Monday, November 28, 2022

Latest Posts

ပလတ်စတစ်ဆာဂျရီ မလုပ်ဘဲ သဘာ၀အတိုင်း လှနေတဲ့ ကိုရီးယား မင်းသမီး (6) ဦး

UNICODE VERSION

အခုဖော်ပြပေးမှာကတော့ ဘာကိုမှ ပြုပြင်ထားခြင်းမရှိဘဲ သဘာ၀အတိုင်းလှပနေကြတဲ့ နာမည်ကြီး ကိုးရီးယား မင်းသမီးချော (၆) ယောက်ကိုဖော်ပြပေးလိုက်ပါတယ်။

Song Ji Hyo

Song Ji Hyo

Song Ji Hyo ကတော့ ကိုရီးယား မင်းသမီးနဲ့ မော်ဒယ်တစ်ယောက်ပါ။ နာမည်အရင်းကတော့ Cheon Soo-Yeon ဖြစ်ပါတယ်။ သူမကို သြဂုတ်လ 15 ရက် 1981 တွင် မွေးဖွားခဲ့ပါတယ်။ နာမည်ကြီး လူကြိုက်များ တဲ့ရှိုးတစ်ခု ဖြစ်တဲ့ Running Man ရဲ့ အမြဲတမ်း အဖွဲ့၀င်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမဟာ ဘာကိုမှ ပြုပြင်ထားခြင်းမရှိဘဲ သဘာ၀အတိုင်းလှနေတာပဲဖြစ်ပါတယ်။

Song Hye Kyo

Song Hye Kyo

Song Hye Kyo ဆိုရင် မသိသူမရှိ‌လောက်အောင် နာမည်ကြီး ကိုရီးယား မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ ကမ္ဘာပေါ်တွင် အကျော်ကြားဆုံး ကိုရီးယားမင်းသမီးတစ်ဦး လို့တောင်ပြောလို့ရပါတယ်။ သူမသည် သဘာဝကျကျ၊ လှပပြီး ချစ်စရာကောင်း တဲ့မျက်နှာကိုပိုင်ဆိုင်ထားသူပါ။ Song Hye Kyo ဟာ အသက် ၄၀ ရှိပေမယ့်လည်း နုပျိုနေတုန်းပဲဆိုတာကတော့ ငြင်းလို့မရပါဘူး။

Yoona

Yoona

သူမ၏အမည်ရင်းမှာ Im Yoon-ah ဖြစ်ပါတယ်။ သူမကတော့ ကိုရီးယား အဆိုတော် မင်းသမီး တစ်ယောက်ပါ။ Yoona ကတော့ ကိုရီးယားမိန်းကလေးအဖွဲ့ Girls’ Generation ရဲ့ အဖွဲ့၀င်တစ်ယောက်ပဲဖြစ်ပါတယ်။ သူမ ဟာလည်း သဘာ၀အတိုင်းလှနေတဲ့ ကိုးရီးယား မင်းသမီးချောလေးပဲဖြစ်ပါတယ်။

Park Shin-Hye

Park Shin-Hye

Park Shin-Hyeကတော့ ကိုရီးယားမင်းသမီး၊ မော်ဒယ်၊ အဆိုတော်တစ်ယောက်ပါ။ သူမကို ဖေဖော်ဝါရီ 18 ရက် 1990 တွင်မွေးဖွားခဲ့ပါတယ်။ Park Shin-Hye ဟာ သရုပ်ဆောင် ကောင်းရုံသာမက ချစ်စရာကောင်းသူတစ်ယောက်ပဲဖြစ်ပါတယ်။ သူမရဲ့ ရုပ်ရည်ကလည်းပြုပြင်ထားခြင်းမရှိပါဘူး။

Kim Tae Hee

Kim Tae Hee

Kim Tae Hee ကတော့ ကိုးရီးယား နိုင်ငံရဲ့ မင်း‌သမီးတွေထဲက မင်းသမီးချောတစ်လက်ပဲဖြစ်ပါတယ်။ သူမကို မတ်လ 29, 1980 တွင်မွေးဖွားခဲ့ ပါတယ်။ သူမရဲ့ နဂိုအလှ တရား က ဘာမှပြုပြင်စရာမလိုအောင် လှပချောမောတဲ့သူတစ်ယောက်ပဲဖြစ်ပါတယ်။

Jang Na Ra

Jang Na Ra

jang Na Raကတော့ အဆိုတော် လည်းဖြစ်သလို မင်းသမီး တစ်ယောက်လည်းဖြစ်ပါတယ်။ သူမသည် ကိုရီးယားဘာသာစကားသာမက တရုတ် ဘာသာစကား ပါပြောတက်တဲ့သူပဲဖြစ်ပါတယ်။ သူမ ချစ်စဖွယ်ကောင်းတဲ့ မျက်နှာလေး ကိုပိုင်ဆိုင်ထားပြီး အရွယ်တင်လွန်းသူ မင်းသမီးချောလေးတစ်ယောက်ပဲဖြစ်ပါတယ်။ ဘာမှ ပြုပြင်ထားခြင်းမရှိဘဲ သဘာ၀ အလှတရား တွေနဲ့ ပြည့်စုံနေတာပဲဖြစ်ပါတယ်။

ZAWGYI VERSION

ပလတ္စတစ္ဆာဂ်ရီ မလုပ္ဘဲ သဘာ၀အတိုင္း လွေနတဲ့ ကိုရီးယား မင္းသမီး (6) ဦး

အခုေဖာ္ျပေပးမွာကေတာ့ ဘာကိုမွ ျပဳျပင္ထားျခင္းမရွိဘဲ သဘာ၀အတိုင္းလွပေနၾကတဲ့ နာမည္ႀကီး ကိုးရီးယား မင္းသမီးေခ်ာ (၆) ေယာက္ကိုေဖာ္ျပေပးလိုက္ပါတယ္။

Song Ji Hyo

Song Ji Hyo ကေတာ့ ကိုရီးယား မင္းသမီးနဲ႔ ေမာ္ဒယ္တစ္ေယာက္ပါ။ နာမည္အရင္းကေတာ့ Cheon Soo-Yeon ျဖစ္ပါတယ္။ သူမကို ၾသဂုတ္လ 15 ရက္ 1981 တြင္ ေမြးဖြားခဲ့ပါတယ္။ နာမည္ႀကီး လူႀကိဳက္မ်ား တဲ့ရႈိးတစ္ခု ျဖစ္တဲ့ Running Man ရဲ႕ အၿမဲတမ္း အဖြဲ႕၀င္တစ္ေယာက္ပဲျဖစ္ပါတယ္။ သူမဟာ ဘာကိုမွ ျပဳျပင္ထားျခင္းမရွိဘဲ သဘာ၀အတိုင္းလွေနတာပဲျဖစ္ပါတယ္။

Song Hye Kyo

Song Hye Kyo ဆိုရင္ မသိသူမရွိ‌ေလာက္ေအာင္ နာမည္ႀကီး ကိုရီးယား မင္းသမီးတစ္ေယာက္ပဲျဖစ္ပါတယ္။ ကမာၻေပၚတြင္ အေက်ာ္ၾကားဆုံး ကိုရီးယားမင္းသမီးတစ္ဦး လို႔ေတာင္ေျပာလို႔ရပါတယ္။ သူမသည္ သဘာဝက်က်၊ လွပၿပီး ခ်စ္စရာေကာင္း တဲ့မ်က္ႏွာကိုပိုင္ဆိုင္ထားသူပါ။ Song Hye Kyo ဟာ အသက္ ၄၀ ရွိေပမယ့္လည္း ႏုပ်ိဳေနတုန္းပဲဆိုတာကေတာ့ ျငင္းလို႔မရပါဘူး။

Yoona

သူမ၏အမည္ရင္းမွာ Im Yoon-ah ျဖစ္သည္။ သူမကေတာ့ ကိုရီးယား အဆိုေတာ္ မင္းသမီး တစ္ေယာက္ပါ။ Yoona ကေတာ့ ကိုရီးယားမိန္းကေလးအဖြဲ႕ Girls’ Generation ရဲ႕ အဖြဲ႕၀င္တစ္ေယာက္ပဲျဖစ္ပါတယ္။ သူမ ဟာလည္း သဘာ၀အတိုင္းလွေနတဲ့ ကိုးရီးယား မင္းသမီးေခ်ာေလးပဲျဖစ္ပါတယ္။

Park Shin-Hye

Park Shin-Hyeကေတာ့ ကိုရီးယားမင္းသမီး၊ ေမာ္ဒယ္၊ အဆိုေတာ္တစ္ေယာက္ပါ။ သူမကို ေဖေဖာ္ဝါရီ 18 ရက္ 1990 တြင္ေမြးဖြားခဲ့ပါတယ္။ Park Shin-Hye ဟာ သ႐ုပ္ေဆာင္ ေကာင္း႐ုံသာမက ခ်စ္စရာေကာင္းသူတစ္ေယာက္ပဲျဖစ္ပါတယ္။ သူမရဲ႕ ႐ုပ္ရည္ကလည္းျပဳျပင္ထားျခင္းမရွိပါဘူး။

Kim Tae Hee

Kim Tae Hee ကေတာ့ ကိုးရီးယား ႏိုင္ငံရဲ႕ မင္း‌သမီးေတြထဲက မင္းသမီးေခ်ာတစ္လက္ပဲျဖစ္ပါတယ္။ သူမကို မတ္လ 29, 1980 တြင္ေမြးဖြားခဲ့ ပါတယ္။ သူမရဲ႕ နဂိုအလွ တရား က ဘာမွျပဳျပင္စရာမလိုေအာင္ လွပေခ်ာေမာတဲ့သူတစ္ေယာက္ပဲျဖစ္ပါတယ္။

Jang Na Ra

Jang Na Raကေတာ့ အဆိုေတာ္ လည္းျဖစ္သလို မင္းသမီး တစ္ေယာက္လည္းျဖစ္ပါတယ္။ သူမသည္ ကိုရီးယားဘာသာစကားသာမက တ႐ုတ္ ဘာသာစကား ပါေျပာတက္တဲ့သူပဲျဖစ္ပါတယ္။ သူမ ခ်စ္စဖြယ္ေကာင္းတဲ့ မ်က္ႏွာေလး ကိုပိုင္ဆိုင္ထားၿပီး အ႐ြယ္တင္လြန္းသူ မင္းသမီးေခ်ာေလးတစ္ေယာက္ပဲျဖစ္ပါတယ္။ ဘာမွ ျပဳျပင္ထားျခင္းမရွိဘဲ သဘာ၀ အလွတရား ေတြနဲ႔ ျပည့္စုံေနတာပဲျဖစ္ပါတယ္။

Latest Posts

Don't Miss