Saturday, December 3, 2022

Latest Posts

ပါချုပ်ဆ‌ရာတော်ဘုရားကြီးကို ဖူးတွေ့ခွင့်ရလို့ ဝမ်းသာကြည်နူးနေတဲ့ ခိုင်သင်းကြည်

Unicode Version

ပရိသတ်ကြီးရေ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးချောတစ်လက်ဖြစ်တဲ့ မင်းသမီး ခိုင်သင်းကြည် ဟာ အခုချိန်ထိအရွယ်တင် နုပျိုလှပနေဆဲဖြစ်ပြီး မိန်းကလေးပရိသတ်တွေအားကျနေရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ခိုင်သင်းကြည် ကို မပွတ်ကျွတ် ဇာတ်ကားနဲ့စတင် လူကြိုက်များခဲ့ပြီး နောက်ပိုင်းမှာ ဇာတ်ကားကောင်းများစွာရိုက်ကူးခဲ့ပြီး အရမ်းကိုအောင်မြင်တဲ့ သရုပ်ဆောင်မင်းသမီးတစ်လက် ဖြစ်လာခဲ့ပါတယ်။ သူမဟာ သရုပ်ဆောင်တဲ့အပိုင်းမှာလဲ အပြစ်ပြောစရာမရှိအောင် သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာလဲ ဖြစ်ပါတယ်။ လက်ရှိမှာ မြန်မာနိုင်ငံရဲ့အခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမှု့တွေမရှိတော့ပေမယ့် သူမဟာ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေအတွက် အလှူအတန်းတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။

မင်းသမီး ခိုင်သင်းကြည် ဟာ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးခရီးကို လျှောက်လှမ်းနေပြီးတော့ သမီးချောလေးကိုလဲ ပိုင်ဆိုင်ထားပါသေးတယ်။ ခင်ပွန်းဖြစ်သူနဲ့အတူ စီးပွားရေးလုပ်ငန်းတွေကို အတူတကွလုပ်ကိုင်နေလျှက်ရှိပြီး သာယာငြိမ်းချမ်းတဲ့မိသားစုလေးကို ထူထောင်ထားတာပဲ ဖြစ်ပါတယ်။ သူမဟာ အမှန်တရားအတွက်ပြည်သူတွေနဲ့အတူ တိုက်ပွဲဝင်ခဲ့ပြီး နောက်ပိုင်းမှာ အခက်အခဲတွေကြောင့် လှုပ်ရှားမှု့တွေမရှိတော့တာကိုလဲတွေ့ရပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံရဲ့နိုင်ငံရေးအခြေအနေတွေ နဲ့ ကပ်ရောဂါတွေကြားမှာ စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ပြည်သူတွေကို တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းမှု့လေးတွေ ပြုလုပ်ပေးနေတာပဲ ဖြစ်ပါတယ်။ ခိုင်သင်းကြည် ဟာ ပါချုပ်ဆရာတော်ဘုရားကြီးကို ဖူးတွေ့ရလို့ဝမ်းသာနေတယ်ဆိုတဲ့အကြောင်းကို ” ဆရာတော်ဘုရားကြီးအားဖူးတွေ့ခွင့်ရလို့အလွန်ကြည်နူးမိပါတယ်ရှင် ” လို့ သူမရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားပါတယ်။

မင်းသမီးချော ခိုင်သင်းကြည် ဟာပါချုပ်ဆရာတော်ဘုရားကြီးကို ဖူးတွေ့ခွင့်ရရှိခဲ့တဲ့အပြင် အလှူငွေ ဆယ်သိန်းကိုလဲ လှူဒါန်းခွင့်ရရှိခဲ့တာကြောင့် အရမ်းကိုဝမ်းသာကြည်နူးနေတာလဲ ဖြစ်ပါတယ်။ ကဲ Cele Only ပရိသတ်ကြီးရေ … ခိုင်သင်းကြည် ရဲ့အလှူကို သာဓုခေါ်ဆိုခဲ့ပါအုန်းနော်။

ZawGyi Version





Latest Posts

Don't Miss