Monday, November 28, 2022

Latest Posts

ပြောတိုင်းမှန်နေလို့ ဗေဒင်‌ဟောစားတော့မယ်လို့ ထူးထူးခြားခြား ပြောလိုက်တဲ့ လူရွှင်တော် တိုင်းကျော်

Unicode Version

ပရိသတ်တွေကို ရယ်မောပျော်ရွင်အောင် ပြက်လုံးတွေနဲ့ တင်ဆက်ပေးနေကျဖြစ်တဲ့ ဟားငါးကောင်အဖွဲ့ ဟာဆိုရင် ပရိသတ်အချစ်တော် အငြိမ့်အဖွဲ့ပဲဖြစ်ပါတယ်။ ပြက်လုံးတွေကိုဖန်တီးသရုပ်ဖော်တာ တော်ရုံမက ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ပြီး ပရိသတ်တွေကို ဖျော်ဖြေတင်ဆက်ပေးနေတာပဲ ဖြစ်ပါတယ်။ ရင်ဘတ်ချင်းတူ ညီအစ်ကိုငါးယောက်နဲ့ ဖွဲ့စည်းထားတဲ့ သူတို့အဖွဲ့ဟာဆိုရင် အမှန်တရားအတွက် လွတ်‌မြောက်နယ်မြေကို ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ တောတွင်းတစ်နေရာဖြစ်တာကြောင့် အစားအသောက် အနေအထိုင် ခက်ခဲကြမ်းတမ်းပါတယ်။

ရာသီဥတုမမှန်တဲ့အပြင် စောင်၊ခြင်ထောင် လုံလောက်စွာမရရှိတဲ့ တောထဲမှာ ခက်ခဲစွာနေထိုင်နေကြရတာကြောင့် တစ်ခါတရံကျန်းမာရေးတွေ ထိခိုက်ကြရပါ့တယ်။ တိုင်းကျော် ဟာ မိတ်ဆွေတွေဖြစ်ကြတဲ့ အဆိုတော် မူးလာ နဲ့ ပိုးလေး တို့နဲ့အတူ ပျော်ပျော်ပါးပါး Live လွှင့်၍ သီချင်းဆိုပြီး ဟာသတွေတင်ဆက်ပေးနေတာကြောင့် ဒီကာလမှာပျော်ရွှင်စရာမရှိတဲ့ ပြည်သူတွေအတွက် စိတ်အပန်းပြေရာရစေပါတယ်။ လူရွှင်တော် တိုင်းကျော် ဟာ ပြောတိုင်းမှန်နေလို့ ဗေဒင်‌ဟောစားတော့မယ်လို့ အရွှန်းဖောက်လိုက်ပါတယ်။ “မနေ့က ပြောခဲ့တဲ့စကား ဒီနေ့ မှန်ရင် ချစ်တိုင်းဗေဒင်ဟောစားတော့မယ် ဒီနေ့များလိုက်တဲ့မုန့်ဟင်းခါးတွေရှယ်ဘဲ ပွဲရေသောင်းကျော်သွားပါစေဗျာ သောက်မြင့်ကပ်လို့စတာနော် . ……” လို့ ပရိသတ်တွေကို ချစ်စနိုးနဲ့ စနောက်လိုက်တဲ့ စာသားလေးကို ရေးသားထားတာကို တွေ့ရပါတယ်။

စာဖတ်ပရိသတ်ကြီးရေ လူရွှင်တော် တိုင်းကျော် ဟာ သူ့ရဲ့စကားတိုင်းမှန်နေလို့ သဘောကျနေတာပဲ ဖြစ်ပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။

ZawGyi Version





Latest Posts

Don't Miss