Sunday, November 27, 2022
Latest Posts
ပြည်သူတွေနဲ့ အနုပညာရှင်တွေကို ရန်တိုက်ပေးတော့မယ် သူတို့အကြံတွေကို သတိထားပါဆိုတဲ့ ကိုပေါက်
ပရိသတ်ကြီးရေ ဒါရိုက်တာ ကိုပေါက် ကတော့ ပရိသတ်တွေနဲ့မစိမ်းတဲ့ သရုပ်ဆောင်တစ်ဦးဖြစ်ပါတယ်။ လူတိုင်းကချစ်ခင်ကြရတဲ့ ကိုပေါက်ကြီးကတော့ ဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံး အပိုင်နိုင်ဆုံး သရုပ်ဆောင်နိုင်တဲ့အပြင် ဇာတ်ကားတွေကိုလဲ ဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ တစ်ဦးလဲဖြစ်တာကြောင့် ပရိသတ်ချစ်ခင်အားပေးမှု့များစွာကို ရရှိထားသူကြီးတစ်ဦးလဲဖြစ်ပါတယ်နော်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ပတ်သတ်ပြီး အမှန်တရားကိုချစ်မြတ်နိုးသူပီပီ ပြည်သူတွေဘက်နေ ပြတ်ပြတ်သားသားရပ်တည်ခဲ့တဲ့ အနုပညာရှင်တစ်ဦးလဲဖြစ်ပါတယ်။
ဒါရိုက်တာ ကို‌ပေါက် ဟာ ပြည်သူတွေနဲ့ အနုပညာရှင်တွေကို ရန်တိုက်ပေးတော့မယ် သူတို့အကြံတွေကို သတိထားပါလို့ အသိပေးလိုက်ပါတယ်။ ” ဝမ်းသာလွန်းတဲ့နေ့ နဲ့ နောက်ပိုင်းရာဇဝင် သူတို့တွေကိုလွတ်စေချင်ခဲ့တာကြာပြီ…. ဒီနေ့လွတ်လာပြီ ။ အမှန်တကယ်လွတ်လာပြီ။ ကြားလိုက်ရခြင်း ဝမ်းသာလို့မဆုံးဘူး။ ကျနော်ဘဝင်မကျတဲ့စာကြောင်း တကြောင်းနဲ့အတူ သူတို့က သူတို့ကို ပြည်သူနဲ့ ရန်တိုက်ပေးတော့မယ်။ သူတို့အကြံတွေက တော်တော်ကို ယုတ်မာပက်ဆက်လွန်းအားကြီးတယ်။ နောက်ပိုင်းမှာ ကာယကံရှင်တွေလည်း သတိနဲ့နေထိုင် လုပ်ကိုင်ပါ။ ပြည်သူလည်း အသိနဲ့ရှင်သန် တွေးတောပါ။ အမှန်တရားတွေထွန်းကားဖို့ ကျနော်တို့ဆက်လျှောက်ကြရမယ်။ ဆက်လျှောက်ဖို့အတွက် ကျနော်တို့ကျန်းမာအောင်ကြိုးစားနေပါတယ်။ ဖမ်းဆီးထိမ်းသိမ်းခံ တော်လှန်ရေးရဲဘော်များအားလုံး အမြန်လွတ်မြောက်ကြပါစေ” လို့ ကိုပေါက် ဟာ သူ့ရဲ့လူမူ့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။
ပရိသတ်ကြီးရေ … ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ‌ရောက်ရှိနေပြီး တိုင်းပြည်အတွက် တာဝန်ထမ်းဆောင်နေတဲ့ သရုပ်ဆောင် ဒါရိုက်တာ ကိုပေါက် ရဲ့ကျန်းမာရေး အမြန်ဆုံးပြန်လည်နေကောင်းပါစေလို့ ဆုတောင်းစကားလေးတွေကို ကောမန့်မှာရေးသားသွားခဲ့ပါအုန်းနော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Zawgyi Version
Latest Posts
Don't Miss