Monday, November 28, 2022

Latest Posts

ဖခင်ဖြစ်သူကွယ်လွန်တဲ့နေ့လေးကို အမှတ်တရရှိစွာ လွမ်းမိနေတယ်ဆိုတဲ့ သမီးဖြစ်သူ ရွှေရည်သိန်းတန်

Unicode Version

ပရိသတ်ကြီးရေ မြန်မာသံစဥ်အဆိုတော်တစ်ဦးဖြစ်တဲ့ ဂန္တဝင်အဆိုတော်ကြီး တွံတေးသိန်းတန် ကိုတော့ မြန်မာသံစဥ်ကို ချစ်မြတ်နိုးတဲ့ ပရိသတ်တိုင်း သတိတရရှိကြအုန်းမယ် ထင်ပါတယ်။ တွံတေးသိန်းတန် ဟာ စာပေ၊ဂီတ၊ရုပ်ရှင်၊သဘင် ဆိုတဲ့ အနုပညာလုပ်ငန်းမှာ ဘက်စုံတော်တဲ့ အနုပညာရှင်ကြီးတစ်ဦးလဲ ဖြစ်ပါတယ်။ အဆိုတော်ကြီး တွံတေးသိန်းတန် ဟာ ၁၉၉၉ခုနှစ်မှာ အသည်းကင်ဆာနဲ့ ကွယ်လွန်ခဲ့တာဆိုရင် ဒီကနေ့ဆိုရင် ၂၃ နှစ်ပြည့်ခဲ့ပြီပဲ ဖြစ်ပါတယ်။ ဂန္တဝင်အဆိုတော်ကြီးတစ်ဦးဖြစ်တာကြောင့် ချစ်တဲ့ပရိသတ်တွေက သူမွေးဖွားခဲ့တဲ့မွေးရပ်ဇာတိဖြစ်တဲ့ တွံတေးမြို့နယ်မှာ ကြေးရုပ်တုကိုအမှတ်တရ ပြုလုပ်ပေးခဲ့ကြတာပဲ ဖြစ်ပါတယ်။ တွံတေးသိန်းတန် ရဲ့သမီးဖြစ်သူ ရွှေရည်သိန်းတန် က‌ ဖခင်ကွယ်လွန်တဲ့နေ့လေးမှာ အမှတ်တရရှိစွာ လွမ်းမိနေတယ်ဆိုတဲ့အကြောင်းကိုအခုလိုပဲ ရေးသားလာခဲ့ပါတယ်။

” ဖေဖေ..၂၃ နှစ်ပြည့်ပြီတဲ့..တနေ့မှမမေ့သလို..ပူလောင်မှုတွေကြုံလာတိုင်း မျက်ရည်တွေကျရတိုင်းအကြိမ်ကြိမ် လဲပြိုရတိုင်း ဖေဖေပေးတဲ့စိတ်ခွန်အားတွေနှင့် အကြိမ်ကြိမ်တည့်မတ်..ရုန်းထ ဖြတ်ကျော်လာခဲ့ရတာလည်း ၂၃နှစ်ပြည့်ပြီပေါ့ဖေဖေရယ်..သမီးနှင့် အဖေက လက္ခဏာရော.ဇာတာပါတူတယ်..သမီးနာမည်အနောက်မှာ မင်းနာမည်ပါရင်.သူ့ဘဝ ကြမ်းလိမ့်မယ်လို့ ရွှေပေါ်ကျွန်းဆရာတော်ကြီးဘုရားကြီးမိန့်ခဲ့တုန်းက အဖေရော သမီးပါ ခေါင်းမာမာနှင့် မှတ်ပုံတင်ထဲအထိ ရွှေရည်သိန်းတန် လို့အဖေနာမည်ပေးခဲ့တာကို အမြဲသတိရတယ်ဖေဖေ..သမီးပျော်တယ်..ဘာလောကဓံကြုံကြုံ သမီးကျေနပ်တယ်..ဖေဖေ့သမီးဖြစ်ရတာ.ဂုဏ်ယူတယ် ..ဖေဖေ..ခေါင်းမာတာရော..ဘဝနာတာရော..ဘာတွေတူရတူရဖေဖေနှင့်သာတူရမယ်ဆို….ဒီနာမည်လေးကိုတသက်လုံး တမြတ်တနိုးနှင့်် သေသည်အထိ သမီးအရာရာကို အကောင်းဆုံး ဖြတ်ကျော်ပြသွားမယ်.. ဖေဖေက သမီးအတွက် တဘဝစာ လမ်းပြခဲ့သူ.. HERO ကြီးပါဖေဖေရယ်” လို့ ရွှေရည်သိန်းတန် ဟာ သူမရဲ့လူမှု့ကွန်ယက်မှာ ရေးသားထားလာခဲ့ပါတယ်။

ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့တဲ့ ၂၃ နှစ်ပြည့်နေ့လေးမှာ သမီးဖြစ်သူဟာ ဘုရားသွား၍ကောင်းမှု့ကုသိုလ်တွေ ပြုလုပ်မယ်လို့သိရပါတယ်။ ပရိသတ်ကြီးရေ ဂန္တဝင်အဆိုတော်ကြီးတစ်ဦးဖြစ်တဲ့ တွံတေးသိန်းတန် ကိုတော့ အခုအချိန်ထိ မမေ့သေးဘူးလို့ ထင်ပါတယ်။ မြန်မာပြည်ရဲ့ ဂီတရာဇဝင်မှာ လူသေသော်လည်း နာမည်မသေတဲ့ အနုပညာရှင်ကြီး ကောင်းရာမွန်ရာ ရောက်ရှိနေမယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်။

ZawGyi Version

ဖခင္ျဖစ္သူကြယ္လြန္တဲ့ေန႔ေလးကို အမွတ္တရရွိစြာ လြမ္းမိေနတယ္ဆိုတဲ့ သမီးျဖစ္သူ ေ႐ႊရည္သိန္းတန္

ပရိသတ္ႀကီးေရ ျမန္မာသံစဥ္အဆိုေတာ္တစ္ဦးျဖစ္တဲ့ ဂႏၲဝင္အဆိုေတာ္ႀကီး တြံေတးသိန္းတန္ ကိုေတာ့ ျမန္မာသံစဥ္ကို ခ်စ္ျမတ္ႏိုးတဲ့ ပရိသတ္တိုင္း သတိတရရွိၾကအုန္းမယ္ ထင္ပါတယ္။ တြံေတးသိန္းတန္ ဟာ စာေပ၊ဂီတ၊႐ုပ္ရွင္၊သဘင္ ဆိုတဲ့ အႏုပညာလုပ္ငန္းမွာ ဘက္စုံေတာ္တဲ့ အႏုပညာရွင္ႀကီးတစ္ဦးလဲ ျဖစ္ပါတယ္။ အဆိုေတာ္ႀကီး တြံေတးသိန္းတန္ ဟာ ၁၉၉၉ခုႏွစ္မွာ အသည္းကင္ဆာနဲ႔ ကြယ္လြန္ခဲ့တာဆိုရင္ ဒီကေန႔ဆိုရင္ ၂၃ ႏွစ္ျပည့္ခဲ့ၿပီပဲ ျဖစ္ပါတယ္။ ဂႏၲဝင္အဆိုေတာ္ႀကီးတစ္ဦးျဖစ္တာေၾကာင့္ ခ်စ္တဲ့ပရိသတ္ေတြက သူေမြးဖြားခဲ့တဲ့ေမြးရပ္ဇာတိျဖစ္တဲ့ တြံေတးၿမိဳ႕နယ္မွာ ေၾကး႐ုပ္တုကိုအမွတ္တရ ျပဳလုပ္ေပးခဲ့ၾကတာပဲ ျဖစ္ပါတယ္။ တြံေတးသိန္းတန္ ရဲ႕သမီးျဖစ္သူ ေ႐ႊရည္သိန္းတန္ က‌ ဖခင္ကြယ္လြန္တဲ့ေန႔ေလးမွာ အမွတ္တရရွိစြာ လြမ္းမိေနတယ္ဆိုတဲ့အေၾကာင္းကိုအခုလိုပဲ ေရးသားလာခဲ့ပါတယ္။

” ေဖေဖ..၂၃ ႏွစ္ျပည့္ၿပီတဲ့..တေန႔မွမေမ့သလို..ပူေလာင္မႈေတြႀကဳံလာတိုင္း မ်က္ရည္ေတြက်ရတိုင္းအႀကိမ္ႀကိမ္ လဲၿပိဳရတိုင္း ေဖေဖေပးတဲ့စိတ္ခြန္အားေတြႏွင့္ အႀကိမ္ႀကိမ္တည့္မတ္..႐ုန္းထ ျဖတ္ေက်ာ္လာခဲ့ရတာလည္း ၂၃ႏွစ္ျပည့္ၿပီေပါ့ေဖေဖရယ္..သမီးႏွင့္ အေဖက လကၡဏာေရာ.ဇာတာပါတူတယ္..သမီးနာမည္အေနာက္မွာ မင္းနာမည္ပါရင္.သူ႔ဘဝ ၾကမ္းလိမ့္မယ္လို႔ ေ႐ႊေပၚကြၽန္းဆရာေတာ္ႀကီးဘုရားႀကီးမိန္႔ခဲ့တုန္းက အေဖေရာ သမီးပါ ေခါင္းမာမာႏွင့္ မွတ္ပုံတင္ထဲအထိ ေ႐ႊရည္သိန္းတန္ လို႔အေဖနာမည္ေပးခဲ့တာကို အၿမဲသတိရတယ္ေဖေဖ..သမီးေပ်ာ္တယ္..ဘာေလာကဓံႀကဳံႀကဳံ သမီးေက်နပ္တယ္..ေဖေဖ့သမီးျဖစ္ရတာ.ဂုဏ္ယူတယ္ ..ေဖေဖ..ေခါင္းမာတာေရာ..ဘဝနာတာေရာ..ဘာေတြတူရတူရေဖေဖႏွင့္သာတူရမယ္ဆို….ဒီနာမည္ေလးကိုတသက္လုံး တျမတ္တႏိုးႏွင့္္ ေသသည္အထိ သမီးအရာရာကို အေကာင္းဆုံး ျဖတ္ေက်ာ္ျပသြားမယ္.. ေဖေဖက သမီးအတြက္ တဘဝစာ လမ္းျပခဲ့သူ.. HERO ႀကီးပါေဖေဖရယ္” လို႔ ေ႐ႊရည္သိန္းတန္ ဟာ သူမရဲ႕လူမႈ႕ကြန္ယက္မွာ ေရးသားထားလာခဲ့ပါတယ္။

ဖခင္ျဖစ္သူ ကြယ္လြန္သြားခဲ့တဲ့ ၂၃ ႏွစ္ျပည့္ေန႔ေလးမွာ သမီးျဖစ္သူဟာ ဘုရားသြား၍ေကာင္းမႈ႕ကုသိုလ္ေတြ ျပဳလုပ္မယ္လို႔သိရပါတယ္။ ပရိသတ္ႀကီးေရ ဂႏၲဝင္အဆိုေတာ္ႀကီးတစ္ဦးျဖစ္တဲ့ တြံေတးသိန္းတန္ ကိုေတာ့ အခုအခ်ိန္ထိ မေမ့ေသးဘူးလို႔ ထင္ပါတယ္။ ျမန္မာျပည္ရဲ႕ ဂီတရာဇဝင္မွာ လူေသေသာ္လည္း နာမည္မေသတဲ့ အႏုပညာရွင္ႀကီး ေကာင္းရာမြန္ရာ ေရာက္ရွိေနမယ္လို႔ ယုံၾကည္ေမွ်ာ္လင့္မိပါတယ္။

Latest Posts

Don't Miss