Tuesday, December 6, 2022
Latest Posts
ပြည်သူအချစ်တော်ကြီး မင်းမော်ကွန်း ရဲ့ သမီးလေး လေပြေသွေး ရဲ့ မွေးနေ့ရက်မြတ်
Unicode Version
ပရိသတ်ကြီးရေ ပြည်သူ့အချစ်တော် မင်းသားချောအကယ်ဒမီ မင်းမော်ကွန်း ကတော့ ဆယ်စုနှစ်တစ်ခုကတည်းက ပရိသတ်တွေကြားမှာ နာမည်ကြီးလူကြိုက်များခဲ့တဲ့ မင်းသားတစ်လက်ဖြစ်ပါတယ်။ သရုပ်ဆောင်တဲ့နေရာမှာ ပီပြင်လွန်းတဲ့အပြင် ဂီတဝါသနာပါသူတစ်ဦးဖြစ်တာကြောင့် သီချင်းကောင်းများစွာကိုလဲ သီဆိုထားပါသေးတယ်။ မင်းမော်ကွန်း ဟာချစ်ဇနီးလေးနဲ့ သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ရေးလမ်းကြောင်းကို လျှောက်လှမ်းနေပြီးတော့ ချစ်ဖို့ကောင်းတဲ့သားသမီးသုံးယောက် ကိုပိုင်ဆိုင်ထားပါတယ်။ ဒီနေ့လေးကတော့ မင်းမော်ကွန်း ရဲ့သမီးချောလေး လေပြေသွေး ရဲ့မွေးနေ့လေးပဲဖြစ်ပါတယ်။
သရုပ်ဆောင် မင်းမော်ကွန်း ဟာ ဒီမိုကရေစီတိုက်ပွဲမှာ ပြည်သူတွေနဲ့အတူတူ တိုက်ပွဲဝင်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ က တရားစွဲဆိုခံထားရပြီးတော့ တိမ်းရှောင်နေရပါတယ်။ အခုလက်ရှိချိန်မှာတော့ သူဟာ မိသားစုနဲ့အတူ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေပြီးတော့ အာဏာရှင်ကိုတွန်းလှန်ဖို့ ကြိုးစားအားထုတ်နေတာပဲဖြစ်ပါတယ်။ ဒီလိုအခြေအနေတွေကြောင့် မင်းမော်ကွန်း ဟာသမီးချောလေးနဲ့ မွေးနေ့ရက်မြတ်မှာ အတူမရှိနို်ငတာကြောင့် စိတ်မကောင်းဖြစ်နေပါတယ်။ လေပြေသွေးလေး ဟာ ဒီကနေ နိုဝင်ဘာလ ၂၁ရက်နေ့မှာ အသက် ၂၀ ပြည့်ခဲ့တာပဲဖြစ်ပါတယ်။
ဒီကနေ့ ကျရောက်တဲ့ သရုပ်ဆောင် မင်းမော်ကွန်း ရဲ့သမီးလေး လေပြေသွေး မွေးနေ့လေးကို ဆုတောင်းစကားလေးတွေကို ကောမန့်မှာ ရေးသွားပေးခဲပါအုန်းနော်။
ZawGyi Version
Latest Posts
Don't Miss