Sunday, November 27, 2022
Latest Posts
ပရိသတ်တွေသိချင်နေကြတဲ့ ပိုင်တံခွန် ရဲ့လက်ရှိကျန်းမာရေး အခြေအနေ
Unicode Version
နိုင်ငံကျော်ပြည်သူ့အချစ်တော် ပိုင်တံခွန် ကတော့မြန်မာနိုင်ငံတွင်မက အခြားနိုင်ငံများထိပါ နာမည်ကြီးလူကြိုက်များပြီးတော့ နှူတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲမော်ဒယ်မင်းသားချောလေးဖြစ်ပါတယ်။ ပိုင်တံခွန် ဟာမြန်မာပြည်ကို စစ်အာဏာသိမ်းတဲ့အပေါ် အများနည်းတူ လက်မခံတာကြောင့် အမှန်တရားအတွက် ပြည်သူနဲ့အတူ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ပါတယ်။ ဒါအပြင် Follower ပေါင်းများစွာရှိတဲ့ သူရဲ့လူမှု့ကွန်ယက်စာမျက်နှာမှ မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာတွေကို နိုင်ငံတကာကိုသိအောင် ထုတ်ဖော်ပြသခဲ့ပါသေးတယ်။ အမှန်တရားဘက်မှ ရပ်တည်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ က နဲ့ တရားစွဲဆိုခံရပြီနောက် မြောက်ဒဂုံနေအိမ်မှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ပိုင်တံခွန် ရဲ့လက်ရှိကျန်းမာရေးအခြေအနေကို ရှေ့နေ့များမှတစ်ဆင့် အခုလိုပဲသိခဲ့ရပါတယ်။
မော်ဒယ် ပိုင်တံခွန် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံရတာဆိုရင်တော့ အခုဆိုရင် ခုနစ်လနီးပါးခန့် ကြာမြင့်လာပြီဖြစ်ပါတယ်။ ပိုင်တံခွန် နဲ့ ပြေတီဦး တို့နှစ်ဦးကတော့ လွန်ခဲ့တဲ့လက အစားမှားခဲ့ပြီး နေမကောင်းဖြစ်ခဲ့တာကြောင့် သူတို့ကိုချစ်တဲ့ ပရိသတ်တွေနဲ့ မိသားစုတွေက စိုးရိမ်ပူပန်ခဲ့ကြပါသေးတယ်။ လွတ်ငြိမ်းချမ်းသာတဲ့စာရင်းထဲမှာ ဖမ်းဆီးခံအနုပညာရှင်တွေ ပြန်လည်လွတ်မြောက်မယ်လို့ သတင်းတွေထွက်ခဲ့ပေမယ့် ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးပါဖူး။ လက်ရှိမှာ ပိုင်တံခွန် ရဲ့ကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်တယ်လို့ သိရပါတယ်။ အင်းစိန်အကျဉ်းထောင်မှာ ပိုင်တံခွန်နဲ့အတူ နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် လူမင်း၊ ပြေတီဦး၊ ရဲတိုက်၊ အိန္ဒြာကျော်ဇင်၊ အဆိုတော် ပိုပို၊ ဝင်းမင်းသန်း တို့ဖမ်းဆီးထိန်းသိမ်းခံထားရပါတယ်။
ပရိသတ်ကြီးရေ ပြည်သူ့အချစ်တော် ပိုင်တံခွန် အမြန်ဆုံးလွတ်မြောက်ပါစေလို့ ကောမန့်မှာ ဆုတောင်းလေးတွေ ပြောပေးခဲ့ပါအုန်းနော်။ မြန်မာပြည်ကြီး အာဏာရှင်ဘေးမှ အြမန်ဆုံးကင်းဝေးပါစေ၊ ဖမ်းဆီးခံထားရတဲ့ အနုပညာရှင်တွေနဲ့ အပြစ်မဲ့ ပြည်သူတွေအမြန်ဆုံးလွတ်မေြာက်ကြပါစေ။
ZawGyi version
Latest Posts
Don't Miss