Saturday, November 26, 2022
Latest Posts
ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရတယ်ဆိုတဲ့ လူတွေကိုမေးခွန်းထုတ်လိုက်တဲ့ အိစိကွေး
Unicode Version
ကလေးသရုပ်ဆောင်ဘဝထဲက ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ သဲသဲလှုပ်အချစ်ခံရသူလေး အိစိကွေး ကတော့ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်အဖြစ် ရုပ်ရှင်ဗီဒီယိုကားတွေထည်းမှာ သရုပ်ဆောင်ပြီးတော့ ကောင်းမွန်တဲ့သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေချစ်ခင်ရတဲ့သူလဲဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့အခါမှာလည်း ချောမောတဲ့ကောင်လေးတစ်ယောက်ဖြစ်တာကြောင့် ပရိသတ်တွေ အချစ်ပိုရပြန်ပါတယ်။ အိစိကွေး ကတော့ ပရဟိတကိုလုပ်ရတာကို နှစ်သက်တာကြောင့် ရံဖန်ရံခါဆိုသလို လှူဒါန်းမှု့တွေပြုလုပ်ပါသေးတယ်။ ဒီနေ့မှာတော့ အိစိကွေး က ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရတယ်ဆိုတဲ့ လူတွေကိုမေးခွန်းဆန်ဆန် ဒဲ့မေးထားတဲ့ စာသားတစ်ခုကို သူ့ရဲ့ဖေ့ဘွတ်မှာရေးသားထားပါတယ်။
အိစိကွေး က” ဘယ်သူဖြစ်ဖြစ် ကိုယ်လုပ်မှ ကိုယ်စားရတာဆိုတဲ့သူတွေ အခုရော ကိုယ်လုပ်လို့ရတဲ့ အကျိုးအမြတ်ကို အပြည့်အဝ ခံစားကြရရဲ့လား ? ရိုးရိုး snack လေးကအစ စျေးတက်နေတော့ မေးကြည့်တာပါ ” ဆိုပြီး သူရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကိုတွေ့ရပါတယ်။ သူရဲ့စာသားလေးကို ပရိသတ်တွေက အပြည့်အဝထောက်ခံနေတဲ့ ကောမန့်တွေကိုလည်း တွေ့ရပါတယ်။ လတ်တလော မြန်မာနိုင်ငံရဲ့အခြေအနေကတော့ ဒေါ်လာစျေးတွေ အဆမတန်တတ်နေပြီး ဆီစျေးတွေပါတတ်နေတာကြောင့် ကုန်စျေးနှုန်းတွေကလည်း အရင်ကထက် ၂ဆပိုတတ်လာတာကို မြန်မာပြည်သူတွေအနေနဲ့ အဆိုးဝါးဆုံးတွေ့ကြုံနေကြရပါတယ်။ စစ်တပ်ရဲ့မတရားအာဏာသိမ်းမှု့ကြောင့် ဖြစ်ပေါ်လာတဲ့အကျိုးဆက်ကတော့ အခြေခံလူတန်းစားတွေ နဲ့ မြန်မာပြည်သူလူထုအတွက် အကျပ်အတည်းတွေကိုရင်ဆိုင်နေကြရပါတယ်။ ဒါကြောင့် ဘယ်အစိုးရတတ် ကိုယ်လုပ်မှကိုယ်စားရတယ်ဆိုတဲ့ စကားကတော့ မမှန်ကန်ပါဖူးနော်။ ခေါင်းဆောင်ကောင်းမှ နိုင်ငံတိုးတတ်တာပါ ပရိသတ်ကြီးရေ…။
ကဲ …Cele Only ပရိသတ်ကြီးရေ ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှကိုယ်စားရတယ်ဆိုတဲ့ အိစိကွေး ရဲ့စကားတွေကို ထောက်ခံကြရဲ့လား..။ ဒီအကြောင်းအရာနဲ့ပတ်သတ်ပြီး ကောမန့်မှာ ဝေဖန်စကားလေတွေ ပြောခဲ့ပါအုန်း။ အချိန်ပေးပြီး ဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
ZawGyi Version
Latest Posts
Don't Miss