Sunday, November 27, 2022

Latest Posts

နေကောင်းကျန်းမာတဲ့အကြောင်းကို မိသားစုဓာတ်ပုံလေးတင်ပြီး အသိပေးလိုက်တဲ့ ဒါရိုက်တာ သည်ခေတ်နေ

Unicode Version

ပရိသတ်ကြီး မြန်မာ့ရုပ်ရှင်လောကမှာ အောင်မြင်တဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ သည်ခေတ်နေ ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တိုင်း သိကြလိမ့်မယ်ထင်ပါတယ်နော်။ ရုပ်ရှင်ဇာတ်ကားတွေကို အကောင်းဆုံးဖန်တီးရိုက်ကူးနိုင်တဲ့ ဒါရိုက်တာ သည်ခေတ်နေ ဟာ MRTV-4 မှာထုတ်လွှင့်ပြသခဲ့တဲ့ နာမည်ကြီးဇာတ်လမ်းတွဲတစ်ခုဖြစ်တဲ့ ” မနေ့ကဖြစ်သည်” ဇာတ်လမ်းတွဲကို ရိုက်ကူးခဲ့သူလဲ ဖြစ်ပါတယ်။ သူဟာ လက်ရှိမှာ ပုဒ်မ ၅၀၅ က နဲ့တရားစွဲဆိုခံထားရတာကြောင့် ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို မိသားစုနဲ့အတူ တိမ်းရှောင်နေရပါတယ်။ တောထဲမှာ နေကောင်းကျန်းမာတယ်ဆိုတဲ့ အကြောင်းကို အခုလိုပဲ မိသားစုပုံလေးနဲ့ အသိပေးလိုက်ပါတယ်။

ဒါရိုက်တာ သည်ခေတ်နေ ဟာ တိမ်းရှောင်နေတဲ့နေရာမှာ မိသားစုနဲ့အတူ နေထိုင်နေတာပဲ ဖြစ်ပါတယ်။ မကြာခဏဓာတ်ပုံလေးတွေ တင်ပေးနေကျဖြစ်တဲ့ သည်ခေတ်နေ ကတော့ ဒီကနေ့မှာ မိသားစုဓာတ်ပုံလေးနဲ့အတူ ” ပျော်ရာနိဗ္ဗာန် … ကျွန်တော်တို့တစ်ယောက်ချင်းစီရဲ့ ကျရာအခန်းဟာ… ပီပြင်ရုံလေးပါပဲ။ ပေးဆပ်တယ်လို့ မယူဆပါဘူး။ အားလုံးလိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ဆိုတဲ့ လိုချင်တဲ့ ရယူမှုလေးတစ်ခုပဲ ရှိတယ်။ ပျော်ရာနိဗ္ဗာန်ပါခင်ဗျား ” လို့ စာသားလေးကို ရေးသားထားတာကို တွေ့ရပါတယ်။ ဒါရိုက်တာ သည်ခေတ်နေ တို့ရဲ့ မိသားစုဓာတ်ပုံလေးကို ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေတင်ဆက်ပေးလိုက်ပါတယ်‌နော်။

Cele Only ပရိသတ်ကြီးရေ တောတွင်းတစ်နေရာမှာ မိသားစုနဲ့အတူ ဘေးကင်းတဲ့ဓာတ်ပုံလေးတွေကို ကြည့်ရှု့လိုက်ရလို့ ကျေနပ်နှစ်သိမ့်နိုင်ကြမယ်ထင်ပါတယ်။ အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်၊သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

ZawGyi Version

ေနေကာင္းက်န္းမာတဲ့အေၾကာင္းကို မိသားစုဓာတ္ပုံေလးတင္ၿပီး အသိေပးလိုက္တဲ့ ဒါ႐ိုက္တာ သည္ေခတ္ေန

ပရိသတ္ႀကီး ျမန္မာ့႐ုပ္ရွင္ေလာကမွာ ေအာင္ျမင္တဲ့ ဒါ႐ိုက္တာတစ္ဦးျဖစ္တဲ့ သည္ေခတ္ေန ကိုေတာ့ ႐ုပ္ရွင္ခ်စ္ပရိသတ္တိုင္း သိၾကလိမ့္မယ္ထင္ပါတယ္ေနာ္။ ႐ုပ္ရွင္ဇာတ္ကားေတြကို အေကာင္းဆုံးဖန္တီး႐ိုက္ကူးႏိုင္တဲ့ ဒါ႐ိုက္တာ သည္ေခတ္ေန ဟာ MRTV-4 မွာထုတ္လႊင့္ျပသခဲ့တဲ့ နာမည္ႀကီးဇာတ္လမ္းတြဲတစ္ခုျဖစ္တဲ့ ” မေန႔ကျဖစ္သည္” ဇာတ္လမ္းတြဲကို ႐ိုက္ကူးခဲ့သူလဲ ျဖစ္ပါတယ္။ သူဟာ လက္ရွိမွာ ပုဒ္မ ၅၀၅ က နဲ႔တရားစြဲဆိုခံထားရတာေၾကာင့္ ခက္ခဲၾကမ္းတမ္းတဲ့ လြတ္ေျမာက္နယ္ေျမကို မိသားစုနဲ႔အတူ တိမ္းေရွာင္ေနရပါတယ္။ ေတာထဲမွာ ေနေကာင္းက်န္းမာတယ္ဆိုတဲ့ အေၾကာင္းကို အခုလိုပဲ မိသားစုပုံေလးနဲ႔ အသိေပးလိုက္ပါတယ္။

ဒါ႐ိုက္တာ သည္ေခတ္ေန ဟာ တိမ္းေရွာင္ေနတဲ့ေနရာမွာ မိသားစုနဲ႔အတူ ေနထိုင္ေနတာပဲ ျဖစ္ပါတယ္။ မၾကာခဏဓာတ္ပုံေလးေတြ တင္ေပးေနက်ျဖစ္တဲ့ သည္ေခတ္ေန ကေတာ့ ဒီကေန႔မွာ မိသားစုဓာတ္ပုံေလးနဲ႔အတူ ” ေပ်ာ္ရာနိဗၺာန္ … ကြၽန္ေတာ္တို႔တစ္ေယာက္ခ်င္းစီရဲ႕ က်ရာအခန္းဟာ… ပီျပင္႐ုံေလးပါပဲ။ ေပးဆပ္တယ္လို႔ မယူဆပါဘူး။ အားလုံးလိုခ်င္တဲ့ ဖက္ဒရယ္ဒီမိုကေရစီ ဆိုတဲ့ လိုခ်င္တဲ့ ရယူမႈေလးတစ္ခုပဲ ရွိတယ္။ ေပ်ာ္ရာနိဗၺာန္ပါခင္ဗ်ား ” လို႔ စာသားေလးကို ေရးသားထားတာကို ေတြ႕ရပါတယ္။ ဒါ႐ိုက္တာ သည္ေခတ္ေန တို႔ရဲ႕ မိသားစုဓာတ္ပုံေလးကို ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝတင္ဆက္ေပးလိုက္ပါတယ္‌ေနာ္။

Cele Only ပရိသတ္ႀကီးေရ ေတာတြင္းတစ္ေနရာမွာ မိသားစုနဲ႔အတူ ေဘးကင္းတဲ့ဓာတ္ပုံေလးေတြကို ၾကည့္ရႈ႕လိုက္ရလို႔ ေက်နပ္ႏွစ္သိမ့္ႏိုင္ၾကမယ္ထင္ပါတယ္။ အဆုံးထိဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္၊သာယာေပ်ာ္႐ႊင္ဖြယ္ေကာင္းတဲ့ ေန႔ရက္တိုင္းကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Latest Posts

Don't Miss