Tuesday, November 29, 2022

Latest Posts

ဖခင်လွတ်မြောက်လာဖို့ မျှော်လင့်နေတဲ့ ငြိမ်းချမ်းရေး အဆိုတော် စောဖိုးခွား ရဲ့ သားငယ်လေး

Unicode Version

အဆိုတော် စောဖိုးခွား ကတော့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းစဥ်ကတည်းက ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး သူနဲ့အတူဖမ်းဆီးခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ စာရေးဆရာမ ဒေါ်သန်းမြင့်အောင်၊ မောင်သာချို၊ ဦးထင်လင်းဦး၊ သရုပ်ဆောင် ရဲတိုက်၊ အဆိုတော် ပိုပို အစရှိတဲ့ ဖမ်းဆီးခံ အနုပညာရှင်များလည်း ပြန်လည် လွတ်မြောက်လာခြင်း မရှိသေးပါဘူး။ ပုဒ်မ ၅၀၅-က ဖြင့် ပြစ်ဒဏ်ကျခံနေရတဲ့ အနုပညာရှင်တွေကို လွတ်ငြိမ်းခွင့်နှင့် ပြန်လွှတ်ပေးခဲ့ပေမယ့် လွတ်လာသူများတွင် မပါဝင်သေးတဲ့ အဆိုတော် စောဖိုးခွါး ကိုလည်း မိသားစုနဲ့အတူ ပရိသတ်တွေကလဲ ပြန်လွတ်လာစေချင်နေကြပါတယ်။

အဆိုတော် စောဖိုးခွား ကို ပြန်လည်လွတ်မြောက်စေချင်နေတဲ့ အထဲမှာ သူ့ရဲ့အငယ်ဆုံးသားလေး တစ်ဦးလဲ အပါအဝင်ဖြစ်ပါတယ်။ ဖခင်ဖြစ်သူရဲ့မျက်နှာကို မမြင်ရတာတစ်နှစ်ကျော်ကြာခဲ့ပြီဖြစ်တာကြောင့် အမြန်လွတ်မြောက်စေချင်တဲ့အကြောင်းကို “တမနက်လုံး လွတ်မြောက်စာရင်းထဲ အဖေ့ ပုံလေးများ တွေ့ရမလားဆိုပြီး ရှာနေတာ။ မပါတာ သေချာသွားတော့ ဘယ်သူ့ကို စိတ်တိုရမှန်းမသိ၊ စိတ်တွေလည်းညစ်၊ စကားမပြောရတာ တနှစ်ကျော်ပြီ။ မျက်နှာ မတွေ့ရတာလည်း တနှစ်ကျော်ပြီ။ အမြဲ အနုပညာခရီးတွေကြောင့် ခဏတာ ခွဲခွါခြင်းတွေ အများကြီးရှိခဲ့ပေမယ့် ဒီတခုကျ ခံစားမှု မတူဘူး” လို့ သားငယ်လေး ဟာ သူ့ရဲ့လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို စိတ်မကောင်းစွာ တွေ့ရပါတယ်။

ငြိမ်းချမ်းရေးတေးသီချင်းတွေကို သီဆိုတဲ့ အဆိုတော် စောဖိုးခွားနဲ့အတူ မတရားဖမ်းဆီးခံထားရသူများလဲ အမြန်ဆုံးပြန်လည်လွတ်မြောက်ပြီး မိသားစုများပေါင်းစည်းနိုင်ကြပါစေ။

ZawGyi Version

ဖခင္လြတ္ေျမာက္လာဖို႔ ေမွ်ာ္လင့္ေနတဲ့ ၿငိမ္းခ်မ္းေရး အဆိုေတာ္ ေစာဖိုးခြား ရဲ႕ သားငယ္ေလး

အဆိုေတာ္ ေစာဖိုးခြား ကေတာ့ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ စစ္တပ္ အာဏာသိမ္းစဥ္ကတည္းက ဖမ္းဆီးခံခဲ့ရတာျဖစ္ၿပီး သူနဲ႔အတူဖမ္းဆီးခံထားရတဲ့ ဒါ႐ိုက္တာ မင္းထင္ကိုကိုႀကီး၊ စာေရးဆရာမ ေဒၚသန္းျမင့္ေအာင္၊ ေမာင္သာခ်ိဳ၊ ဦးထင္လင္းဦး၊ သ႐ုပ္ေဆာင္ ရဲတိုက္၊ အဆိုေတာ္ ပိုပို အစရွိတဲ့ ဖမ္းဆီးခံ အႏုပညာရွင္မ်ားလည္း ျပန္လည္ လြတ္ေျမာက္လာျခင္း မရွိေသးပါဘူး။ ပုဒ္မ ၅၀၅-က ျဖင့္ ျပစ္ဒဏ္က်ခံေနရတဲ့ အႏုပညာရွင္ေတြကို လြတ္ၿငိမ္းခြင့္ႏွင့္ ျပန္လႊတ္ေပးခဲ့ေပမယ့္ လြတ္လာသူမ်ားတြင္ မပါဝင္ေသးတဲ့ အဆိုေတာ္ ေစာဖိုးခြါး ကိုလည္း မိသားစုနဲ႔အတူ ပရိသတ္ေတြကလဲ ျပန္လြတ္လာေစခ်င္ေနၾကပါတယ္။

အဆိုေတာ္ ေစာဖိုးခြား ကို ျပန္လည္လြတ္ေျမာက္ေစခ်င္ေနတဲ့ အထဲမွာ သူ႔ရဲ႕အငယ္ဆုံးသားေလး တစ္ဦးလဲ အပါအဝင္ျဖစ္ပါတယ္။ ဖခင္ျဖစ္သူရဲ႕မ်က္ႏွာကို မျမင္ရတာတစ္ႏွစ္ေက်ာ္ၾကာခဲ့ၿပီျဖစ္တာေၾကာင့္ အျမန္လြတ္ေျမာက္ေစခ်င္တဲ့အေၾကာင္းကို “တမနက္လုံး လြတ္ေျမာက္စာရင္းထဲ အေဖ့ ပုံေလးမ်ား ေတြ႕ရမလားဆိုၿပီး ရွာေနတာ။ မပါတာ ေသခ်ာသြားေတာ့ ဘယ္သူ႔ကို စိတ္တိုရမွန္းမသိ၊ စိတ္ေတြလည္းညစ္၊ စကားမေျပာရတာ တႏွစ္ေက်ာ္ၿပီ။ မ်က္ႏွာ မေတြ႕ရတာလည္း တႏွစ္ေက်ာ္ၿပီ။ အၿမဲ အႏုပညာခရီးေတြေၾကာင့္ ခဏတာ ခြဲခြါျခင္းေတြ အမ်ားႀကီးရွိခဲ့ေပမယ့္ ဒီတခုက် ခံစားမႈ မတူဘူး” လို႔ သားငယ္ေလး ဟာ သူ႔ရဲ႕လူမူ႔ကြန္ယက္ေပၚမွာ ေရးသားထားတာကို စိတ္မေကာင္းစြာ ေတြ႕ရပါတယ္။

ၿငိမ္းခ်မ္းေရးေတးသီခ်င္းေတြကို သီဆိုတဲ့ အဆိုေတာ္ ေစာဖိုးခြားနဲ႔အတူ မတရားဖမ္းဆီးခံထားရသူမ်ားလဲ အျမန္ဆုံးျပန္လည္လြတ္ေျမာက္ၿပီး မိသားစုမ်ားေပါင္းစည္းႏိုင္ၾကပါေစ။

Latest Posts

Don't Miss