွားရေး တက်ကျွမ်းသူ တစ်ယောက်ဖြစ်တယ်ဆိုတာကိုသိခဲ့ရပါတယ်။ သူမအနေနဲ့ ဇာတ်ကား များစွာ မရိုက်ရသေးသော်လည်း Simple Soulful App ၊ အဆင့်မြင့် စားသောက်ဆိုင်၊ ဖက်ရှင်လုပ်ငန်း တွေကိုပါ တည်ထောင်နိုင်ခဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။
သူမဟာ အကပြိုင်ပွဲတွင်လည်း အကဲဖြတ် ဒိုင်အဖြစ် ၀င်ရောက်လုပ်ဆောင်ရာ ၀င်ငွေမှာ အမေရိကန် ဒေါ်လာ် ၁.၃ သန်း နဲ့ ၁.၈ သန်းအကြားရရှိတယ်လို့ သိရပါတယ်။
(၉) Kajol
ဘောလီးဝုဒ် တွင် အချမ်းသာဆုံး သရုပ်ဆောင် မင်းသမီး ၁၀ ယောက်
အသက် ၄၇ နှစ် အရွယ် မင်းသမီးကြီး Kajol ဟာဆိုရင် ၂၀၂၀ နဲ့ ၂၀၂၁ ခုနှစ် များမှာ ရိုက်ထားတဲ့ သူမရဲ့ ရုပ်ရှင်တွေဟာအောင်မြင်နေဆဲဖြစ်ပါတယ်။ မင်းသမီး ရဲ့ ၀င်ငွေဟာ ခန့်မှန်းခြေ ဒေါ်လာ ၁၆ သန့် ခန့် ပိုင်ဆိုင်ထားတယ်လို့လည်းသိရပါတယ်။
Republic World ရဲ့ ဖော်ပြချက်အရ မင်းသမီး ဟာ မွန်းဘိုင်းမြို့ တွင် ဇိမ်ခံအဆောက်အအုံတစ်ခုလည်းပိုင်ဆိုင်ထားကြောင်းသိရပါတယ်။
Charmis,Joyaulkkas Jewellery နဲ့ Whrilpool India စတဲ့အမှတ်တံဆိပ် တွေရဲ့ ကြော်ငြာ၀င်ငွေလည်းရရှိပါတယ်။ မင်းသမီး အရင်က ရိုက်ကူးခဲ့တဲ့ ရုပ်ရှင်တွေလည်း နာမည်ကြီးခဲ့သလို အခုရိုက်နေတဲ့ ရုပ်ရှင်တွေကလည်းအောင်မြင်တယ်ဆိုတော့ မင်းသမီး ရဲ့ ၀င်ငွေကတော့ ကောင်းနေမှာတော့ အမှန်ပါဘဲ။
(၁၀) Bipasha Basu
ဘောလီးဝုဒ် တွင် အချမ်းသာဆုံး သရုပ်ဆောင် မင်းသမီး ၁၀ ယောက်
Celebrity Net Wort ရဲ့ ခန့်မှန်းခြေအရ မင်းသမီး Bipasha Basu ရဲ့ ၀င်ငွေ ဟာ အမေရိကန်ဒေါ်လာ ၁၅ သန်း ရှိတယ်လို့ ဖော် ပြထားပါတယ်။ အသက် ၄၂ အရွယ် Bipasha Basu ဟာ ၂၀၀၀ ခုနှစ်အစောပိုင်းတွင် သူမရဲ့ ဖက်ရှင်ကျကျ ၀တ်စားဆင်ယင်တက်မှု ဟာ လူတော်တော်များများကို လွှမ်းမိုးနိုင်ခဲ့ပါတယ်။
Basu မင်းသမီး ဟာ နာမည်ကြီး အနုပညာရှင်တွေနဲ့ အတူ The Label Life လို့ခေါ်တဲ့ အမှတ်တံဆိပ်ကိုလည်း ပူးတွဲ ပိုင်ဆိုင်ထားသူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမကတော့ အချမ်းသာဆုံး သရုပ်ဆောင်မင်းသမီးတွေထဲမှာ နံပါတ် ၁၀ နေရာချိတ်ခဲ့တာပဲဖြစ်ပါတယ်။
Zawgyi Version
Celebrity Net Worth ရဲ့စစ်တမ်းကောက်ချက်များအရာ အောက်ဖော်ပြပါ မင်းသမီး ၁၀ ဦးကတော့ ဘောလီးဝုဒ် ရဲ့ အချမ်းသားဆုံးသရုပ်ဆောင်မင်းသီး ၁၀ ယောက်ပဲဖြစ်ပါတယ်။
(၃) Kareena Kapoor
(၄) Anushka Sharma
(၅) Deepika Padukone
(၆) Madhuri Dixit Nene
(၇) Katrina Kaif
(၈) Shilpa Shetty
(၉) Kajol
(၁၀) Bipasha Basu
Latest Posts
Don't Miss