Sunday, November 27, 2022

Latest Posts

ပါချုပ်ဆရာတော်ဘုရားကြီး ရဲ့ မွေးနေ့ကို ဆုတောင်းပေးလိုက်တဲ့ မင်းသမီး ခိုင်သင်းကြည်

Unicode Version

ပရိသတ်ကြီးရေ မြန်မာပြည်ရဲ့ထိပ်တန်းမင်းသမီးချောတစ်လက်ဖြစ်တဲ့ မင်းသမီး ခိုင်သင်းကြည် ဟာ အခုချိန်ထိအရွယ်တင် နုပျိုလှပနေဆဲဖြစ်ပြီး မိန်းကလေးပရိသတ်တွေအားကျနေရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။ ခိုင်သင်းကြည် ကို မပွတ်ကျွတ် ဇာတ်ကားနဲ့စတင် လူကြိုက်များခဲ့ပြီး နောက်ပိုင်းမှာ ဇာတ်ကားကောင်းများစွာရိုက်ကူးခဲ့ပြီး အရမ်းကိုအောင်မြင်တဲ့ သရုပ်ဆောင်မင်းသမီးတစ်လက် ဖြစ်လာခဲ့ပါတယ်။ သူမဟာ သရုပ်ဆောင်တဲ့အပိုင်းမှာလဲ အပြစ်ပြောစရာမရှိအောင် သရုပ်ဆောင်နိုင်တာကြောင့် အကယ်ဒမီဆုကြီးကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိခဲ့တာလဲ ဖြစ်ပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံရဲ့အခြေအနေတွေကြောင့် အနုပညာလှုပ်ရှားမှု့တွေမရှိတော့ပေမယ့် သူမဟာ တတ်နိုင်တဲ့ဘက်ကနေ ပြည်သူတွေအတွက် အလှူအတန်းတွေ ပြုလုပ်ပေးနေတာ ဖြစ်ပါတယ်။ ခိုင်သင်းကြည် ဟာ ပါချုပ်ဆရာတော်ဘုရားကြီး ရဲ့ဒီနေ့မှာကျရောက်တဲ့ မွေးနေ့အတွက် ဆုတောင်းစကားကို ရေးသားထားပါတယ်။ ” ဆရာတော်ဘုရားကြီး၏တပေါင်းလပြည့်နေ့ သက်တော်(၈၂)နှစ်ပြည့်မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် စိတ်၏ချမ်းသာခြင်း/ကိုယ်၏ကျန်းမာခြင်းတို့နှင့်တကွ ခန္ဓာ့ဝန်/သာသနာ့ဝန်တို့ကိုလွယ်ကူစွာဆောင်ရွက်နိုင်ပါစေ။ ဆရာတော်ဘုရားကြီး နှလုံးစိတ်ဝမ်းအေးချမ်းပါစေ ” လို့ ဆရာတော်ဘုရားကြီး ရဲ့ဓာတ်ပုံနဲ့အတူ ရေးသားတင်ထားတာကို တွေ့ရပါတယ်။

ဒီကနေ့ ပါချုပ်ဆရာတော်ဘုရားကြီး ရဲ့ သက်တော် ၈၂ နှစ်ပြည့် မွေးနေ့ပဲဖြစ်ပါတယ်။ မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင် သက်ရှည်ကျန်းမာစွာနဲ့ ခန္ဓာ့ဝန်/သာသနာ့ဝန်ကို ဆက်လက်ဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ZawGyi Version





Latest Posts

Don't Miss