Saturday, December 3, 2022

Latest Posts

နွားနို့ဆန်ပြုတ် ပွဲ(၁၃၀)စာ လှူဒါန်းခဲ့တဲ့ သဇင်ထူးမြင့် တို့ မိသားစု

Uniicode Version

ပရိသတ်ကြီးရေ ဟာသသရုပ်ဆောင် လူရွှင်တော် ခင်လှိုင်ရဲ့ သမီးထွေးလေး သဇင်ထူးမြင့် ကတော့ရုပ်ရည်ချောမောသူလဲဖြစ် ပရဟိတစိတ်ရှိတဲ့အနုပညာရှင်တစ်ယောက် ဖြစ်တာကြောင့် ပရိသတ်တွေချစ်ခင်အားပေးနေရတဲ့ သူတစ်ယောက်လဲဖြစ်ပါတယ်။ သဇင်ထူးမြင့် တို့ မိသားစုက ကိုဗစ်ကာလအတွင်း စားဝတ်နေရေး ခက်ခဲတဲ့နေရာလေးတွေကို ဦးစားပေးပြီး နွားနို့ဆန်ပြုတ် ပွဲ(၁၃၀)စာ လှူဒါန်းခဲ့တယ် လို့ သိရပါတယ်။

သဇင်ထူးမြင့် ကတော့ နွားနို့ဆန်ပြုတ် လှူဒါန်းဖြစ်ခဲ့ပုံကို ” ဒီနေ့ သဲတို့မိသားစုရဲ့နောက်ထပ်အလှူလေးအဖြစ် နွားနို့ဆန်ပြုတ် ပွဲ၁၃၀စာ ထပ်လှူဖြစ်ပါတယ် အဆင်သင့်သုံးဆောင်နိုင်အောင် မေမေ့စိတ်ကြိုက် Steel ဇွန်းလေးတွေထည့်ပေးထားပါတယ် အလှူတိုင်းမေမေ့ရဲ့အိုင်ဒီယာလေး ကိုယ်တိုင် ထွက်ပြီး လိုက်လှူချင်​တာ ထွက်လို့ အဆင်မပြေတဲ့တွက် 😢ကိုkinaနဲ့မဆုကို အကူညီတောင်းပြီးဂျီကျလိုက်တာ အစစအရာရာအကုန်အဆင်ပြေအောင် အပင်ပန်းခံပြီး တကယ်ခက်ခဲတဲ့နေရာတွေထိသွားလှူပေးကြလို့Kina AlphaHninn SuMin Thway Khant တဖွဲ့လုံးကိုကျေးဇူးအများကြီးတင်ပါတယ်
တတ်နိုင်သလောက် ထပ်ပြီးလှူဒါန်းသွားနိုင်အောင်ကြိုးစားပါ့မယ် ” လို့ သူမရဲ့ဖေ့ဘွတ်မှာ ရေးသားထားပါတယ်။

နွားနို့ဆန်ပြုတ် ပွဲ(၁၃၀)စာ လှူဒါန်းခဲ့တဲ့ သဇင်ထူးမြင့် တို့ မိသားစု

ချစ်ဖို့ကောင်းတဲ့ သရုပ်ဆောင် သဇင်ထူးမြင့် တို့ မိသားစုလဲ ဒီထက်မကပိုမိုလှူဒါန်းနိုင်ပါစေ။ ရုပ်ရှင်လောကမှာလဲ ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

နွားနို့ဆန်ပြုတ် ပွဲ(၁၃၀)စာ လှူဒါန်းခဲ့တဲ့ သဇင်ထူးမြင့် တို့ မိသားစု

ZawGyi Version





Latest Posts

Don't Miss