Tuesday, November 29, 2022

Latest Posts

နှစ်ဆန်းတစ်ရက်နေ့မှစပြီး ရုံတင်ပြသတော့မယ့် ရုပ်ရှင်ဇာတ်ကား ၆ ကား

Unicode Version

ပရိသတ်ကြီးရေ ရုပ်ရှင်ရုံတွေကို ကိုဗစ်စတင်ဖြစ်တဲ့အချိန်မှစပြီး ပိတ်ထားခဲ့တာ အခုဆိုရင် နှစ်နဲ့ချီကြာမြင့်နေပြီပဲ ဖြစ်ပါတယ်။ ကိုဗစ်ကာလမှာ ရောဂါပိုးတွေ ပျံ့နှံမှာကြောင့် ပိတ်ထားခဲ့ပြီး နောက်ပိုင်းမှာတော့ နိုင်ငံရေးအခြေအနေတွေကြောင့် လုံးဝကိုပိတ်ထားခဲ့ရတာပါ။

အခုလာမယ့် မြန်မာနှစ်ဆန်းတစ်ရက်နေ့မှာ ရုပ်ရှင်ရုံတွေ ပြန်လည်ဖွင့်လှစ်တော့မယ်လို့ သတင်းတွေအရ သိရပါတယ်။ ပုဒ်မ ၅၀၅ ကနဲ့ တရားစွဲဆိုခံထားရလို့ ထွက်ပြေးတိမ်းရှောင်နေရတဲ့ အနုပညာရှင်တွေရဲ့ဇာတ်ကားတွေလဲ ပါဝင်နေပြီး မကြာသေးခင်ကမှ ပြန်လည်လွတ်မြောက်လာတဲ့ အနုပညာရှင်တွေရဲ့ ဇာတ်ကားတွေလဲ ပါဝင်နေပါတယ်။ ရုပ်ရှင်ဇာတ်ကား ၆ ကား ရဲ့ စာရင်းကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

17.4.2022
ဝေးမနေချင်ဘူး
လူမင်း၊ နေမင်း၊ ရွှေမှုန်ရတီ

29.4.2022
လိပ်ပြာထောင်ချောက်
ပြေတီဦး၊ ဖွေးဖွေး

6.5.2022
အမှောင်တိုက်
ပိုင်တံခွန်၊အိချောပို

13.5.2022
ရွာဂေါ်
ပြေတီဦး၊ ဝတ်မှုန်ရွေရည်

20.5.2022
အချိုဆုံးအချစ် အပြင်းဆုံးမေတ္တာ
အောင်ရဲလင်း၊အိန္ဒြာကျော်ဇင်

27.5.2022
ကမောက်ကမ သမီးယောက်မ
ပြေတီဦး၊ မနော၊ ခိုင်သင်းကြည်၊ သင်ဇာဝင့်ကျော်၊ ဖြူဖြူထွေး စတဲ့ဇာတ်ကားတွေပဲ ဖြစ်ပါတယ်။

ကဲ…ရုံတင်ရုပ်ရှင်ကားတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေရဲ့ ထင်မြင်ယူဆချက်တွေကို ပြောပြပေးခဲ့ပါအုန်းနော်။

ZawGyi Version

ႏွစ္ဆန္းတစ္ရက္ေန႔မွစၿပီး ႐ုံတင္ျပသေတာ့မယ့္ ႐ုပ္ရွင္ဇာတ္ကား ၆ ကား

ပရိသတ္ႀကီးေရ ႐ုပ္ရွင္႐ုံေတြကို ကိုဗစ္စတင္ျဖစ္တဲ့အခ်ိန္မွစၿပီး ပိတ္ထားခဲ့တာ အခုဆိုရင္ ႏွစ္နဲ႔ခ်ီၾကာျမင့္ေနၿပီပဲ ျဖစ္ပါတယ္။ ကိုဗစ္ကာလမွာ ေရာဂါပိုးေတြ ပ်ံ႕ႏွံမွာေၾကာင့္ ပိတ္ထားခဲ့ၿပီး ေနာက္ပိုင္းမွာေတာ့ ႏိုင္ငံေရးအေျခအေနေတြေၾကာင့္ လုံးဝကိုပိတ္ထားခဲ့ရတာပါ။

အခုလာမယ့္ ျမန္မာႏွစ္ဆန္းတစ္ရက္ေန႔မွာ ႐ုပ္ရွင္႐ုံေတြ ျပန္လည္ဖြင့္လွစ္ေတာ့မယ္လို႔ သတင္းေတြအရ သိရပါတယ္။ ပုဒ္မ ၅၀၅ ကနဲ႔ တရားစြဲဆိုခံထားရလို႔ ထြက္ေျပးတိမ္းေရွာင္ေနရတဲ့ အႏုပညာရွင္ေတြရဲ႕ဇာတ္ကားေတြလဲ ပါဝင္ေနၿပီး မၾကာေသးခင္ကမွ ျပန္လည္လြတ္ေျမာက္လာတဲ့ အႏုပညာရွင္ေတြရဲ႕ ဇာတ္ကားေတြလဲ ပါဝင္ေနပါတယ္။ ႐ုပ္ရွင္ဇာတ္ကား ၆ ကား ရဲ႕ စာရင္းကေတာ့ ေအာက္ပါအတိုင္းပဲ ျဖစ္ပါတယ္။

17.4.2022
ေဝးမေနခ်င္ဘူး
လူမင္း၊ ေနမင္း၊ ေ႐ႊမႈန္ရတီ

29.4.2022
လိပ္ျပာေထာင္ေခ်ာက္
ေျပတီဦး၊ ေဖြးေဖြး

6.5.2022
အေမွာင္တိုက္
ပိုင္တံခြန္၊အိေခ်ာပို

13.5.2022
႐ြာေဂၚ
ေျပတီဦး၊ ဝတ္မႈန္ေ႐ြရည္

20.5.2022
အခ်ိဳဆုံးအခ်စ္ အျပင္းဆုံးေမတၱာ
ေအာင္ရဲလင္း၊အိျႏၵာေက်ာ္ဇင္

27.5.2022
ကေမာက္ကမ သမီးေယာက္မ
ေျပတီဦး၊ မေနာ၊ ခိုင္သင္းၾကည္၊ သင္ဇာဝင့္ေက်ာ္၊ ျဖဴျဖဴေထြး
စတဲ့ဇာတ္ကားေတြပဲ ျဖစ္ပါတယ္။

ကဲ…႐ုံတင္႐ုပ္ရွင္ကားေတြနဲ႔ ပတ္သက္ၿပီး ပရိသတ္ေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြကို ေျပာျပေပးခဲ့ပါအုန္းေနာ္။

Latest Posts

Don't Miss