Thursday, December 8, 2022

Latest Posts

ပြည်သူနဲ့အတူရပ်တည်ခဲ့ပြီး သမိုင်းကြောင်းကောင်းခဲ့တဲ့ အဆိုတော် လင်းလင်း ရဲ့ မွေးနေ့ရက်မြတ်

Unicode Version

ပရိသတ်တွေ အားပေးချစ်ခင်မူ့ကို တစ်ခဲနက်ရရှိထားတဲ့ ဝါရင့်အဆိုတော် လင်းလင်း ကိုတော့ သီချင်းချစ်သူတိုင်း သိကြလိမ့်မယ်ထင်ပါတယ်။

ကိုယ်တိုင်ဖန်တီးသီဆိုထားတဲ့ သီချင်းကောင်းများစွာ ထွက်ရှိထားပြီး အောင်မြင်ကျော်ကြားတဲ့ အဆိုတော်ကြီးတစ်ဦးဖြစ်ပါတယ်။

ဒါအပြင် မင်းသမီး ချစ်သုဝေ နဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ထားပြီး ချစ်ဖို့ကောင်းတဲ့ အမွှာသမီးလေးနှစ်ဦးကို ပိုင်ဆိုင်ထားပါတယ်။

လက်ရှိ နိုင်ငံရေးအခြေအနေကြောင့် တိမ်းရှောင်နေရပေမယ့် ကျရာတာဝန်တွေကို တတ်နိုင်တဲ့ဘက်ကနေ ထမ်းဆောင်နေပါတယ်။

လင်းလင်း ဟာ ဘေးကင်းရာကိုထွက်ပြေးတိမ်းရှောင်နေရင်း အဆိုတော် R ဇာနည် နဲ့အတူ တော်လှန်ရေးရန်ပုံငွေအတွက် သီချင်းလေးတစ်ပုဒ်ထွက်ရှိခဲ့ပါသေးတယ်။

“နောက်ဆုံးဖြစ်ရမည်” သီချင်းလေးကတော့ ပြည်သူတွေကြား အတော်လေးအောင်မြင်ခဲ့ပြီး တော်လှန်ရေးရဲ့အနှစ်သာရကို သေချာပုံဖော်ထားတဲ့ သီချင်းလေးဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ ၃ရက်နေ့ကတော့ ပြည်သူ့အချစ်အဆိုတော် လင်းလင်း ရဲ့ မွေးနေ့ပဲ ဖြစ်ပါတယ်။

ကဲ…ပရိသတ်ကြီးရေ အဆိုတော် လင်းလင်း ရဲ့ မွေးနေ့ကို ကောမန့်တွေကနေတစ်ဆင့် ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။

အဆိုတော် လင်းလင်း တစ်ယောက် ကျရောက်လာတဲ့မွေးနေ့မှစပြီး လိုချင်တဲ့ဒီမိုကရေစီပန်းတိုင်ကို အမြန်ဆုံးရရှိပြီးတော့ ချစ်တဲ့မိသားစုနဲ့ သက်ဆုံးတိုင်နေထိုင်သွားနိုင်ပါစေ။

ZawGyi Version











Latest Posts

Don't Miss