Saturday, December 3, 2022

Latest Posts

နေအိမ်ချိက်ပိတ်ခံလိုက်ရလို့ ဘာမှမပိုင်ဆိုင်ရတော့ပေမယ့် စိတ်ထဲမှာ အေးချမ်းတယ်ဆိုတဲ့ ချမ်းချမ်း

Unicode Version

Cele Only ပရိသတ်ကြီးရေ … Melody World Myanmar သီချင်းဆိုပြိုင်ပွဲမှတစ်ဆင့် နာမည်ကြီးလူကြိုက်များလာခဲ့တဲ့ ချမ်းချမ်း ဟာ အခုဆိုရင်တော့ ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်တဲ့ဝါရင့်အဆိုတော်တစ်ဦး အဖြစ်ရပ်တည်နေပါတယ်နော်။ လက်ရှိမှာ သူမဟာ ခင်ပွန်းဖြစ်သူနဲ့အတူ နိုင်ငံရပ်ခြားမှာ အတူနေထိုင်နေပြီး မြန်မာနိုင်ငံအတွက် တတ်နိုင်ဘက်ကနေ ကူညီလှူဒါန်းမူ့တွေပြုလုပ်ပေးနေတာလဲ ဖြစ်ပါတယ်။

အဆိုတော် ချမ်းချမ်း ရဲ့နေအိမ် ကို လွန်ခဲ့တဲ့လပိုင်းလောက်က ချိက်ပိတ်ခံခဲ့ရပါတယ်။ သူမဟာ တရားနဲ့ဖြေတယ်ဆိုတဲ့အကြောင်းကို ” ကျမ ဘာမှမပိုင်ဆိုင်မရှိတော့ပေမဲ့ ကျမ စိတ်ထဲမှာ အခုမှ အေးချမ်းသွားတာ ကိုတော့ မငြင်းနိုင်ဘူး တကယ်တော့ ပစ္စည်းဥစ္စာဆိုတာ လူတိုင်းအသက်ရှင်သရွေ့ရှာဖွေခွင့်ရှိနိုင်သေးတာပဲ တရားနဲ့ဖြေ ဆိုတဲ့ စကားထက် ပိုသေချာတာကတော့ အစွဲလမ်းမထားမိဖို့ပါပဲ ကြိုးစားနေဆဲ ကြိုးစားဆဲပါ တခါတလေ ကိုယ်ကူညီပေးနေထောက်ပံ့ပေးနေတာတွေကို တပါးသူသိအောင်တင်ပြနေရတာဟာ ဘယ်သူ့အတွက်မှ အန္တာရာယ် မကင်းဘူး လုပ်စရာရှိတာလုပ် ကောင်းတာ မှန်တာလုပ်ရင် ဘုရားသိ နတ်သိ ကိုယ့်လိပ်ပြာကိုယ်လုံမယ် သနားပါတယ် ပြောရုံနဲ့တော့မရဘူးပေါ့ ဒါတွေနစ်နာ အဆုံးရှုံးခံထားရတာ ကိုယ့်အတွက်မှမဟုတ်တာ ကိုယ်ချစ်ရတဲ့တိုင်းပြည်အတွက် တကယ့်အသက်ပေးသွားတဲ့ အပြစ်မဲ့ကလေးတွေ ပြည်သူတွေအတွက် သူတို့ဆုံးရှုံးမှုကပိုကြီးပါတယ် ဘယ်လိုကိစ္စမျိုးတွေနဲ့မှ စိတ်ကိုမထွေပြားစေနဲ့ အာရုံမပျက်စေနဲ့ သွေးမအေားနဲ့ လုပ်စရာရှိတာလုပ်ကြရင်း နေ့သစ်အတွက် ကြိုးစားကြရအောင်နော် ” လို့ ရေးသားထားပါတယ်။

အဆိုတော် ချမ်းချမ်း ဟာ သူမရဲသမီးငယ်လေး ပီလာ ကိုလွမ်းနေတဲ့ ပရိသတ်တွေအတွက် သမီးလေး ရဲ့ ဓာတ်ပုံလေးတွေနဲ့အတူ ရေးသားမျှဝေထားတာပါ။

ZawGyi Version

ေနအိမ္ခ်ိက္ပိတ္ခံလိုက္ရလို႔ ဘာမွမပိုင္ဆိုင္ရေတာ့ေပမယ့္ စိတ္ထဲမွာ ေအးခ်မ္းတယ္ဆိုတဲ့ ခ်မ္းခ်မ္း

Cele Only ပရိသတ္ႀကီးေရ … Melody World Myanmar သီခ်င္းဆိုၿပိဳင္ပြဲမွတစ္ဆင့္ နာမည္ႀကီးလူႀကိဳက္မ်ားလာခဲ့တဲ့ ခ်မ္းခ်မ္း ဟာ အခုဆိုရင္ေတာ့ ဂီတလမ္းေၾကာင္းေပၚမွာ ေအာင္ျမင္တဲ့ဝါရင့္အဆိုေတာ္တစ္ဦး အျဖစ္ရပ္တည္ေနပါတယ္ေနာ္။ လက္ရွိမွာ သူမဟာ ခင္ပြန္းျဖစ္သူနဲ႔အတူ ႏိုင္ငံရပ္ျခားမွာ အတူေနထိုင္ေနၿပီး ျမန္မာႏိုင္ငံအတြက္ တတ္ႏိုင္ဘက္ကေန ကူညီလႉဒါန္းမူ႔ေတြျပဳလုပ္ေပးေနတာလဲ ျဖစ္ပါတယ္။

အဆိုေတာ္ ခ်မ္းခ်မ္း ရဲ႕ေနအိမ္ ကို လြန္ခဲ့တဲ့လပိုင္းေလာက္က ခ်ိက္ပိတ္ခံခဲ့ရပါတယ္။ သူမဟာ တရားနဲ႔ေျဖတယ္ဆိုတဲ့အေၾကာင္းကို ” က်မ ဘာမွမပိုင္ဆိုင္မရွိေတာ့ေပမဲ့ က်မ စိတ္ထဲမွာ အခုမွ ေအးခ်မ္းသြားတာ ကိုေတာ့ မျငင္းႏိုင္ဘူး တကယ္ေတာ့ ပစၥည္းဥစၥာဆိုတာ လူတိုင္းအသက္ရွင္သေ႐ြ႕ရွာေဖြခြင့္ရွိႏိုင္ေသးတာပဲ တရားနဲ႔ေျဖ ဆိုတဲ့ စကားထက္ ပိုေသခ်ာတာကေတာ့ အစြဲလမ္းမထားမိဖို႔ပါပဲ ႀကိဳးစားေနဆဲ ႀကိဳးစားဆဲပါ တခါတေလ ကိုယ္ကူညီေပးေနေထာက္ပံ့ေပးေနတာေတြကို တပါးသူသိေအာင္တင္ျပေနရတာဟာ ဘယ္သူ႔အတြက္မွ အႏၲာရာယ္ မကင္းဘူး လုပ္စရာရွိတာလုပ္ ေကာင္းတာ မွန္တာလုပ္ရင္ ဘုရားသိ နတ္သိ ကိုယ့္လိပ္ျပာကိုယ္လုံမယ္ သနားပါတယ္ ေျပာ႐ုံနဲ႔ေတာ့မရဘူးေပါ့ ဒါေတြနစ္နာ အဆုံးရႈံးခံထားရတာ ကိုယ့္အတြက္မွမဟုတ္တာ ကိုယ္ခ်စ္ရတဲ့တိုင္းျပည္အတြက္ တကယ့္အသက္ေပးသြားတဲ့ အျပစ္မဲ့ကေလးေတြ ျပည္သူေတြအတြက္ သူတို႔ဆုံးရႈံးမႈကပိုႀကီးပါတယ္ ဘယ္လိုကိစၥမ်ိဳးေတြနဲ႔မွ စိတ္ကိုမေထြျပားေစနဲ႔ အာ႐ုံမပ်က္ေစနဲ႔ ေသြးမေအားနဲ႔ လုပ္စရာရွိတာလုပ္ၾကရင္း ေန႔သစ္အတြက္ ႀကိဳးစားၾကရေအာင္ေနာ္ ” လို႔ ေရးသားထားပါတယ္။

အဆိုေတာ္ ခ်မ္းခ်မ္း ဟာ သူမရဲသမီးငယ္ေလး ပီလာ ကိုလြမ္းေနတဲ့ ပရိသတ္ေတြအတြက္ သမီးေလး ရဲ႕ ဓာတ္ပုံေလးေတြနဲ႔အတူ ေရးသားမွ်ေဝထားတာပါ။

Latest Posts

Don't Miss