Saturday, December 3, 2022

Latest Posts

ပုဇွန်တောင်နေအိမ်မှာ နာရီဝက်အတွင်း အဖမ်းခံလိုက်ရတဲ့ ကျန်းမာရေးမကောင်းတဲ့ ဒါရိုက်တာ ဝိုင်း

Unicode Version

ပရိသတ်ကြီးရေ ဒါရိုက်တာ ဝိုင်း ကတော့ အမှန်တရားအတွက် ပြည်သူတွေနဲအတူ ပါဝင်လှုပ်ရှားခဲ့တာကြောင့် ပုဒ်မ ၅၀၅ က နဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁၇ ရက်ကတည်းက ဖမ်းဝရမ်းထုတ်ထားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ဘေးကင်းရာကို ထွက်ပြေးတိမ်းရှောင်နေရတာပဲ ဖြစ်ပါတယ်။ တိမ်းရှောင်နေရာမှ နေအိမ်တိုက်ခန်းကို ခေတ္တပြန်ရောက်ချိန် နာရီဝက်အတွင်း ရဲကား ၂ စီးဖြင့် လာရောက် ဖမ်းဆီးသွားခဲ့တယ်လို့ မိတ်ဆွေဖြစ်သူ ဒါရိုက်တာ သွန်းနေစိုးက အတည်ပြုရေးသားထားပါတယ်။

ဒါရိုက်တာ ဝိုင်း ကို ဒီကနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက်ပိုင်းက ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်ရှိ နေအိမ်တိုက်ခန်းတွင် လာရောက်ဖမ်းဆီးသွားခဲ့တာပဲ ဖြစ်ပါတယ်။ “ကိုဝိုင်း (ဒါရိုက်တာ ဝိုင်း)ကို ယခု နံနက်တွင်ပင် ပုဇွန်တောင်ရှိ သူ့နေ အိမ်တိုက်ခန်းမှ ဖမ်းဆီး သွားကြောင်းသိရ။ ဒါရိုက်တာဝိုင်းမှာလွန်ခဲ့သော နှစ်အနည်းငယ်ကမှ လေဖြန်းထားသူဖြစ်၍ ယခုလို ဖမ်းဆီးသွားခြင်းအတွက် သူ့ကျန်းမာရေးစိုးရိမ်စရာဖြစ်။ယခုအချိန်အထိလည်း သူ့ကျန်းမာရေး မှာအပြည့်အ၀ မကောင်းမွန်သေးကြောင်း ကြားရ” ဆိုပြီး ဒါရိုက်တာ သွန်းနေစိုးရဲ့ ဖေ့စ်ဘွတ်ခ်မှာ ရေးသားထားပါတယ်။

ဒါရိုက်တာ ဝိုင်း ဟာ မကြာသေးခင်က လေဖြန်းထားသူဖြစ်ပြီး ကျန်းမာရေးမှာ စိုးရိမ်စရာရှိတယ်လို့ အနုပညာအသိုင်းအဝိုင်းမှ တစ်ဆင့်သိရပါတယ်။ ပရိသတ်ကြီးရေ ဒါရိုက်တာ ဝိုင်း အတွက် ဆုတောင်းစကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။

ZawGyi Version

ပုဇွန်တောင်နေအိမ်မှာ အဖမ်းခံလိုက်ရတဲ့ ကျန်းမာရေးမကောင်းတဲ့ ဒါရိုက်တာ ဝိုင်း




Latest Posts

Don't Miss