Sunday, November 27, 2022
Latest Posts
ပန်းရံ လုပ်ပြီး စားဝတ်နေ‌ရေးအတွက် ဖြေရှင်းနေရတဲ့ လူကြမ်းသရုပ်ဆောင် ကိုသန့်စင်
Unicdoe Version
အထိုးအကြိတ်အခန်းတွေမှာ လူကြမ်းအဖွဲ့လို့ဆိုလိုက်ရင် ကိုလူချောတို့အဖွဲ့ကို အမြဲတွေ့ရမှာပဲဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင်တွေဟာ အက်ရှင်ကားတွေ အထိုးအကြိတ်ကားတွေကို အသားပေးရိုက်ကူးရာထားတဲ့ ဇာတ်လမ်းမျိုးတွေမှာ မင်းသားတွေနဲ့အပြိုင် သရုပ်ဆောင်ရသူတွေပဲဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေ ခေတ်စားတဲ့အချိန်ကတည်းက လူကြမ်းသရုပ်ဆောင်အဖြစ် သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေအားလုံးရင်းနှီးပြီးသားဖြစ်တဲ့ ကိုသန့်စင် ကိုတော့လူတိုင်းသိလိမ့်မယ်ထင်ပါတယ်။ လူကြမ်းသရုပ်ဆောင်ကြီး ကိုသန့်စင် ကတော့စားဝတ်နေရေး အခက်အခဲဖြစ်နေတာကြောင့် ပန်းရံအလုပ်သမားအဖြစ် ဝင်ရောက်လုပ်ကိုင်နေတယ်လို့ သိရပါတယ်။
လက်ရှိမြန်မာနိုင်ငံရဲ့အခြေအနေကြောင့် အနုပညာလှုပ်ရှားမှု့တွေနဲ့ ရုပ်ရှင်ရိုက်ကူးတာတွေ ရပ်နားထားတာကြောင့် နယ်ပယ်အသီးသီးမှ အနုပညာရှင်တွေအားလုံး အခက်အခဲဖြစ်နေချိန်ဖြစ်ပါတယ်။ အချို့အနုပညာရှင်တွေကတော့ အွန်လိုင်းပေါ်ကနေပဲ လိုက်ဖ်လွှင့်စျေးရောင်းကြပြီး ဝမ်းရေးအတွက် ရှာဖွေနေကြတာပဲဖြစ်ပါတယ်။ လူကြမ်းမင်းသားကြီး ကိုသန့်စင် ဟာ စားဝတ်နေရေးကြောင့် ပန်းရံအလုပ်သမားအဖြစ် လုပ်ကိုင်နေတဲ့ ဓာတ်ပုံတစ်ချို့ဟာ အွန်လိုင်းပေါ်မှာ ပျံ့နှံ့နေတာကိုလဲ တွေ့ရပါတယ်။ ကိုသန့်စင် ကိုချစ်တဲ့ ပရိသတ်တွေကတော့ စိတ်မကောင်းဖြစ်နေကြပြီး အားတင်ထားဖို့ ပြောနေကြတာကိုလဲ တွေ့ရပါတယ်နော်။ အချို့ပရိသတ်တွေကတော့ အလုပ်မရွေးပဲ လုပ်ကိုင်နိုင်တဲ့ လူကြမ်းကြီးကို ချီးကျူးနေကြပါတယ်။
” အလုပ်ဟူသမျှ ဂုဏ်ရှိစွ ” ပါ လူကြမ်းကြီးရေ….။ Cele Only ပရိသတ်ကြီးရေ လူကြမ်းသရုပ်ဆောင်ကြီး ကိုသန့်စင် စားဝတ်နေရေးအမြန်ဆုံးအဆင်ပြေပါစေလို့ ကောမန့်မှာဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။
ZawGyi Version
Latest Posts
Don't Miss