Tuesday, December 6, 2022

Latest Posts

ပိုက်ဆံရှာနိုင်တဲ့အချိန်က ငွေမစုမိခဲ့တာကြောင့် အခုချိန်မှာ နောင်တရမိတယ်ဆိုတဲ့ အဆိုတော် ဝေလျှံ

တစ်ခေတ်တခါက နာမည်ကြီးကျော်ကြားခဲ့တဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးပရိသတ်တွေ ချစ်ခင်အားပေးခဲ့ရတဲ့ အဆိုတော်တစ်ဦးရှိခဲ့ပါတယ်။ သင်္ကြန်သီချင်းခွေတွေထဲမှာလဲ အမြဲပါဝင်သီဆိုထားသူဖြစ်ပြီး သီချင်းတွေအားလုံးကလဲ မြူးမြူးကြွကြွနဲ့မို့ ပရိသတ်အကြိုက်တွေ့စေခဲ့ပါတယ်။ သီချင်းဆိုတာအပြင် သရုပ်ဆောင်တဲ့နေရာမှာ တော်လွန်းသူလေးလဲ ဖြစ်တာကြောင့် ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပါသေးတယ်။ သူ့ကတော့ အဆိုတော် ဝေလျှံ ပဲ ဖြစ်ပါတယ်။

အဆိုတော် ဝေလျှံ ဟာ လက်ရှိမှာ အနုပညာလုပ်ငန်းတွေ ရုတ်တရတ်ရပ်ဆိုင်းသွားတာကြောင့် စားဝတ်နေရး ဒုက္ခရောက်ခဲ့တဲ့အကြောင်းကို အခုလိုပဲပြောပြခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ ကိုဗစ်လှိုင်းတွေကြောင့် အနုပညာအလုပ်တွေ မလုပ်ရတော့တာကြောင့် တစ်နှစ်အတွင်း သိန်းတစ်ရာကျော် သိန်းတစ်ရာငါးဆယ်လောက် ကုန်သွားခဲ့ပြီး သိန်း ငါးဆယ် လောက် အကြွေးတင်ခဲ့ပါတယ်တဲ့။ အကြွေးတွေကို အရမ်းများတဲ့ ၁၀ကျပ်တိုး ၁၅ ကျပ်တိုးနဲ့ ယူခဲ့တာကြောင့် အတိုးတွေတတ်ပြီး အခုထိဆပ်နေရတုန်းပါပဲ၊ မကြာခင်အချိန်မှတော့ ကျေလောက်ပြီလို့လဲ ပြောထားပါတယ်။

အမွှာကလေးနှစ်ယောက်ရဲ့ ဖခင်လဲဖြစ်၊အိမ်ထောင်ဦးစီးတစ်ဦးလဲဖြစ်တာကြောင့် ဝမ်းရေးအတွက် ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်ခဲ့ပေမယ့် ကျွမ်းကျင်တဲ့ နယ်ပယ်မဟုတ်တာကြောင့် ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့်လဲ သီချင်းဆိုတာနဲ့ သရုပ်ဆောင်တဲ့ အလုပ်ပဲလုပ်တတ်တာကြောင့် ဒီလုပ်ငန်းတွေဟာ ခက်ခဲခဲ့ပြီး နောက်ဆုံးမှာ ဆောက်လုပ်ရေးအလုပ်ကနေ အနားယူခဲ့ပါတယ်။ အဲဒါကြောင့် ကလေးတွေအတွက် ကုန်ကျစရိတ်တွေနဲ့ မိသားစုဝမ်းရေးအတွက် ဖေ့ဘွတ်မှာ Live လွှင့် စျေးရောင်းဖြစ်ခဲ့ပါတယ်။ ရှာခဲ့နိုင်တုန်းက ငွေမစုခဲ့တာကြောင့် နောင်တရမိပြီး ငွေသာစုမိရင် ၃ နှစ်လောက်ထိုင်စားလို့ရတယ်လို့ ပြောပြသွားခဲ့ပါတယ်။

Latest Posts

Don't Miss