Saturday, December 3, 2022

Latest Posts

ပရိသတ်တွေအားလုံးနဲ့ အတူတူရပ်တည်နေပါတယ်ဆိုတဲ့ အဆိုတော် ရွှေထူး

Unicode Version

အဆိုတော် ရွှေထူး ကတော့ အသံချိုချိုအေးအေးလေးကို ပိုင်ဆိုင်ထားတဲ့ နာမည်ကြီးအဆိုတော်တစ်ဦးပဲ ဖြစ်ပါတယ်။ သူကိုယ်တိုင်ခံစားရေးဖွဲ့ပြီး သီဆိုထားတဲ့ သီချင်းတွေကတော့ ပရိသတ်တွေအားလုံးလက်ခံအားပေးကြပြီး လူငယ်ပရိသတ်တွေကြားထဲမှာ အတော်လေးနာမည်ကြီး ရေပန်းစားခဲ့တာပါပဲနော်။ ဒါအပြင် ရွှေထူး ဟာ အဆိုဘက်မှာတော်လွန်းတဲ့အပြင် သရုပ်ဆောင်တဲ့နေရာမှာလဲ ထူးချွန်တာကြောင့် ပရိသတ်တွေ အံ့သြခဲ့ကြရပါသေးတယ်။ ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့အတူ ရွှေထူး ပါဝင်သရုပ်ဆောင်ထားတဲ့ ရုံတင်ရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ “ပက်ပက်စက်စက်ညို့” ဇာတ်ကားကြီးကလဲ အောင်မြင်မူ့တွေ ရရှိခဲ့ပါသေးတယ်နော်။ လူမူ့ကွန်ယက်ပေါ်ကနေ အတော်ကြာပျောက်နေခဲ့တဲ့ အဆိုတော် ရွှေထူး ကတော့ ပရိသတ်တွေကို အခုလိုပဲပြောလာပါတယ်။

အဆိုတော် ရွှေထူး ဟာ ပရိသတ်တွေကို မေတ္တာရပ်ခံချက်တစ်ခုနဲ့အတူ သူ့အကြောင်းလေးတွေကို ပြောပြလာခဲ့ပါတယ်။ ” နောက်လ ၁၀ ရက်ပတ်ဝန်းကျင်လောက်မှာ … ကျွန်တော့်ရဲ့ စိတ်ဓာတ်ကျခဲ့ရတဲ့နေ့ရက်တွေအကြောင်း သီချင်းလေးတစ်ပုဒ်လောက် Share ချင်လို့ဗျာ …ဒီ Post ကြောင့် အခြားအရေးကြီးသတင်းတွေကိုအနှောက်အယှက်ဖြစ်သွားရင် တောင်းပန်ပါရစေခင်ဗျာ အားလုံးအဆင်ပြေကြရဲ့လား နေကောင်းကြရဲ့လား … ကျွန်တော့် အကြောင်းဖြစ်ကြောင်းကုန်စင်ကိုတော့ တစ်ချိန်ကျမှပြောပြတော့မယ်ဗျာ ကျွန်တော့်ဟာ အားလုံးနဲ့အတူတူပဲဆိုတာ ကျွန်တော်ကိုချစ်ကြသူအချို့သိရင်ကျေနပ်ပြီဗျာ” လို့ ရွှေထူး ရဲ့ လူမူ့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။ အဆိုတော် ရွှေထူး ဟာ လူမူ့ကွန်ယက်ပေါ်ကနေ ပျောက်ကွယ်နေတာကြောင့် ချစ်တဲ့ပရိသတ်တွေက သတိရနေကြတာလဲ ဖြစ်ပါတယ်။

အဆိုတော် ရွှေထူး ကတော့ ပရိသတ်တွေအားလုံးနဲ့ အတူတူရပ်တည်နေပါတယ်လို့ ပြောလိုက်ပါတယ်နော်။ ရွှေထူး ကို မမြင်ရတာကြာလို့ လွမ်းနေတဲ့ စာဖတ်ပရိသတ်ကြီးအတွက် သတင်းလေးကို ပြန်လည်မျှဝေ တင်ဆက်ပေးလိုက်ပါတယ်နော်။

ZawGyi Version

ပရိသတ္ေတြအားလုံးနဲ႔ အတူတူရပ္တည္ေနပါတယ္ဆိုတဲ့ အဆိုေတာ္ ေ႐ႊထူး

အဆိုေတာ္ ေ႐ႊထူး ကေတာ့ အသံခ်ိဳခ်ိဳေအးေအးေလးကို ပိုင္ဆိုင္ထားတဲ့ နာမည္ႀကီးအဆိုေတာ္တစ္ဦးပဲ ျဖစ္ပါတယ္။ သူကိုယ္တိုင္ခံစားေရးဖြဲ႕ၿပီး သီဆိုထားတဲ့ သီခ်င္းေတြကေတာ့ ပရိသတ္ေတြအားလုံးလက္ခံအားေပးၾကၿပီး လူငယ္ပရိသတ္ေတြၾကားထဲမွာ အေတာ္ေလးနာမည္ႀကီး ေရပန္းစားခဲ့တာပါပဲေနာ္။ ဒါအျပင္ ေ႐ႊထူး ဟာ အဆိုဘက္မွာေတာ္လြန္းတဲ့အျပင္ သ႐ုပ္ေဆာင္တဲ့ေနရာမွာလဲ ထူးခြၽန္တာေၾကာင့္ ပရိသတ္ေတြ အံ့ၾသခဲ့ၾကရပါေသးတယ္။ ဝါရင့္သ႐ုပ္ေဆာင္ႀကီးေတြနဲ႔အတူ ေ႐ႊထူး ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ႐ုံတင္႐ုပ္ရွင္ဇာတ္ကားႀကီးျဖစ္တဲ့ “ပက္ပက္စက္စက္ညိဳ႕” ဇာတ္ကားႀကီးကလဲ ေအာင္ျမင္မူ႔ေတြ ရရွိခဲ့ပါေသးတယ္ေနာ္။ လူမူ႔ကြန္ယက္ေပၚကေန အေတာ္ၾကာေပ်ာက္ေနခဲ့တဲ့ အဆိုေတာ္ ေ႐ႊထူး ကေတာ့ ပရိသတ္ေတြကို အခုလိုပဲေျပာလာပါတယ္။

အဆိုေတာ္ ေ႐ႊထူး ဟာ ပရိသတ္ေတြကို ေမတၱာရပ္ခံခ်က္တစ္ခုနဲ႔အတူ သူ႔အေၾကာင္းေလးေတြကို ေျပာျပလာခဲ့ပါတယ္။ ” ေနာက္လ ၁၀ ရက္ပတ္ဝန္းက်င္ေလာက္မွာ … ကြၽန္ေတာ့္ရဲ႕ စိတ္ဓာတ္က်ခဲ့ရတဲ့ေန႔ရက္ေတြအေၾကာင္း သီခ်င္းေလးတစ္ပုဒ္ေလာက္ Share ခ်င္လို႔ဗ်ာ …ဒီ Post ေၾကာင့္ အျခားအေရးႀကီးသတင္းေတြကိုအေႏွာက္အယွက္ျဖစ္သြားရင္ ေတာင္းပန္ပါရေစခင္ဗ်ာ အားလုံးအဆင္ေျပၾကရဲ႕လား ေနေကာင္းၾကရဲ႕လား … ကြၽန္ေတာ့္ အေၾကာင္းျဖစ္ေၾကာင္းကုန္စင္ကိုေတာ့ တစ္ခ်ိန္က်မွေျပာျပေတာ့မယ္ဗ်ာ ကြၽန္ေတာ့္ဟာ အားလုံးနဲ႔အတူတူပဲဆိုတာ ကြၽန္ေတာ္ကိုခ်စ္ၾကသူအခ်ိဳ႕သိရင္ေက်နပ္ၿပီဗ်ာ” လို႔ ေ႐ႊထူး ရဲ႕ လူမူ႔ကြန္ယက္ေပၚမွာ ေရးသားထားတာကို ေတြ႕ရပါတယ္ေနာ္။ အဆိုေတာ္ ေ႐ႊထူး ဟာ လူမူ႔ကြန္ယက္ေပၚကေန ေပ်ာက္ကြယ္ေနတာေၾကာင့္ ခ်စ္တဲ့ပရိသတ္ေတြက သတိရေနၾကတာလဲ ျဖစ္ပါတယ္။

အဆိုေတာ္ ေ႐ႊထူး ကေတာ့ ပရိသတ္ေတြအားလုံးနဲ႔ အတူတူရပ္တည္ေနပါတယ္လို႔ ေျပာလိုက္ပါတယ္ေနာ္။ ေ႐ႊထူး ကို မျမင္ရတာၾကာလို႔ လြမ္းေနတဲ့ စာဖတ္ပရိသတ္ႀကီးအတြက္ သတင္းေလးကို ျပန္လည္မွ်ေဝ တင္ဆက္ေပးလိုက္ပါတယ္ေနာ္။

Latest Posts

Don't Miss