Unicode Version
ဇာတ်ပို့သရုပ်ဆောင် အေဏီဇော် ရဲ့ အိမ်ထောင်ရေး ကတော့ လင်မယားခြင်း အကြောင်းမတိုက်ဆိုင်လို့ ကလေး ငယ်ငယ်ကတည်းက ကွဲထားတာပါ။ ကလေးက ၁၃ နှစ်ရှိပါပြီ၊မိန်းကလေးပါ။ အချို့တွေက ကလေးရှိတာမသိဘူးလေ၊သမီးနဲ့လဲ မျက်နှာချင်းသိပ်မတူဖူး ၊သမီးလေးက တရုတ်မျက်နှာပေါက်လေးပါ ဖခင်ဖြစ်သူနဲ့ မျက်နှာချင်းပိုတူတယ်။ ။ သမီးလေးက ဖခင်နဲ့တူတယ်ပြောရင် မကြိုက်ဖူး စိတ်အရမ်းဆိုးတယ်။ ကလေးက အဖေနဲ့လဲ မတွေ့ဖူးဘူးအပြင်မှာ။
လင်မယားချင်း အဆင်မပြေကြတာကို အတင်းကြိတ်မှတ်မျိုသိပ်ပြီး ရှေ့မဆက်ချင်တော့လို့၊ ပြီးတော့ ကလေးကို စိတ်ဒဏ်ရာမရစေချင်လို့ လမ်းခွဲလိုက်တာပါ။ ကိုယ်ဝန်စလွယ်ရချိန်မှာ အိမ်ထောင်ရေးဖောက်ပြန်တာပဲ ဒါပေမယ့် ကလေးမွေးလာခဲ့ရင် အဖေမရှိလို့ မျက်နှာငယ်မလားဆိုပြီး တစ်ကြိမ်သည်းခံလိုက်တယ်၊ဒုတိယထပ်ဖောက်ပြန်တယ် ကလေးကြောင့်လဲ ထပ်သည်းခံလိုက်တာ။ တတိယအကြိမ်ကျတော့ မရတော့ဖူး ကွာရှင်းဖို့ ပြောလိုက်တယ်။ တကယ်တမ်းက ကွဲနေတာကြာပါပြီ တစ်ယောက်တစ်အိမ်သက်သက်ဆီနေကြတယ်၊ ပွဲတွေဘာတွေတော့တူတူတတ်ဖြစ်တယ်။ ဒါပေမယ့် ကလေး ၂နှစ်လောက်မှာ ဖောက်ပြန်လို့ တရားဝင်ကွာရှင်းလိုက်တာပါ ။
သမီးလေးရှိတာကြောင့် အဖေလိုတာဝန်လဲ ယူထားရတယ် အမေလိုမေတ္တာမျိုးလဲပေးပါတယ် ဒါကြောင့် strong ဖြစ်အောင်နေရတာဆိုတော့ ယောက်ကျားတစ်ယောက်ရှိမှဖြစ်မယ်ဆိုတဲ့ စိတ်ကိုမရှိတော့ဖူး။ single mom ဖြစ်နေတော့ အနေအထိုင်ဆင်ခြင်ရတယ် single mom တွေအားလုံးအားမငယ်ပါနဲ့ လို့ မှာချင်ပါတယ်။
ZawGyi Version
ဖောက်ပြန်တာကို အကြိမ်ကြိမ်သည်းခံခဲ့ပေမဲ့ (၃)ကြိမ်မြောက်မှာ ကွာရှင်းခဲ့တဲ့ သရုပ်ဆောင် အေဏီဇော်