Sunday, November 27, 2022

Latest Posts

ဘုရားပန်းရောင်းတဲ့အဖွားဆီက ပန်းတွေအများကြီးအားပေးခဲ့တဲ့ ဘေဘီမောင်

Unicode Version

ပရိသတ်အချစ်တော် မော်ဒယ်သရုပ်ဆောင် ဘေဘီမောင် ကတော့ လက်ရှိမှာ အားကျဖွယ်ကောင်းတဲ့ အချစ်ရေးကိုပိုင်ဆိုင်ထားပြီးတော့ ပြည်သူတွေရဲ့အချစ်တွေကိုပါ သိမ်းကြုံးရရှိထားတဲ့ သရုပ်ဆောင်မော်ဒယ် တစ်ယောက်ပဲဖြစ်ပါတယ်။ ဘေဘီ ကတော့ ပရဟိလုပ်ငန်းတွေလုပ်ရတာကိုနှစ်သက်ပြီးတော့ လွန်ခဲ့တဲ့ရက်ပိုင်းလောက်က ဟာသသရုပ်ဆောင် ဦး‌ရွှေအိုးအတွက် ထောက်ပံ့ငွေတွေ ပေးအပ်လှူဒါန်းခဲ့ပါသေးတယ်။ သြဂုတ်လ ၂၄ ရက်နေ့က ဘေဘီမောင်ကတော့ မှော်ဘီဘက်သွားရင်း အဖွားတစ်ယောက်ဆီက ပန်းတွေအများကြီးဝယ်ပြီး အားပေးကူညီခဲ့တဲ့ သတင်းလေးကိုမျှဝေပေးပါရစေ‌နော်။

ဘေဘီမောင် ကတော့ “မှော်ဘီကနေ ဘုရားပန်းလေးတွေလိုက်ရောင်းတဲ့ဖွားဖွားကိုတွေ့ရင် အားပေးခြင်းဖြင့်ကုသိုလ်ယူပေးပါအသဲတိုံရေဘေဘီလည်းဖွားဖွားဆီက ဘုရားပန်း၅သောင်းဖိုးအားပေးကုသိုလ်ယူခဲ့ပါတယ် ပန်းတွေသိပ်မယူဘူးပြောတာကိုဖွားဖွားက သဘောကောင်းတယ်ပန်းတွေအများကြီးထည့်ပေးလိုက်တယ်ဖွားဖွားလည်းကျန်းမာချမ်းသာပါစေလို့သမီးဆုတောင်းပေးပါတယ် ပုံမကွယ်တော့ဘူးနော် ဖွားဖွားကိုတွေ့ရင်အားပေးကုသိုလ်ယူလို့ရအောင် ” လို့သူမရဲ့ဖေ့ဘွတ်အကောင့်မှာ ရေးသားထားပါတယ်။

ပရိသတ်ကြီးရေ စိတ်ထားကောင်းတဲ့ ဘေဘီမောင် ကတော့ မျက်နှာလေးကအမြဲတမ်းကြည်လင်လှပနေတယ်လို့ သူမရဲ့ပရိသတ်တွေ ချီးကျူးအားကျနေကြတဲ့ ကောမန့်လေးတွေကိုလည်းတွေ့ရပါတယ်။ ဘေဘီမောင် ရဲ့ အလှူလေးကို သာဓုခေါ်ဆိုခဲ့ပါအုန်းနော်။ ဖတ်ရှု့ပေးတဲ့ ပရိသတ်ကြီး သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်လေးတွေကို အမြဲတမ်းပိုင်ဆိုင်နိုင်ကြပါစေ။

ZawGyi Version





Latest Posts

Don't Miss