Tuesday, December 6, 2022

Latest Posts

နေမကောင်းတဲ့ လမ်းဘေးခွေးလေးတွေကို ဆေးကုပြီးမွေးထားတယ်ဆိုတဲ့ သရုပ်ဆောင် ခင်စိုးပိုင်

Unicode Version

မြန်မာပြည်ရဲ့ ရုပ်ရှင်အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုထဲက ရပ်တည်နေတဲ့ ဝါရင့်သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ သရုပ်ဆောင် ခင်စိုးပိုင် ကိုတော့ ပရိသတ်တိုင်းသိလိမ့်မယ်ထင်ပါတယ်။ သူမဟာငယ်စဥ်ကတည်းက ဇာတ်ကားပေါင်းများစွာမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး အသက်အရွယ်ကြီးမြင့်လာတဲ့အချိန်မှာလဲ ဆက်လက်သရုပ်ဆောင်နေရဆဲပါပဲနော်။ လက်ရှိမှာ နိုင်ငံ‌ရေးအခြေအနေတွေနဲ့ ကပ်ရောဂါကြောင့် အနုပညာလှုပ်ရှားမှု့တွေ မရှိတော့ပေမယ့် သူမရဲ့သားသမီးတွေရဲ့ ထောက်ပံ့မှု့တွေကြောင့် အတန်သင့်အဆင်ပြေပေမယ့် သူမမွေးထားတဲ့ခွေးလေးတွေ ကြောင်လေးတွေအတွက် အလုပ်တွေလက်ခံဖြစ်ခဲ့တယ်လို့ မီဒီယာတစ်ခုရဲ့ အင်တာဗျူးတစ်ခုမှာ ဖြေကြားသွားခဲ့ပါတယ်။

သရုပ်ဆောင် ခင်စိုးပိုင် ဟာ တိချစ်သူတစ်ဦးဖြစ်ပြီး လမ်းဘေးမှာ ဒုက္ခရောက်နေတဲ့ ခွေးလေးတွေ၊ကြောင်လေးတွေကို ကူညီကယ်ဆယ်၍ ဆေးကုသပေးနေပါတယ်။ သူမက သားသမီးအထောက်အပံ့နဲ့ နေနိုင်စားနိုင်ပေမယ့် တိလေးအတွက် လာအပ်တဲ့အလုပ်လေးတွေကို လက်ခံနေရတယ်ဆိုတဲ့အကြောင်းကို ” သားသမီးတွေကတော့ အားမငယ်နဲ့ ဇာတ်ကားမရိုက်ရလည်းဘာမှမဖြစ်ဘူးဆိုပြီး အားပေးပေမဲ့ ကိုယ်တိုင်က အနုပညာအလုပ်တွေ မလုပ်ရရင်မနေနိုင်တာပေါ့။ အခုလည်း ကိုယ့်သားသမီးလိုဖြစ်နေတဲ့ ဂျူးဂျူးစံ ကရိုက်ခဲ့တဲ့ ဗီဒီယိုလေးတွေထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့ ကလေးလေးတွေကို ပျော်သွားအောင် အကောင်းဆုံးသရုပ်ဆောင်ပေးခဲ့တာပါ …အိမ်မှာကြောင် ၁၃ ကောင်၊ခွေး ၈ကောင်မွေးထားတယ် ခွေးချောခွေးလှတွေတော့မဟုတ်ဖူး လမ်းဘေးကလေးတွေကိုဆေးကုပြီးမွေးထားတာ သူတို့အတွက် ရှာရမယ် ” လို့ ပြောပြထားတာကို ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်။

သရုပ်ဆောင် ခင်စိုးပိုင် ရဲ့ခွေးလေးတွေ ကြောင်လေးတွေကို ချစ်တဲ့ စိတ်ဓာတ်ကတော့ အရမ်းကိုလေးစားစရာကောင်းပါတယ်နော်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ Cele Only မှ ဆုတောင်းပေးလိုက်ပါတယ်။

Source: Sunday Journal

ZawGyi Version

ေနမေကာင္းတဲ့ လမ္းေဘးေခြးေလးေတြကို ေဆးကုၿပီးေမြးထားတယ္ဆိုတဲ့ သ႐ုပ္ေဆာင္ ခင္စိုးပိုင္

ျမန္မာျပည္ရဲ႕ ႐ုပ္ရွင္အႏုပညာေလာကမွာ ဆယ္စုႏွစ္တစ္ခုထဲက ရပ္တည္ေနတဲ့ ဝါရင့္သ႐ုပ္ေဆာင္တစ္ဦးျဖစ္တဲ့ သ႐ုပ္ေဆာင္ ခင္စိုးပိုင္ ကိုေတာ့ ပရိသတ္တိုင္းသိလိမ့္မယ္ထင္ပါတယ္။ သူမဟာငယ္စဥ္ကတည္းက ဇာတ္ကားေပါင္းမ်ားစြာမွာ ပါဝင္သ႐ုပ္ေဆာင္ခဲ့ၿပီး အသက္အ႐ြယ္ႀကီးျမင့္လာတဲ့အခ်ိန္မွာလဲ ဆက္လက္သ႐ုပ္ေဆာင္ေနရဆဲပါပဲေနာ္။ လက္ရွိမွာ ႏိုင္ငံ‌ေရးအေျခအေနေတြနဲ႔ ကပ္ေရာဂါေၾကာင့္ အႏုပညာလႈပ္ရွားမႈ႕ေတြ မရွိေတာ့ေပမယ့္ သူမရဲ႕သားသမီးေတြရဲ႕ ေထာက္ပံ့မႈ႕ေတြေၾကာင့္ အတန္သင့္အဆင္ေျပေပမယ့္ သူမေမြးထားတဲ့ေခြးေလးေတြ ေၾကာင္ေလးေတြအတြက္ အလုပ္ေတြလက္ခံျဖစ္ခဲ့တယ္လို႔ မီဒီယာတစ္ခုရဲ႕ အင္တာဗ်ဴးတစ္ခုမွာ ေျဖၾကားသြားခဲ့ပါတယ္။

သ႐ုပ္ေဆာင္ ခင္စိုးပိုင္ ဟာ တိခ်စ္သူတစ္ဦးျဖစ္ၿပီး လမ္းေဘးမွာ ဒုကၡေရာက္ေနတဲ့ ေခြးေလးေတြ၊ေၾကာင္ေလးေတြကို ကူညီကယ္ဆယ္၍ ေဆးကုသေပးေနပါတယ္။ သူမက သားသမီးအေထာက္အပံ့နဲ႔ ေနႏိုင္စားႏိုင္ေပမယ့္ တိေလးအတြက္ လာအပ္တဲ့အလုပ္ေလးေတြကို လက္ခံေနရတယ္ဆိုတဲ့အေၾကာင္းကို ” သားသမီးေတြကေတာ့ အားမငယ္နဲ႔ ဇာတ္ကားမ႐ိုက္ရလည္းဘာမွမျဖစ္ဘူးဆိုၿပီး အားေပးေပမဲ့ ကိုယ္တိုင္က အႏုပညာအလုပ္ေတြ မလုပ္ရရင္မေနႏိုင္တာေပါ့။ အခုလည္း ကိုယ့္သားသမီးလိုျဖစ္ေနတဲ့ ဂ်ဴးဂ်ဴးစံ က႐ိုက္ခဲ့တဲ့ ဗီဒီယိုေလးေတြထဲမွာ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ကေလးေလးေတြကို ေပ်ာ္သြားေအာင္ အေကာင္းဆုံးသ႐ုပ္ေဆာင္ေပးခဲ့တာပါ …အိမ္မွာေၾကာင္ ၁၃ ေကာင္၊ေခြး ၈ေကာင္ေမြးထားတယ္ ေခြးေခ်ာေခြးလွေတြေတာ့မဟုတ္ဖူး လမ္းေဘးကေလးေတြကိုေဆးကုၿပီးေမြးထားတာ သူတို႔အတြက္ ရွာရမယ္ ” လို႔ ေျပာျပထားတာကို ျပန္လည္မွ်ေဝတင္ဆက္ေပးလိုက္ပါတယ္။

သ႐ုပ္ေဆာင္ ခင္စိုးပိုင္ ရဲ႕ေခြးေလးေတြ ေၾကာင္ေလးေတြကို ခ်စ္တဲ့ စိတ္ဓာတ္ကေတာ့ အရမ္းကိုေလးစားစရာေကာင္းပါတယ္ေနာ္။ အဆုံးထိဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္၊သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ ေန႔ရက္တိုင္းကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ Cele Only မွ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Sunday Journal

Latest Posts

Don't Miss