Saturday, November 26, 2022

Latest Posts

ဘုန်းကြီးသင်္ကန်းလျော်ပြီး ကုသိုလ်ယူနေတဲ့ ဇာတ်ပို့သရုပ်ဆောင် ရဲလေးမ

Unicode Version

ပရိသတ်ကြီးရေ ဇာတ်ပို့သရုပ်ဆောင်တစ်ယောက်အဖြစ်ရပ်တည်နေတဲ့ ရဲလေးမကတော့ အနုပညာလောကမှာ ကျင်လည်ခဲ့တာ နှစ်ပေါင်းတစ်ခုထိကြာမြင့်ခဲ့ပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ ဗီဒီယိုဇာတ်ကားတွေ တော်တော်များများမှာ ပါဝင်သရုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ ရဲလေးမက ကျရာဇာတ်ရုပ်ကိုလည်း ပီပြင်ပိုင်နိုင်အောင် သရုပ်ဆောင်နိုင်ပြီး ပရိသတ်တွေအမောပြေအောင် ဟာသတွေမျိုးစုံလုပ်တတ်တဲ့သူဖြစ်ပါတယ်။ရဲလေးမက အနုပညာအလုပ်တွေကို ယနေ့အချိန်ထိတိုင် ကြိုးစားလုပ်ဆောင်နေဆဲဖြစ်လို့ ပရိသတ်တွေကလည်းဝန်းရံနေကြတာဖြစ်ပါတယ်။ အလုပ်မှန်သမျှကို မငြီးမငြူဘဲ လုပ်ဆောင်ပြီး မိသားစုကိုထောက်ပံ့ကျွေးမွေးနေတာဖြစ်လို့ ရဲလေးမကို ပရိသတ်တွေကချီးကျူးနေကြတာဖြစ်ပါတယ်။ ပရိသတ်တွေရဲ့အားပေးမှုနဲ့ ရပ်တည်လာခဲ့တဲ့ ရဲလေးမက သူချစ်တဲ့အနုပညာအလုပ်တွေကိုလုပ်ကိုင်ရင်း ဘဝကိုပျော်ရွှင်စွာ ဖြတ်သန်းနေတာ ဖြစ်ပါတယ်။

ရဲလေးမ ကတော့ ဒီနေ့မှာတော့ သူသွားရောက်လည်ပတ်ခဲ့တဲ့ ပခုက္ကူခရိုင်မြစ်ခြေမြို့ ရွှေပင်ပျိုပရဟိတကျောင်းမှာ ဘုန်းကြီးတွေရဲ့ သက်န်း တွေကိုလျှော်ပြီးကုသိုလ်ယူခဲ့တဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးချင်ပါတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ရဲလေးမ က ” ပခုက္ကူခရိုင်မြစ်ခြေမြို့ရွှေပင်ပျိုပရဟိ့တကျောင်းရောက်တုန်းဘုန်းကြီးများရဲ့သက်န်း တွေကိုလျှော်ပြီးကုသိုလ်တွေယူခဲ့ပါတယ်မကောင်းတဲ့ကံမကောင်းတဲ့အရာတွေပပျောက်ပါစေလို့ဆုတွေ လည်းတောင်းခဲ့ပါတယ် ” ဆိုပြီး သူရဲ့ဖေ့ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဘုန်းကြီးကျောင်းမှာ သက်န်းတွေလျော်ခဲ့တဲ့အပြင် မုန့်ဟင်းခါးဆွမ်းကိုလည်းကပ်ခဲ့ပါသေးတယ်။ လက်ရှိမှာတော့ ရဲလေးမက Live Salesလေးတွေလွှင့်ပြီး ကုန်ပစ္စည်းတွေကို ရောင်းချနေတာဖြစ်ပါတယ်။

ကဲ…Cele Only ပရိသတ်ကြီးရေ ရဲလေးမ ရဲ့ အလှူလေးကို သာဓုခေါ်ဆိုခဲ့ပါအုန်းနော်။ ဖတ်ရှု့ပေးတဲ့ပရိသတ်တစ်ဦးချင်းဆီကို ကျေးဇူးအထူးတင်ရှိပါတယ်။ သာယာပျော်ရွှင်ဖွယ်နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။

ZawGyi Version





Latest Posts

Don't Miss