Thursday, December 8, 2022
Latest Posts
ပရိတ်သတ်တွေ စိုးရိမ်ပူပန်နေကြတဲ့ G-Dr‌agon ရဲ့ကျန်းမာရေးအခြေအနေ
Unicode Version
အခမ်းအနားတစ်ခုကိုတက်ရောက်လာတဲ့ Big Bang အဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ G-Dr‌agon ရဲ့ ပုံစံကြောင့် ပရိတ်သတ်တွေကစိုးရိမ်နေကြတာပဲဖြစ်ပါတယ်။ ။ G-Dr‌agon ဟာ Monte-Carlo Chael Cruise Collection အတွက်ပွဲတစ်ခုမှာ တက်ရောက်လာခဲ့တာပဲဖြစ်ပါတယ်။ G-Dragon ဟာအမျိုးသားအမှတ်တံဆိပ်ရဲ့ Brand Ambassador အဖြစ်တက်ရောက်လာခဲ့ပြီးအာရုံစိုက်မှုများစွာရရှိခဲ့ပါတယ်။
ဖက်ရှင် King တစ်ယောက်ဖြစ်တဲ့ G-Dragon ဟာ၎င်းပွဲမှာလည်း မိမိုက်နေတဲ့ အ၀တ်အစားတွေကို ၀တ်ဆင်လာခဲ့ပါတယ်။ အဆိုပါပွဲမှာ G-Dragon ရဲ့ ဓာတ်ပုံတွေကို ပရိတ်သတ်တွေကမြင်တွေ့လိုက်ရတာကြောင့် G-Dragon ရဲ့ ကျန်းမာရေးကို စိုးရိမ်ပူပန်နေခဲ့တာပဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲ့ဓာတ်ပုံတွေထဲမှာ G-Dragon ဟာ အရင်ကထက်တော်တော် ပိန်သွားတာကြောင့် ပရိတ်သတ်တွေကစိတ်ပူနေကြတာပါ။
အဆိုပါဓာတ်ပုံတွေထဲမှ G-Dragon ဟာ အရင်ကလိုပဲ ဆန်းသစ်တဲ့ဖက်ရှင်နဲ့ တောက်ပနေပေမယ့် သူ့ရဲ့ ပုံစံကတော့ ပိန်သွားခဲ့ပြီးပင်ပန်းနေတာကြောင့်လားဆိုပြီး ကိုးရီးယားအင်တာနက်အသုံးပြုသူတော်တော်များများကသူရဲ့ကျန်းမာရေးအခြေအနကို စိုးရိမ်နေကြတာပဲဖြစ်ပါတယ်။
ပရိတ်သတ်ကြီးနဲ့ အတူတူ G-Dragon တစ်ယောက်ကျန်းမာပျော်ရွှင်စွာနဲ့ အနုပညာ အလုပ်တွေကိုဆက်လက်လှုပ်ရှားနိုင်ပါစေလို့ ဆန္ဒပြုလိုက်ရပါတယ်။
Zawgyi Version
Latest Posts
Don't Miss