Tuesday, December 6, 2022

Latest Posts

ဘယ်လိုအခြေအနေတွေပဲကြုံကြုံ အပြုံးနဲ့ပဲရင်ဆိုင်တယ်ဆိုတဲ့ ထက်ထက်မိုးဦး

Unicode Version

ပရိသတ်ကြီးရေ…နိုင်ငံကျော်အနုပညာရှင် အကယ်ဒမီ ထက်ထက်မိုးဦး ကတော့ တခေတ်တခါတုန်းက အရမ်းနာမည်ကြီးခဲ့ပြီး ပရိသတ်အားပေးမှု့ကို ပြည့်အဝရရှိ ထားတဲ့ ကြော်ငြာဘုရင်မ တစ်ဦးဖြစ်ရုံမက တစ်နိုင်ငံလုံးကလူကြီး၊ လူငယ်ပရိသတ်မရွေး ချစ်ခင်ကြတဲ့ မင်းသမီးကြီးတစ်လက်ဖြစ်ပါတယ်။ ထက်ထက်မိုးဦး က ချစ်စရာကောင်းတဲ့ သမီးလေးတစ်ယောက်ကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။ ထက်ထက် က တော်လှန်ရေးကြီးမှာမဆိုသလောက် ပါဝင်ခဲ့ပြီးမသိသလိုနဲ့ လတော်အတန်ကြာ ပျောက်ကွယ်နေခဲ့တာကြောင့် ပရိသတ်တွေရဲ့ဝေဖန်မှု့ကိုလဲ ခံခဲ့ရပါသေးတယ်။ ဒီနေ့မှာတော့ ထက်ထက်မိုးဦး ကတော့သူမရဲ့လှုမူ့စာမျက်နှာပေါ်မှာ ဘဝနဲ့ပတ်သတ်တဲ့အကြောင်းအရာတစ်ခုကို ရေးသားမျှဝေခဲ့ပါတယ်။

” ကြုံလာဆုံလာတဲ့ အခြေအနေတွေကို တည်တည်ငြိမ်ငြိမ် အပြုံးနဲ့လက်ခံနိုင်ခဲ့တာ ထက် အတွက်တော့ တစ်ဘဝတာအလှပဆုံးပါပဲ” လို့ သူမ ကရင်ဖွင့်ရေးသားခဲ့တာပါ။ လွန်ခဲ့တဲ့ ရက်တုန်းက ထက်ထက်မိုးဦး ကလွ တ်မြောက်နယ်မြေရောက်ရှိ နေကြောင်းသတင်းတွေထွက် ရှိနေခဲ့ပါတယ်၊ သူမကတော့ တောတောင်လေးတွေကိုပြပြီး Live လွှင့်ပြီး ပရိသတ်တွေနဲ့ ပြောဆိုခဲ့ပေမဲ့ သူမရောက်ရှိနေတာ ဘယ်နေရာ ဆိုတာတော့ ထူတ်ဖော်မပြောသွားပါဘူး ။ ပရိသတ်တွေကလည်း ထက်ထက်ရဲ့နော က်ကွယ်က ရှုခင်းတွေကြောင့် လွတ်မြောက်နယ်မြေလား ဆိုပြီး ထင်မြင်ချက်ပေးနေကြတာပါ။ အမှန်က ဒီအကြောင်းအရာဟာသတင်းအမှားသာဖြစ်ပြီးတော့ ထက်ထက် ကကျန်းမာရေးအခြေအနေကြောင့် တောရွာလေးမှာ အနားယူနေတာပဲဖြစ်ပါတယ်။

ကဲ…Cele Only ပရိသတ်ကြီးရေ ထက်ထက် လို လောကဓံကို အပြုံးနဲ့ရင်ဆိုင်နိုင်ကြပီလား? …ထက်ထက် ကိုချစ်တဲ့ပရိသတ်တွေရှိရင် အားပေးစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။

ZawGyi Version





Latest Posts

Don't Miss