Home Korea Celebrity ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့တဲ့ Son Ye Jin ရဲ့ မင်္ဂလာဝတ်စုံ တန်ဖိုး

ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့တဲ့ Son Ye Jin ရဲ့ မင်္ဂလာဝတ်စုံ တန်ဖိုး

667
ပရိတ်သတ်တွေကို အံ့အားသင့်စေခဲ့တဲ့ Son Ye Jin ရဲ့ မင်္ဂလာဝတ်စုံ တန်ဖိုး

Unicode Version

Son Ye Jin ဟာ သူမရဲ့ မင်္ဂလာပွဲအတွက် ရွေးချယ်ထားတဲ့ ၀တ်စုံကို အာရုံစိုက်ခဲ့ပါတယ်။မတ်လ 31 ရက်နေ့ မင်္ဂလာပွဲမတိုင်ခင်မှာတော့ Son Ye Jin နဲ့ Hyun Bin တို့ရဲ့အေဂျင်စီက မင်္ဂလာဓာတ်ပုံတစ်ချို့ကို ထုတ်ဖော်ပြသခဲ့ပြီး သူတို့ရဲ့မင်္ဂလာပွဲကို သီးသန့်ကျင်းပမယ်လို့ ကြေညာခဲ့ပါတယ်။

အေဂျင်စီမှ ထုတ်ပြန်သော မင်္ဂလာဓာတ်ပုံတွင် Son Ye Jin နှင့် Hyun Bin တို့ဟာTuxedo နဲ့ မင်္ဂလာဝတ်စုံကို ၀တ်ဆင်ထားပြီး တောက်ပစွာ ပြုံးနေကြတာပဲဖြစ်ပါတယ်။

Son Ye Jin ၏ မင်္ဂလာဝတ်စုံတွေကတေ့ Elie Saab ၏ လက်ပြတ်ဝတ်စုံနှင့်Vera Wang ၏ ပခုံးပေါ်၀တ်စုံတွေပဲဖြစ်ပါတယ်။

Elie Saabအမှတ်တံဆိပ်ဟာဆိုရင် အရှေ့အလယ်ပိုင်း လုပ်ငန်းစုများနှင့် ဟောလိဝုဒ်ကြယ်ပွင့်များ နှစ်သက်သဘောကျတဲ့နာမည်ကြီး အမှတ်တံဆိပ်တစ်ခုပဲဖြစ်ပါတယ်။ ‘အရှေ့အလယ်ပိုင်းတွင်တော့ Valentino’လို့လည်းသိကြပါတယ်။ အဆိုပါအမှတ်တံဆိပ်ကို အမေရိကန်ပြည်ထောင်စု၏ သမ္မတကတော်ဟောင်း Melania Trumpနဲ့ဗြိတိန်တော်ဝင်မိသားစု၏ချွေးမ Kate Middletonတို့ကလည်းကြိုက်နှစ်သက်ကြပါတယ်။

Elie Saab ၏မင်္ဂလာဝတ်စုံ၏စျေးနှုန်းကတော့ ကိုရီးယား၀မ်သန်း၈၀ အမေရိကန်‌ေဒါ်လာ ၆၅,၈၆၄ ခန့်ရှိကြောင်းသိရပါတယ်။

Son Ye Jin မှရွေးချယ်ခဲ့သော Elie Saab ဝတ်စုံသည် ‘2022 Fall Winter Bridal Collection’ တွင်ပြသထားသောဝတ်စုံအသစ်ဖြစ်တယ်လို့လည်းသိရပါတယ်။

Vera Wang ၏ ၀တ်စုံများကတော့ ပျဥ်းမျှတန်ဖိုး ကိုရီးယား၀မ် ၁၀ သန်း ‌အမေရိကန်ဒေါ်လာ 8,233 သို့မဟုတ် အဲ့ထက်ပို၍ကုန်ကျနိုင်ကြောင်းကိုလည်း ခန့်မှန်းသိရှိရပါတယ်။ Vera Wang ရဲ့ ၀တ်စုံတွေကို ငှားရမ်း၀တ်ဆင်ခြင်းမပြုတဲ့ အမှတ်တံဆိပ်လို့လည်းသိရှိရပါတယ်။

Hyun Bin နှင့် Son Ye Jin တို့သည် 31 ရက်နေ့ တွင် ဆိုးလ်မြို့၊ Aston House၊ Grand Walkerhill Hotel တွင် သီးသန့်မင်္ဂလာပွဲ ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။

Zawgyi Version

ပရိတ္သတ္ေတြကို အံ့အားသင့္ေစခဲ့တဲ့ Son Ye Jin ရဲ႕ မဂၤလာဝတ္စုံ တန္ဖိုး

Son Ye Jin ဟာ သူမရဲ႕ မဂၤလာပြဲအတြက္ ေ႐ြးခ်ယ္ထားတဲ့ ၀တ္စုံကို အာ႐ုံစိုက္ခဲ့ပါတယ္။မတ္လ 31 ရက္ေန႔ မဂၤလာပြဲမတိုင္ခင္မွာေတာ့ Son Ye Jin နဲ႔ Hyun Bin တို႔ရဲ႕ေအဂ်င္စီက မဂၤလာဓာတ္ပုံတစ္ခ်ိဳ႕ကို ထုတ္ေဖာ္ျပသခဲ့ၿပီး သူတို႔ရဲ႕မဂၤလာပြဲကို သီးသန႔္က်င္းပမယ္လို႔ ေၾကညာခဲ့ပါတယ္။

ေအဂ်င္စီမွ ထုတ္ျပန္ေသာ မဂၤလာဓာတ္ပုံတြင္ Son Ye Jin ႏွင့္ Hyun Bin တို႔ဟာTuxedo နဲ႔ မဂၤလာဝတ္စုံကို ၀တ္ဆင္ထားၿပီး ေတာက္ပစြာ ၿပဳံးေနၾကတာပဲျဖစ္ပါတယ္။

Son Ye Jin ၏ မဂၤလာဝတ္စုံေတြကေတ့ Elie Saab ၏ လက္ျပတ္ဝတ္စုံႏွင့္Vera Wang ၏ ပခုံးေပၚ၀တ္စုံေတြပဲျဖစ္ပါတယ္။

Elie Saabအမွတ္တံဆိပ္ဟာဆိုရင္ အေရွ႕အလယ္ပိုင္း လုပ္ငန္းစုမ်ားႏွင့္ ေဟာလိဝုဒ္ၾကယ္ပြင့္မ်ား ႏွစ္သက္သေဘာက်တဲ့နာမည္ႀကီး အမွတ္တံဆိပ္တစ္ခုပဲျဖစ္ပါတယ္။ ‘အေရွ႕အလယ္ပိုင္းတြင္ေတာ့ Valentino’လို႔လည္းသိၾကပါတယ္။ အဆိုပါအမွတ္တံဆိပ္ကို အေမရိကန္ျပည္ေထာင္စု၏ သမၼတကေတာ္ေဟာင္း Melania Trumpနဲ႔ၿဗိတိန္ေတာ္ဝင္မိသားစု၏ေခြၽးမ Kate Middletonတို႔ကလည္းႀကိဳက္ႏွစ္သက္ၾကပါတယ္။

Elie Saab ၏မဂၤလာဝတ္စုံ၏ေစ်းႏႈန္းကေတာ့ ကိုရီးယား၀မ္သန္း၈၀ အေမရိကန္‌ေဒၚလာ ၆၅,၈၆၄ ခန႔္ရွိေၾကာင္းသိရပါတယ္။

Son Ye Jin မွေ႐ြးခ်ယ္ခဲ့ေသာ Elie Saab ဝတ္စုံသည္ ‘2022 Fall Winter Bridal Collection’ တြင္ျပသထားေသာဝတ္စုံအသစ္ျဖစ္တယ္လို႔လည္းသိရပါတယ္။

Vera Wang ၏ ၀တ္စုံမ်ားကေတာ့ ပ်ဥ္းမွ်တန္ဖိုး ကိုရီးယား၀မ္ ၁၀ သန္း ‌အေမရိကန္ေဒၚလာ 8,233 သို႔မဟုတ္ အဲ့ထက္ပို၍ကုန္က်ႏိုင္ေၾကာင္းကိုလည္း ခန႔္မွန္းသိရွိရပါတယ္။ Vera Wang ရဲ႕ ၀တ္စုံေတြကို ငွားရမ္း၀တ္ဆင္ျခင္းမျပဳတဲ့ အမွတ္တံဆိပ္လို႔လည္းသိရွိရပါတယ္။

Hyun Bin ႏွင့္ Son Ye Jin တို႔သည္ 31 ရက္ေန႔ တြင္ ဆိုးလ္ၿမိဳ႕၊ Aston House၊ Grand Walkerhill Hotel တြင္ သီးသန႔္မဂၤလာပြဲ ျပဳလုပ္ခဲ့တာပဲျဖစ္ပါတယ္။