Tuesday, December 6, 2022

Latest Posts

ပြည်သူချစ်အနုပညာရှင် မင်းသားကြီး လူမင်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရ

Unicode Version

ပရိသတ်ကြီးရေ ရုပ်ရှင်ဒါရိုက်တာ ဝါရင့်မင်းသားကြီးတစ်ဦးဖြစ်တဲ့ လူမင်း ကတော့ ပြည်သူတွေနဲ့အမှန်တရားဘက်ကထပ်တူ ရပ်တည်ခဲ့တဲ့ မင်းသားကြီးတစ်ဦးဖြစ်ပါတယ်။ ဒါကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံထားရပြီး မတ်လအတွင်း နေအိမ်မှာပဲ အဖမ်းဆီးခံခဲ့ရပါတယ်။ လက်ရှိမှာ အင်းစိန်ထောင်မှာ အဖမ်းဆီးခံထားရပြီး တရားရင်ဆိုင်နေရင်း ဒီကနေ့ ဒီဇင်ဘာလ ၃၀ ရက်နေ့မှာတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃နှစ်ချမှတ်ခံခဲ့ရပါတယ်။

မင်းသားကြီး လူမင်း ကို နိုင်ငံတော်အကြည်ညိုပျက်စေမှု့ အမြင့်ဆုံးပုဒ်မ ၅၀၅ က နဲ့ အင်းစိန်အထူးတရားရုံးမှ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်တယ်လို့ လူမင်း ရဲ့ တရားဝင်လူမှု့ကွန်ယက်စာမျက်နှာမှတစ်ဆင့် အသိပေးရေးသားထားတာကို တွေ့ရပါတယ်။ လူမင်း နဲ့အတူ သရုပ်ဆောင် မင်းသား ရဲတိုက် ကိုလည်း ပုဒ်မ ၅၀၅ က နဲ့ အလားတူ ထောင်ဒဏ် ကို ချမှတ်ခဲ့ပါတယ်။ ဒီသတင်းကြောင့် မိသားစုတွေနဲ့အတူ ချစ်တဲ့ ပရိသတ်တွေ အနုပညာအသိုင်းအဝိုင်းမှ အနုပညာရှင်များအားလုံး ဝမ်းနည်းစိတ်မကောင်းဖြစ်နေကြပါတယ်။

ပရိသတ်ကြီးရေ ဒီကနေ့မှာ ပြစ်ဒဏ်ချမှတ်ခံရတဲ့ ပြည်သူချစ်နိုင်ငံကျော် အနုပညာရှင်တွေအတွက် ဆုတောင်းစကားလေးတွေကို ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။ ပြည်သူချစ်အနုပညာရှင်များ အားလုံးအမြန်ဆုံးလွတ်မြောက်ပါစေ လို့ Cele Only မှ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss