Saturday, December 3, 2022

Latest Posts

ဖတ်မိသူတိုင်း စိတ်မကောင်းဖြစ်စေမယ့် ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းဖြစ်သူအတွက် ငွေတီဦး ရေးတဲ့စာတစ်စောင်

ပရိသတ်ကြီးရေ နိုင်ငံကျော်မင်းသားချော ပြေတီဦးရဲ့ညီမဖြစ်သူ ငွေတီဦး ကိုတော့ ပရိသတ်တိုင်း သတိထားမိကြလိမ့်မယ်ထင်ပါတယ်နော်။ ငွေတီဦး ရဲ့ခင်ပွန်းဖြစ်သူ ကိုညဏ်လင်းဦး ဟာ ကိုဗစ်နောက်ဆက်တွဲဝေဒနာကို ၃ လဆက်တိုက်ဆိုးရွားစွာ ခံစားရပြီးနောက် ကွယ်လွန်သွားခဲ့တာပဲ ဖြစ်ပါတယ်။ ခင်ပွန်းကွယ်လွန်သွားပြီးတဲ့နောက် သူမဟာ ခင်ပွန်းဖြစ်သူအတွက် ကောင်းမှု့ကုသိုလ်တွေကို အချိန်နဲ့အမျှပြုလုပ်ပေးနေခဲ့ပါတယ်။ အခုလဲ ခင်ပွန်းဖြစ်သူအတွက် စာလေးတစ်စောင် ရေးသားလိုက်ပါတယ်။

” အဲဒီ့ဘက်မှာ အရာရာအဆင်ပြေနေရဲ့လား? နေရောကောင်းရဲ့လား?စိတ်ထဲကနေ လှမ်းပြောနေတဲ့စကားတွေရော ကြားရရဲ့လား အရင်က တခုခုလှမ်းစကားပြောရင် ကြားသလိုလို မကြားသလိုလို လုပ်နေကြမို့ ခုလည်း အဲဒီ့လိုဘဲလို့ မှတ်ယူထားပြီး ပြောချင်တာတွေ ဆက်ပြောနေတယ်.. အဲ့ဒီ့ဘက်မှာ ရာသီဥတုဘယ်လိုနေလဲ အချစ်ရေ..ဒီဘက်မှာတော့ တအားပူတယ် သိလား..အဆိုးဆုံးက မီးမှန်မှန်မရဘူး.. မီးကအခုဆို အချိန်ပိုင်းနဲ့ပေးပြီး လာရမယ့်အချိန်လဲ မလာတော့ အရာရာ အဆင်မပြေဘူးအချစ်ရေ..အဆင်မပြေမှုတွေကို သီးခံရင်းက ပိုဆိုးလာလို့ ဒေါသတွေထွက်လာရင် လွတ်မြောက်သွားတဲ့ အချစ်အတွက် “သူဒါတွေမခံစားရတော့ဘူး”လို့ ဖြေသာရသေးတယ်..မနေ့ကတော့ အရမ်းလွမ်းတဲ့ အလွမ်းနဲ့အတူ ခေါင်းပါကိုက်လို့ ဆေးသောက်ရတယ်..ညနေဘက် တရားလေးနာလိုက်မှ ဖြေသာရာရတယ်..ဓမ္မစကြာတရားမှာ ဘုရားဟောတဲ့ အဓိကအချက်က”မရဏံပိဒုက္ခံ” “သေဆုံးခြင်းဟာ လူသားတိုင်း မရှောင်လွှဲနိုင်မယ့် ဒုက္ခ” တဲ့.. Death is so painful my love.သေခြင်းတရားဟာ လူသားအားလုံးအတွက် အမှန်တရားလို့ Universal Truth ကိုနှလုံးသွင်းလိုက်မှ Self center အတွေးတွေက ခနရုန်းလို့ ရတယ် အချစ်ရယ်..ဒါနဲ့ ကိုယ်တို့နှစ်ယောက် Universe ချင်းရော တူသေးရဲ့လား? အဲဒီ့ဘက်မှာ တစ်နာရီက ဘယ်လောက်ကြာပြီး တစ်ရက်မှာ ဘယ်နှစ်နာရီရှိလည်း..ဒီဘက်မှာ နေ့ဆိုရင် အဲဒီ့ဘက်မှာ ဘယ်အချိန်လောက်ရှိမလဲ.. Universe တွေက ရေတွက်လို့မရလောက်အောင်များတယ်လို့ ကြားဖူးတယ်..အဲဒီ့ဘက်က Universe မှာ ရေတွေ မီးတွေ မှန်ရဲ့လား.. ပန်းတွေရောပွင့်လား..အရင်နှစ်က မိုးဦးမကျခင် အချစ်စိုက်ပေးခဲ့တဲ့ ထားဝယ်မှိုင်းရုံကြီးတော့ အပွင့်တွေနဲ့ လှနေပီ..စစိုက်တုန်းက အရိုးငေါက်တောက်လေးတွေနဲ့ ရုပ်ဆိုးဆိုးမို့ ဟိုဘက်ခြံက ဦးလေးက စိတ်ထဲက ကြိတ်ကဲ့ရဲ့နေတာတဲ့.. ခုလိုလှလာတော့ အံ့ဩပြီးချီးမွမ်းသွားလေရဲ့.. ချစ်က ရေမှန်မှန်လောင်းပေးတာကိုး.. ခုတော့ ပွင့်နေလိုက်တာ အရမ်းလှနေပီ..ဘာမှလည်း မဟုတ်ဘဲနဲ့ တစ်နေ့ တစ်နေ့ ဖြတ်သန်းရတာ ပင်ပမ်းလိုက်တာ အချစ်ရယ်..ဘဝတွေက အရင်လို နေပျော်စရာ မကောင်းတော့ပါဘူး.. အချိန်က လူတိုင်းအတွက် Very Limited မို့ တန်ဖိုးရှိရှိ အသုံးချရမယ်လို့ နားလည်နေပေမယ့် အသုံးချလို့ မရအောင် အတားအဆီးတွေလဲများ စိတ်ညစ်စရာတွေလည်း များတယ်..အချစ်သာရှိရင် ဘာမှစိတ်မပူနဲ့ အေးအေးဆေးဆေး သက်သက်သာသာနေလို့ အားပေးနေမှာသိပေမယ့် အခြေအနေက အရင်လိုကို မဟုတ်တာပါ အချစ်ရယ်..အချို့အရာတွေကို လက်ဆုပ်လက်ကိုင် ပြလို့ရပေမယ့် တချို့အရာတွေကိုပြလို့မရတော့ဘူး..ပိုင်ဆိုင်မှုတစ်ခုအနေနဲ့ ပြလို့မရတော့တဲ့အရာတွေထဲမှာ အချစ်လည်းပါတယ်.. မရှိတဲ့အရာကြောင့် စိတ်ဆင်းရဲလို့ ငိုနေရင် ကိုယ်က လမင်းကိုမရလို့ ငိုနေတဲ့ကလေးလို ဖြစ်နေမှာပေါ့ အချစ်ရယ်.. အဲလိုတော့ မဖြစ်ချင်ဘူး.. ကိုယ်နဲ့မတူတဲ့ Universe တစ်ခုကို လှမ်းပြီး စိတ်ကူးယဉ်နေတာမျိုးမဟုတ်ပေမယ့် နှလုံးသားထဲမှာရှင်သန်နေတဲ့အချစ်တစ်ခုနဲ့တော့ စည်းချက်ညီညီ ရှင်သန်ခွင့် ရှိတယ်မဟုတ်လား..ကိုယ်ဟာ ကောင်းကောင်းစားပြီး ကောင်းကောင်းအိပ်ပြီး လုပ်စရာရှိတာတွေလည်း ကြိုးကြိုးစားစားလုပ်ရင်း moment by moment ဖြတ်သန်းနေတာ အချစ်ဖြစ်စေချင်တဲ့ပုံစံပဲလို့ သိစေချင်ရုံ သပ်သပ်ပါ..လူတိုင်းဟာ လက်ရှိရင်ဆိုင်နေရတဲ့ ပြသနာကို အကြီးဆုံးလို့ ထင်မြင်နေကြတာ.. တကယ်တော့ ကိုယ်ရှင်သန်နေတဲ့ Universe ထဲမှာ ကိုယ်ဟာ ဘယ်လောက်သေးငယ်တဲ့ အမှုန်လေးလဲဆိုတာ မေ့မေ့သွားလို့ပါ..ဘုရားဟောတဲ့ စကြဝဠာအနန္တသာဆို ကိုယ်တွေရဲ့သေးငယ်မှုဟာ မြင်လို့တောင် ရပါ့မလား..စကြဝဠာကို ခနထား မိဘကျေးဇူးနဲ့ နှိုင်းယှဉ်ကြတဲ့ မြင့်မိုရ်တောင်နဲ့ စာရင်ရော ဘယ်လောက်များသေးငယ်လိုက်မလဲ..စကားမစပ် မြင့်မိုရ်တောင် ဘယ်လောက်ကြီးလဲ အချစ်သိလား.. မြင့်မိုရ်ဆိုတာ တင်စားတာပါ.. လေးကျွန်း တစ်မြင့်မိုရ်တဲ့..ကိုယ်တို့နေထိုင်တဲ့ နိုင်ငံတွေအများကြီးစုစည်းထားတဲ့ ကမ္ဘာကြီးက ဇဗ္ဗူဒီပါလက်ယာတောင်ကျွန်း ဆိုရင်၊ တောင်ကျွန်း မြောက်ကျွန်း အရှေ့ကျွန်း အနောက်ကျွန်း လေးကျွန်းပေါင်းရင် တစ်မြင့်မိုရ်ရှိသတဲ့..အတ္တတွေကြောင့် ကြီးနေတာပါအချစ်ရယ်..အနတ္တသဘောနဲ့ဆို တို့တွေက မြေမှုန်လေး တစ်မှုန်လောက်ပါပဲ..မွန်းကြပ်မှုဖိစီးမှုတွေကြုံရလို့ စိတ်ဆင်းရဲမှု နာကြဉ်မှုတွေနဲ့ တင်းကြပ်လာရင် Universe တွေအကြောင်း တွေးရင်း ကိုယ့်ပြဿနာတွေကို သေးငယ်အောင် ဆွဲချုံ့ ပစ်လိုက်ကြတာပေါ့..ဘယ်အရာကမှ ဖမ်းဆုတ်ထားချင်စရာ ကောင်းအောင် မထိုက်တန်တော့ဘူး ဆိုရင်တောင် တစ်နေ့တော့အဆင်ပြေလာမှာပါဆိုတဲ့ မျော်လင့်ချက်ကြိုးတစ်ချောင်းကိုတော့ တင်းတင်းဆုပ်ထားမှဖြစ်မယ် အချစ်ရယ်” အချစ်ရှိတဲ့ Universe မှာ အစစအရာရာ သာယာပါစေလို့ ဆုတောင်းပေးပါတယ်…ကောင်းသောညဖြစ်ပါစေ..ဂွတ်နိုက်ပါ အချစ်ရေ..”လို့ သူမရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

ပရိသတ်ကြီးရေ ခင်ပွန်းဖြစ်သူအတွက် ငွေတီဦး ရေးသားထားတဲ့ စာလေးကို ပြန်လည်မျှဝေတင်ဆက် ပေးလိုက်ပါတယ်နော်။

Latest Posts

Don't Miss