Saturday, November 26, 2022
Latest Posts
ပြည်သူအချစ်တော် နိုင်ငံကျော်အနုပညာရှင် ပိုင်တံခွန် ရဲ့၂၅နှစ်ပြည့်မွေးနေ့
Unicode Version
ပရိသတ်ကြီးရေ… ပြည်သူချစ်အနုပညာရှင် မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန် ကို ၁၉၉၆ခုနှစ် ၉လပိုင်း ၁၇ရက်နေ့တွင် မွေးဖွားခဲ့ပြီးတော့ ဒီကနေ့ စက်တင်ဘာလ ၁၇ ရက်နေ့မှာတေ့ာ၂၅နှစ်ပြည့်ခဲ့ပြီပဲဖြစ်ပါတယ်။ ။ အင်္ဂါသားတစ်ယောက်ဖြစ်ပြီးတော့ သူ့ရဲ့ရာသီခွင်ကတော့ leo ဖြစ်ပါတယ်။ ပိုင်တံခွန် ကတော့ တိရစ္ဆာန်လေးတွေကို သားသမီးလို ချစ်တတ်ပြီး သနားကြင်နာတတ်တဲ့ စိတ်ရှိတဲ့အပြင် နိုင်ငံတကာကို ပထမဆုံးထိုးဖောက်နိုင်ခဲ့တဲ့ မော်ဒယ်မင်းသားတစ်လက်ပဲဖြစ်ပါတယ်။ လက်ရှိမှာ ပိုင်တံခွန် ကတော့ဖေဖော်ဝါရီလတည်းက ပြည်သူတွေနဲ့အတူတူရပ်တည်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ (က)နဲ့တရားစွဲဆိုခံထားရပြီးနောက် ထွက်ပြေးတိမ်းရှောင်ခဲ့ပေမယ့် ‌ကျန်းမာရေးမ‌ကောင်းတာကြောင့် နေအိမ်ပြန်လာခဲ့တဲ့ အချိန်မှာ ဖမ်းဆီးခံလိုက်ရတာပဲဖြစ်ပါတယ်။
မြန်မာနိုင်ငံတွင်မက ကမ္ဘာ့နိုင်ငံများအထိပါ နာမည်​ကျော်၍ ပရိတ်သတ် ချစ်ခင်အား​ပေးမှု ရရှိခဲ့သူ မင်းသား ပိုင်တံခွန် က ​မြန်မာ့နွေဦး​တော်လှန်​ရေးတွင် မြန်မာပြည်သူလူထုနှင့် တသားထဲ ရပ်တည်ကာ စစ်​ကောင်စီကို ဆန့်ကျင်​တော်လှန်​တော်လှန်ခဲ့​​သူတ​ယောက်လည်း ဖြစ်ပါတယ်။ စိတ်ထားဖြူစင်လွန်းပြီး အပြုံးချိုချိုလေးရှိတာကြောင့် မိန်းကလေးပရိသတ်တွေ သာမက ယောက်ကျားလေးပရိသတ်တွေကပါ အားပေးမှု့ကို တစ်ခဲနက်ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ ပိုင်တံခွန် မွေးနေ့မှစပြီး၊ စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ လိုအင်ဆန္ဒမှန်သမျှပြည့်စုံပါစေ။ အချုပ်အနှောင်ကနေ အမြန်ဆုံးလွတ်မြောက်ပြီး၊ မိသားစုနဲ့ အမြန်ဆုံး ဆုံဆည်းနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။ ပရိသတ်အချစ်တော် ပိုင်တံခွန် နှင့်အတူဖမ်းဆီးခံ အနုပညာရှင်များ နှင့် ပြည်သူများအားလုံး အမြန်ဆုံးလွတ်မြောက်ပါစေ။
Cele Only… ပရိသတ်ကြီးရေ ပိုင်တံခွန် ကျန်းမာစွာဖြင့် အမြန်ဆုံး ပြန်လည် လွတ်​မြောက်ပါ​စေကြောင်း မွေး​နေ့ဆုမွန်ကောင်းတောင်းပေးခဲ့ပါအုန်း ပရိသတ်ကြီးရေ…။
ZawGyi Version
Latest Posts
Don't Miss