Sunday, November 27, 2022

Latest Posts

ပြန်လည်လွတ်မြောက်လာပြီဖြစ်တဲ့ ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေ

ဖေဖော်ဝါရီလ ၁ ရက်နေ့ ၂၀၂၁ခုနှစ် မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းခံခဲ့ရပါတယ်။ ဒါကြောင့်လဲ စစ်အာဏာသိမ်းတာကို လက်မခံတဲ့ ပြည်သူတွေဟာ လမ်းမပေါ်ထွက်ပြီး ဆန္ဒပြပွဲတွေပြုလုပ်ခဲ့ကြပါတယ်။ ဒီလိုဆန္ဒပြတဲ့အထဲမှာ အနုပညာရှင်များစွာလဲ ပါဝင်ခဲ့တာပါ။

အမှန်တရားဘက်မှာ ရပ်တည်ရင်းနဲ့ ပြည်သူတွေနဲ့အတူတူ လမ်းမပေါ်ထွက် ဆန္ဒအတူတကွ ထုတ်ဖော်ပြသခဲ့တဲ့ အနုပညာရှင်တွေဟာ ကံမကောင်းစွာနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံရပြီးနောက် ၃ နှစ် အမိန့်ချမှတ်ခံရပြီး အင်းစိန်းထောင်မှာ အထိန်းသိမ်းခံခဲ့ရပါတယ်။ သူတို့တွေကတော့ လူမင်း၊ပြေတီဦး၊အိန္ဒြာကျော်ဇင်၊ပိုင်တံခွန်၊ပိုပို၊ရဲတိုက်၊Beauty Blogger မဝင်းမင်းသန်း နဲ့ဒါရိုက်တာဝိုင်း တို့ပဲဖြစ်ပါတယ်။ ဒီနေ့မှာ ဝမ်းသာစရာကောင်းတဲ့ သတင်းကောင်းလေးတစ်ခု ရှိပါတယ်။

ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေ အားလုံးပြန်လည် လွတ်မြောက်လာပြီလို့သိရပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး အကျဉ်းဦးစီးဌာနက ခံဝန်နဲ့ လွတ်ငြိမ်းပြန်လွတ်လိုက်တာပါလို့ အတည်ပြုပေးထားပါတယ်။ စိတ်မကောင်းစရာတစ်ခုကတော့ ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်နှစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ရဲတိုက် နဲ့ အဆိုတော် ပိုပို ကတော့ လွတ်မြောက်စာရင်းထဲမှာ မပါဝင်ခဲ့ဘူးလို့ သိရပါတယ်။

ZawGyi Version

ျပန္လည္လြတ္ေျမာက္လာၿပီျဖစ္တဲ့ ဖမ္းဆီးခံထားရတဲ့ အႏုပညာရွင္ေတြ

ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ ၂၀၂၁ခုႏွစ္ ျမန္မာႏိုင္ငံမွာ စစ္အာဏာသိမ္းခံခဲ့ရပါတယ္။ ဒါေၾကာင့္လဲ စစ္အာဏာသိမ္းတာကို လက္မခံတဲ့ ျပည္သူေတြဟာ လမ္းမေပၚထြက္ၿပီး ဆႏၵျပပြဲေတြျပဳလုပ္ခဲ့ၾကပါတယ္။ ဒီလိုဆႏၵျပတဲ့အထဲမွာ အႏုပညာရွင္မ်ားစြာလဲ ပါဝင္ခဲ့တာပါ။

အမွန္တရားဘက္မွာ ရပ္တည္ရင္းနဲ႔ ျပည္သူေတြနဲ႔အတူတူ လမ္းမေပၚထြက္ ဆႏၵအတူတကြ ထုတ္ေဖာ္ျပသခဲ့တဲ့ အႏုပညာရွင္ေတြဟာ ကံမေကာင္းစြာနဲ႔ ဖမ္းဆီးခံခဲ့ရပါတယ္။ ပုဒ္မ ၅၀၅ ကနဲ႔ တရားစြဲဆိုခံရၿပီးေနာက္ ၃ ႏွစ္ အမိန႔္ခ်မွတ္ခံရၿပီး အင္းစိန္းေထာင္မွာ အထိန္းသိမ္းခံခဲ့ရပါတယ္။ သူတို႔ေတြကေတာ့ လူမင္း၊ေျပတီဦး၊အိျႏၵာေက်ာ္ဇင္၊ပိုင္တံခြန္၊ပိုပို၊ရဲတိုက္၊Beauty Blogger မဝင္းမင္းသန္း နဲ႔ဒါ႐ိုက္တာဝိုင္း တို႔ပဲျဖစ္ပါတယ္။ ဒီေန႔မွာ ဝမ္းသာစရာေကာင္းတဲ့ သတင္းေကာင္းေလးတစ္ခု ရွိပါတယ္။

ဖမ္းဆီးခံထားရတဲ့ အႏုပညာရွင္ေတြ အားလုံးျပန္လည္ လြတ္ေျမာက္လာၿပီလို႔သိရပါတယ္။ ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး အက်ဥ္းဦးစီးဌာနက ခံဝန္နဲ႔ လြတ္ၿငိမ္းျပန္လြတ္လိုက္တာပါလို႔ အတည္ျပဳေပးထားပါတယ္။ စိတ္မေကာင္းစရာတစ္ခုကေတာ့ ဖမ္းဆီးခံထားရတဲ့ အႏုပညာရွင္ႏွစ္ဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ ရဲတိုက္ နဲ႔ အဆိုေတာ္ ပိုပို ကေတာ့ လြတ္ေျမာက္စာရင္းထဲမွာ မပါဝင္ခဲ့ဘူးလို႔ သိရပါတယ္။

Latest Posts

Don't Miss