Monday, November 28, 2022

Latest Posts

ဖေဖော်ဝါရီ ၁ ရက်နေ့နဲ့ ပတ်သက်ပြီး ခံစားရတာတွေကို ရင်ဖွင့်လာတဲ့ အဆိုတော် R ဇာနည်

Unicode Version

ပရိသတ်ကြီးရေ အဆိုတော် R ဇာနည် ဟာ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရတာကြောင့် လက်ရှိမှာ ဘေးကင်းရာကို ‌ရှောင်တိမ်းနေရတာပဲ ဖြစ်ပါတယ်။ ဘေးကင်းရာကို တိမ်းရှောင်နေရင်း လူမူ့ကွန်ယက်မှာ ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေတာလဲ ဖြစ်ပါတယ်။ အဆိုတော် R ဇာနည် က လူမူ့ကွန်ယက်မှတစ်ဆင့် တတ်နိုင်တဲ့ဘက်မှ အမှန်တရားအတွက် ကျရာတာဝန်ကို ကြိုးစားထမ်းဆောင်နေတာပါ။ R ဇာနည် ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့နဲ့ပတ်သတ်ပြီး ရင်တွင်းခံစားချက်တွေကို ရင်ဖွင့်လာခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတော့ မြန်မာနိုင်ငံအတွက် အပြောင်းအလဲများစွာ ဖြစ်ပေါ်ခဲ့တဲ့လပဲဖြစ်ပါတယ်။ ဒီလိုအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့တာဟာဆိုရင် ဖေဖော်ဝါရီ ၁ ရက်နေ့ဆိုရင် တစ်နှစ်တင်းတင်း ပြည်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး အဆိုတော် R ဇာနည် ဟာ” လွန်ခဲ့တဲ့တစ်နှစ်ကနောက်ဆုံးပျော်ခဲ့တဲ့နေ့ မကြာခင် ပျော်ရွှင်စွာပြန်ဆုံမယ် သူငယ်ချင်းတို့ … 31 ရက်နေ့ ဆိုတော့ လွန်ခဲ့တဲ့ တစ်နှစ် ဒီလိုနေ့ မှာ R Zarni Oldskool Album အတွက် title song Oldskool MTV ကိုမှော်ဘီမှာရိုက်ပြီးပြန်လာတော့ ရန်ကုန်မြိို့ရဲ့လမ်း​တွေမီးတွေကြည့်ပြီး အရမ်းကြည်နူးခဲ့ရတာမှတ်မိသေးတယ် မနက်လဲလင်းရော မယုံနိုင်စရာ သီတင်းတွေနဲ့ နိုးထခဲ့ရတယ် စိတ်ထဲမကောင်းခဲ့ရတာ တစ်နှစ်ပြည့်ခဲ့ရပြီ စိတ်မကောင်းတဲ့စိတ်နဲ့ ဘာမှလဲမလုပ်ချင် ဘယ်ကိုမှလဲသွားချင်လာချင်စိတ်မရှိတော့ဘူးဗျာ ခင်ဗျားတို့ရော ဘယ်လိုလဲ အရေးတော်ပုံအောင်ရမည် ” လို့ ခံစားချက်တွေကို ရင်ဖွင့်ထားပါတယ်။

အဆိုတော် R ဇာနည် ကတော့ ဖေဖော်ဝါရီ ၁ ရက်နေ့နဲ့ ပတ်သတ်ပြီး ခံစားနေရတာတွေကို ပရိသတ်တွေကို ရင်ဖွင့်ခဲ့ပြီး ပရိသတ်တွေကိုလဲ မေးခွန်းထုတ်ခဲ့ပါတယ်။ ကဲ စာဖတ်ပရိသတ်ကြီးရေ … R ဇာနည် ရဲ့ခံစားချက်တွေနဲ့ ထပ်တူကြရဲ့လား???ဖြေခဲ့ကြအုန်းနော်။

ZawGyi Version

ေဖေဖာ္ဝါရီ ၁ ရက္ေန႔နဲ႔ ပတ္သက္ၿပီး ခံစားရတာေတြကို ရင္ဖြင့္လာတဲ့ အဆိုေတာ R ဇာနည္

ပရိသတ္ႀကီးေရ အဆိုေတာ္ R ဇာနည္ ဟာ ပုဒ္မ ၅၀၅ က နဲ႔ တရားစြဲဆိုခံထားရတာေၾကာင့္ လက္ရွိမွာ ေဘးကင္းရာကို ‌ေရွာင္တိမ္းေနရတာပဲ ျဖစ္ပါတယ္။ ေဘးကင္းရာကို တိမ္းေရွာင္ေနရင္း လူမူ႔ကြန္ယက္မွာ ပရိသတ္ေတြနဲ႔ အဆက္အသြယ္မျပတ္ရွိေနတာလဲ ျဖစ္ပါတယ္။ အဆိုေတာ္ R ဇာနည္ က လူမူ႔ကြန္ယက္မွတစ္ဆင့္ တတ္ႏိုင္တဲ့ဘက္မွ အမွန္တရားအတြက္ က်ရာတာဝန္ကို ႀကိဳးစားထမ္းေဆာင္ေနတာပါ။ R ဇာနည္ ဟာ ေဖေဖာ္ဝါရီ ၁ ရက္ေန႔နဲ႔ပတ္သတ္ၿပီး ရင္တြင္းခံစားခ်က္ေတြကို ရင္ဖြင့္လာခဲ့ပါတယ္။

၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ကေတာ့ ျမန္မာႏိုင္ငံအတြက္ အေျပာင္းအလဲမ်ားစြာ ျဖစ္ေပၚခဲ့တဲ့လပဲျဖစ္ပါတယ္။ ဒီလိုအေျပာင္းအလဲေတြ ျဖစ္ေပၚခဲ့တာဟာဆိုရင္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ဆိုရင္ တစ္ႏွစ္တင္းတင္း ျပည္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ ဒါနဲ႔ပတ္သတ္ၿပီး အဆိုေတာ္ R ဇာနည္ ဟာ” လြန္ခဲ့တဲ့တစ္ႏွစ္ကေနာက္ဆုံးေပ်ာ္ခဲ့တဲ့ေန႔ မၾကာခင္ ေပ်ာ္႐ႊင္စြာျပန္ဆုံမယ္ သူငယ္ခ်င္းတို႔ … 31 ရက္ေန႔ ဆိုေတာ့ လြန္ခဲ့တဲ့ တစ္ႏွစ္ ဒီလိုေန႔ မွာ R Zarni Oldskool Album အတြက္ title song Oldskool MTV ကိုေမွာ္ဘီမွာ႐ိုက္ၿပီးျပန္လာေတာ့ ရန္ကုန္ၿမိို႔ရဲ႕လမ္း​ေတြမီးေတြၾကည့္ၿပီး အရမ္းၾကည္ႏူးခဲ့ရတာမွတ္မိေသးတယ္ မနက္လဲလင္းေရာ မယုံႏိုင္စရာ သီတင္းေတြနဲ႔ ႏိုးထခဲ့ရတယ္ စိတ္ထဲမေကာင္းခဲ့ရတာ တစ္ႏွစ္ျပည့္ခဲ့ရၿပီ စိတ္မေကာင္းတဲ့စိတ္နဲ႔ ဘာမွလဲမလုပ္ခ်င္ ဘယ္ကိုမွလဲသြားခ်င္လာခ်င္စိတ္မရွိေတာ့ဘူးဗ်ာ ခင္ဗ်ားတို႔ေရာ ဘယ္လိုလဲ အေရးေတာ္ပုံေအာင္ရမည္ ” လို႔ ခံစားခ်က္ေတြကို ရင္ဖြင့္ထားပါတယ္။

အဆိုေတာ္ R ဇာနည္ ကေတာ့ ေဖေဖာ္ဝါရီ ၁ ရက္ေန႔နဲ႔ ပတ္သတ္ၿပီး ခံစားေနရတာေတြကို ပရိသတ္ေတြကို ရင္ဖြင့္ခဲ့ၿပီး ပရိသတ္ေတြကိုလဲ ေမးခြန္းထုတ္ခဲ့ပါတယ္။ ကဲ စာဖတ္ပရိသတ္ႀကီးေရ … R ဇာနည္ ရဲ႕ခံစားခ်က္ေတြနဲ႔ ထပ္တူၾကရဲ႕လား???ေျဖခဲ့ၾကအုန္းေနာ္။

Latest Posts

Don't Miss