Saturday, December 3, 2022

Latest Posts

ပရိသတ်တွေ အထင်လွဲအောင် ဝိုင်းမလုပ်ပါနဲ့လို့ မေတ္တာရပ်ခံလိုက်တဲ့ အဆိုတော် ရွှေထူး

Unicode Version

အဆိုတော် ရွှေထူး ကတော့ အသံချိုချိုအေးအေးလေးကို ပိုင်ဆိုင်ထားတဲ့ နာမည်ကြီးအဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ သူကိုယ်တိုင်ခံစားရေးဖွဲ့ပြီး သီဆိုထားတဲ့ သီချင်းတွေကတော့ ပရိသတ်တွေအားလုံးလက်ခံအားပေးကြပြီး လူငယ်ပရိသတ်တွေကြားထဲမှာ အတော်လေးနာမည်ကြီး ရေပန်းစားခဲ့တာပါပဲနော်။ ဒါအပြင် ရွှေထူး ဟာ အဆိုဘက်မှာတော်လွန်းတဲ့အပြင် သရုပ်ဆောင်တဲ့နေရာမှာလဲ ထူးချွန်တာကြောင့် ပရိသတ်တွေ အံ့သြခဲ့ကြရပါသေးတယ်။ ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့အတူ ရွှေထူး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးတွေကလဲ အောင်မြင်မူ့တွေ ရရှိခဲ့ပါသေးတယ်နော်။

အဆိုတော် ရွှေထူး ဟာ ပရိသတ်တွေနဲ့ အထင်လွဲအောင် မလုပ်ကြပါနဲ့ လို့ မေတ္တာရပ်ခံလိုက်ပါတယ်။ ” Tiktok Profile တစ်ခုကနေ Shwe Htoo ရဲ့ Challenge ဆိုပြီး အရင်တုန်းကရိုက်ထားတာပြန်တင်လာတယ် … အထင်လွဲကြပြန်တယ် … Popular ဆိုတဲ့ Journal ကလည်း ဟိုတလောက အရင်တုန်းကရိုက်ထားတဲ့ Covid အတွက်ဘာညာဆိုပြီးတက်လာတယ် … အထင်လွဲကြပြန်ရော ဒီအခြေအနေတွေမဖြစ်ခင်ကတည်းက ရိုက်ထားပြီးသားတွေ ခုချိန် ပြန်တင်ပြီး ဆဲခံရအောင်လုပ်နေတာတော့ စိတ်မကောင်းဘူးဗျို့ … သတင်းလုပ်ချင်ရင် အခြားဟာနဲ့လုပ်ကြပါဗျာ … ဘယ်သူ့ကိုမှလည်း အကျင့်လိုက်ယုတ်မနေပါဘူးဗျာ … တော်ရုံပဲလုပ်ကြပါဗျာ … ကျွန်တော် ညဏ်သိပ်မကောင်းဘူးလို့ထင်ရပေမယ့် ပရိသတ် ပြည်သူနဲ့ Against ဖြစ်မယ့်အရာ ဒီအချိန်မှာ ထလုပ်ရလောက်အောင်ထိ သတ္တိမရှိသေးပါဘူး … မရေးဘူးလုပ်ပေမယ့် … တစ်ချို့ကျ Personal မကျေနပ်ချက်တွေရောပြီး … ဒီအချိန်မှာတော့ ရေနစ်သူချင်းတော့ ဝါးကူမထိုးကြပါနဲ့ဗျာ ..လူတိုင်းကိုယ့်အပူနဲ့ကိုယ်ပါဗျာ … မျက်ရည်လည်းမချူဘူး စိတ်လည်းမတိုဘူး … ဒါမျိုးကကိုယ်တစ်ယောက်တည်းခံနေရတာမဟုတ်ဘူးဆိုတာလည်းသိပါတယ် … မုန်းတဲ့လူကတော့ မုန်းမှာပဲဆိုပေမယ့် ချစ်နေဆဲသူတွေကိုတော့ အထင်မလွဲစေချင်လို့ပါ … ကျွန်တော့်လောက်စာအရှည်ကြီးတွေဖတ်ရတာမုန်းတာကျွန်တော်ပဲ … ခုလည်း ကျွန်တော်ကိုယ်တိုင်စာအရှည်ကြီးရေးမိပြန်ပြီ … မှားတာရှိဝန်တာမိပါဗျာ … ” လို့ ရေးသားထားပါတယ်။

အဆိုတော် ရွှေထူး ရဲ့ မေတ္တာရပ်ခံချက်လေးကို ချစ်တဲ့ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်။

ZawGyi Version

ပရိသတ္ေတြ အထင္လြဲေအာင္ ဝိုင္းမလုပ္ပါနဲ႔လို႔ ေမတၱာရပ္ခံလိုက္တဲ့ အဆိုေတာ္ ေ႐ႊထူး

အဆိုေတာ္ ေ႐ႊထူး ကေတာ့ အသံခ်ိဳခ်ိဳေအးေအးေလးကို ပိုင္ဆိုင္ထားတဲ့ နာမည္ႀကီးအဆိုေတာ္တစ္ဦးပဲ ျဖစ္ပါတယ္။ သူကိုယ္တိုင္ခံစားေရးဖြဲ႕ၿပီး သီဆိုထားတဲ့ သီခ်င္းေတြကေတာ့ ပရိသတ္ေတြအားလုံးလက္ခံအားေပးၾကၿပီး လူငယ္ပရိသတ္ေတြၾကားထဲမွာ အေတာ္ေလးနာမည္ႀကီး ေရပန္းစားခဲ့တာပါပဲေနာ္။ ဒါအျပင္ ေ႐ႊထူး ဟာ အဆိုဘက္မွာေတာ္လြန္းတဲ့အျပင္ သ႐ုပ္ေဆာင္တဲ့ေနရာမွာလဲ ထူးခြၽန္တာေၾကာင့္ ပရိသတ္ေတြ အံ့ၾသခဲ့ၾကရပါေသးတယ္။ ဝါရင့္သ႐ုပ္ေဆာင္ႀကီးေတြနဲ႔အတူ ေ႐ႊထူး ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ႐ုံတင္႐ုပ္ရွင္ဇာတ္ကားႀကီးေတြကလဲ ေအာင္ျမင္မူ႔ေတြ ရရွိခဲ့ပါေသးတယ္ေနာ္။

အဆိုေတာ္ ေ႐ႊထူး ဟာ ပရိသတ္ေတြနဲ႔ အထင္လြဲေအာင္ မလုပ္ၾကပါနဲ႔ လို႔ ေမတၱာရပ္ခံလိုက္ပါတယ္။ ” Tiktok Profile တစ္ခုကေန Shwe Htoo ရဲ႕ Challenge ဆိုၿပီး အရင္တုန္းက႐ိုက္ထားတာျပန္တင္လာတယ္ … အထင္လြဲၾကျပန္တယ္ … Popular ဆိုတဲ့ Journal ကလည္း ဟိုတေလာက အရင္တုန္းက႐ိုက္ထားတဲ့ Covid အတြက္ဘာညာဆိုၿပီးတက္လာတယ္ … အထင္လြဲၾကျပန္ေရာ ဒီအေျခအေနေတြမျဖစ္ခင္ကတည္းက ႐ိုက္ထားၿပီးသားေတြ ခုခ်ိန္ ျပန္တင္ၿပီး ဆဲခံရေအာင္လုပ္ေနတာေတာ့ စိတ္မေကာင္းဘူးဗ်ိဳ႕ … သတင္းလုပ္ခ်င္ရင္ အျခားဟာနဲ႔လုပ္ၾကပါဗ်ာ … ဘယ္သူ႔ကိုမွလည္း အက်င့္လိုက္ယုတ္မေနပါဘူးဗ်ာ … ေတာ္႐ုံပဲလုပ္ၾကပါဗ်ာ … ကြၽန္ေတာ္ ညဏ္သိပ္မေကာင္းဘူးလို႔ထင္ရေပမယ့္ ပရိသတ္ ျပည္သူနဲ႔ Against ျဖစ္မယ့္အရာ ဒီအခ်ိန္မွာ ထလုပ္ရေလာက္ေအာင္ထိ သတၱိမရွိေသးပါဘူး … မေရးဘူးလုပ္ေပမယ့္ … တစ္ခ်ိဳ႕က် Personal မေက်နပ္ခ်က္ေတြေရာၿပီး … ဒီအခ်ိန္မွာေတာ့ ေရနစ္သူခ်င္းေတာ့ ဝါးကူမထိုးၾကပါနဲ႔ဗ်ာ ..လူတိုင္းကိုယ့္အပူနဲ႔ကိုယ္ပါဗ်ာ … မ်က္ရည္လည္းမခ်ဴဘူး စိတ္လည္းမတိုဘူး … ဒါမ်ိဳးကကိုယ္တစ္ေယာက္တည္းခံေနရတာမဟုတ္ဘူးဆိုတာလည္းသိပါတယ္ … မုန္းတဲ့လူကေတာ့ မုန္းမွာပဲဆိုေပမယ့္ ခ်စ္ေနဆဲသူေတြကိုေတာ့ အထင္မလြဲေစခ်င္လို႔ပါ … ကြၽန္ေတာ့္ေလာက္စာအရွည္ႀကီးေတြဖတ္ရတာမုန္းတာကြၽန္ေတာ္ပဲ … ခုလည္း ကြၽန္ေတာ္ကိုယ္တိုင္စာအရွည္ႀကီးေရးမိျပန္ၿပီ … မွားတာရွိဝန္တာမိပါဗ်ာ … ” လို႔ ေရးသားထားပါတယ္။

အဆိုေတာ္ ေ႐ႊထူး ရဲ႕ ေမတၱာရပ္ခံခ်က္ေလးကို ခ်စ္တဲ့ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝ တင္ဆက္ေပးလိုက္ပါတယ္။

Latest Posts

Don't Miss