Tuesday, December 6, 2022

Latest Posts

ပလပ်စတစ်ဆာဂျရီ ခွဲစိတ်မှု ဘေးထွက်ဆိုးကျိုးတွေကြောင့် စေ့စပ်ထားသူနဲ့ လမ်းခွဲလိုက်ရတဲ့ သရုပ်ဆောင်

UNICODE VERSION

မော်ဒယ်ဟောင်း A သည် ၎င်း၏ ပလပ်စတစ်ဆာဂျရီ၏ ဘေးထွက်ဆိုးကျိုးများကို ထုတ်ဖော်ခဲ့ပါတယ်။ မကြာသေးမီက YouTube ချန်နယ် “Beauty Outside” နှင့် အင်တာဗျူးတွင် A သည် နှုတ်ခမ်းထောင့်ခွဲစိတ်မှုခံယူပြီးနောက် ဘေးထွက်ဆိုးကျိုးများကြောင့် ဆေးရုံ သို့တရားစွဲဆိုထားကြောင်း ပြောကြားခဲ့ပါတယ်။

A က “အရင်က ကျွန်တော် နှုတ်ခမ်းထောင့်ကို ခွဲစိတ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဆရာဝန်၏ အကြံပြုချက်ဖြင့် ခွဲစိတ်မှုခံယူပြီးနောက်တွင်အလျားလိုက် ရှည်လျားကျယ်ဝန်း တဲ့ ပါးစပ် ပုံစံ ဖြစ်ကာဘေးထွက်ဆိုးကျိုးများ ရရှိခဲ့ပါတယ်။

YouTube မှာ နာမည်ကြီး BJ တစ်ယောက်ကြော်ငြာတဲ့ ဆေးရုံ ပါ။ “စီအီးအိုက ငယ်ရွယ်ပြီး စကားပြောကောင်းတာကြောင့် သူတို့ကို ယုံကြည် မိခဲ့ပါတယ်”လို့ဆိုပါတယ်။ “ကျွန်တော့်အလုပ်က မျက်နှာကို မှီခိုနေတော့ မျက်နှာပျက်ပြီး လူမှုရေးကြောက်စိတ်တွေ ဖြစ်ပေါ်လာတာကြောင့် စေ့စပ်ထားတဲ့ ချစ်သူကောင်မလေးနဲ့ လမ်းခွဲလိုက်ရပါတယ်လို့ ပြောကြားခဲ့ပါတယ်။ တရုတ်မှာ ကျွန်တော့ရဲ့ အနုပညာ လှုပ်ရှားမှုတွေ ရှိပေမယ့် တစ်ယောက်ယောက်က ကျွန်တော့်မျက်နှာမြင်မှာစိုးလို့ အိမ်မှာပဲနေခဲ့ရပါတယ်”

ခွဲစိတ်မှု၏ ဘေးထွက်ဆိုးကျိုးများနှင့် ပတ်သက်၍ ပလပ်စတစ်ဆာဂျရီ ဆေးခန်းသို့ တိုင်ကြားခဲ့သော်လည်း စောင့်ဆိုင်းရန်သာ အဖြေတစ်ခု ရရှိခဲ့ပါတယ်။ ၎င်း၏နှုတ်ခမ်းကို ပြန်လည်ပြုပြင်ရန် အခြားဆေးရုံသို့သွားခဲ့ပေမယ့် နောက်ဆုံးခွဲစိတ်မှုနည်းစနစ်တွင် ပြဿနာရှိနေကြောင်း တွေ့ရှိခဲ့ရာ ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။

နောက်ဆုံးတွင် A သည် ပလပ်စတစ်ဆာဂျရီ ဆေးခန်းအား ဆေးဘက်ဆိုင်ရာတရားစွဲဆိုခဲ့ပါတယ်။ တရားစွဲဆိုမှုစရိတ်မှာ လည်း ပြဿနာရှိသော်လည်း ပြန်လည်ထူထောင်ရေး ခွဲစိတ်မှုကုန်ကျစရိတ်မှာလည်း အလွန်များခဲ့ပါတယ်။ပြန်လည်ထူထောင်ရေး ခွဲစိတ်မှုတွင် ဝမ် ၁၅ သန်းခန့် သုံးစွဲခဲ့ပြီး ကြီးမားသော နာကျင်မှုကို ခံစားခဲ့ရကြောင်း ဝန်ခံခဲ့ပါတယ်။

ပါးစပ်ထောင့်ခွဲစိတ်မှု ဆိုတာ ဘေးထွက်ဆိုးကျိုးတွေ အများကြီးရှိတယ်လို့ ဆိုထားပါတယ်။ သူက “ပါးစပ်ထောင့်ခွဲစိတ်မှုရဲ့ ဘေးထွက်ဆိုးကျိုးတွေကို လူတော်တော်များများ ခံစားနေရတယ်ဆိုတာ ကျွန်တော်သိပါတယ်။ အချိန်ကို နောက်ပြန်လှည့်နိုင်ရင် ဒီလိုခွဲစိတ်မှုမျိုး ဘယ်တော့မှမလုပ်ဘူးလို့ဆိုပါတယ်။ ပလပ်စတစ်ဆာဂျရီအများစုသည် ပါစပ်ထောင့် နဲ့ philtrum surgery ကိုအား‌မပေးကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲ့ဒါနဲ့ ပတ်သတ်တဲ့ ခွဲစိတ်မှုတွေဟာ တည်ငြိမ်စွာမရှိဘဲ ပြောင်းလဲနိုင်တာကြောင့်လို့ဆိုပါတယ်။

” YouTube သို့မဟုတ် ပလတ်စတစ်ဆာဂျရီ မိတ်ဆက်ခြင်းအက်ပ်များမှတစ်ဆင့် ပလပ်စတစ်ဆာဂျရီဆေးခန်းကို လုံး၀မရွေးချယ်ကြပါနဲ့ သင်ရဲ့ ပတ်၀န်းကျင် က လူတွေသွားကြတဲ့ ပလပ်စတစ်ဆာဂျရီဆေးခန်း ဒါမှမဟုတ် လူသိများပြီး နာမည်ကြီး‌တဲ့ ဆေးခန်းတွေပဲသွားကြပါလို့” သတိပေး‌ပြောကြားခဲ့ပါတယ်။

မင်မင်ကတော့ သဘာ၀အလှတရား ကိုပဲအားပေးပါတယ်နော်။ ကိုယ့်ရဲ့ သဘာ၀ အလှတရားကိုလက်ခံပြီးတန်ဖိုးထားကြဖို့ပဲပြောချင်ပါတယ်နော်။ ပလပ်စတစ်ဆာဂျရီ နဲ့ ပတ်သတ်ပြီး ပရိတ်ကြီး ရဲ့ အထင်အမြင် လေးတွေကိုလည်း ကွန်းမန့် မှာ‌ ဆွေးနွေးပေးခဲ့ကြပါဦးနော်.

ZAWGYI VERSION










Latest Posts

Don't Miss