Saturday, December 3, 2022

Latest Posts

ပြေတီဦး နဲ့ ဆွေမျိုးတော်စပ်ပုံကို ပရိသတ်တွေသိအောင် ဖွင့်ဟလာခဲ့တဲ့ အကယ်ဒမီများရှင် မို့မို့မြင့်အောင်

Unicode Version

မို့မို့မြင့်အောင် ဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာမှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။ အကယ်ဒမီများရှင် မို့မို့မြင့်အောင် နဲ့ အကယ်ဒမီ ပြေတီဦး တို့ဟာ မောင်နှမ ဝမ်းကွဲတော်စပ်တယ်ဆိုတာကို မို့မို့မြင့်အောင် က ပြောပြခဲ့ပါတယ်။

“ပြေတီဦးနဲ့ မမို့က မောင်နှမ နှစ်ဝမ်းကွဲတော်တယ်။ အဖေဘက်က တော်တာပါ။ သူတို့အဘွားနဲ့ မမို့တို့နဲ့က အမျိုးတွေပါ။ သူ့အဖေက ဆရာဝန်ဆိုတော့ နယ်တွေမှာ ဆေးလိုက်ကုနေရတော့ သူတို့နဲ့ နည်းနည်းဝေးသွားတာ။ အဒေါ်တွေနဲ့ကတော့ အရမ်းတရင်းတနှီးဖြစ်ကြတယ်။ မမို့ ငယ်ငယ်တုန်းကဆိုရင် ပြေတီဦး အဒေါ်ကပဲ မိတ်ကပ်လူးပေးတာ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မနက်ပိုင်းက “နှင်းဆီရဲတိုက်” ရုပ်ရှင်ဇာတ်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ မို့မို့မြင့်အောင်နဲ့ ပြေတီဦးတို့ကတော့ အနုပညာလောကမှာ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ သရုပ်ဆောင် နှစ်ဦးဖြစ်ပါတယ်။ သူတို့ကိုတော့ မောင်နှမ တော်စပ်တယ်လို့ ပရိသတ်တွေက မသိခဲ့ကြသေးပါဘူး။ မို့မို့မြင့်အောင်က လက်ရှိမှာလည်း အကယ်ဒမီ ဆုတွေ ပိုင်ဆိုင်ထားသူဖြစ်သလို ပြေတီဦးကလည်း အကယ်ဒမီ ဆုတွေ ပိုင်ဆိုင်ထားတာ တွေ့ရပါတယ်။ နှစ်ယောက်အတူတွဲပြီး ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးထားတာတွေလည်း အများကြီးပါ။ “လို့ မို့မို့မြင့်အောင် က အင်တာဗျူးတွေမှာ ပြောပြခဲ့ပါတယ်။

ကဲ…ပရိသတ်ကြီးရေ ပြေတီဦးနဲ့ မမို့တို့ရဲ့အမျိုးတော်စပ်ပုံကို ပြန်လည်ဖော်ပြပေးလိုက်လို့ ကျေနပ်အားရလိမ့်မယ်ထင်ပါတယ်နော်။ သရုပ်ဆောင် မင်းသားချော ပြေတီဦး လည်း မတရားဖမ်းဆီးခံထားရခြင်းမှ အမြန်ဆုံးလွတ်မြောက်ပါစေလို့ Cele Only မှဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version


Don't Miss